Connect with us

Hi, what are you looking for?

သတင်း

တွန်းဇံမြို့နယ်အတွင်း စစ်​ကောင်စီလက်​အောက်ခံ ZRAတပ်များ စစ်ရေးလှုပ်ရှားမှုကြောင့် တိုက်ပွဲဖြစ်လာနိုင်ဟု CNA ပြော

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ခိုက်နေသည့် ဇိုမီးတပ်ဖွဲ့ (ZRA)က စစ်ရေးလှုပ်ရှားမှုများရှိနေ၍ တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

တွန်းဇံမြို့ရှိ နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ဧပြီ ၁၆၊၂၀၂၅။ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ခိုက်နေသည့် ဇိုမီးတပ်ဖွဲ့ (ZRA)က စစ်ရေးလှုပ်ရှားမှုများရှိနေ၍ တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ တွန်းဇံမြို့ကို CNAနှင့် ဒေသကာကွယ်ရေးတပ်(CDF)များ ပူးပေါင်းဖွဲ့ထားသည့် ချင်းပြည်ကောင်စီ(ချင်းပြည်အစိုးရတပ်ဖွဲ့)များက တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။

ယခု ဧပြီလဆန်းတွင် တွန်းဇံမြို့ရှိ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များကို တိုက်ခိုက်ခဲ့ရာ ဧပြီ ၃ရက်နှင့် ၄ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့နောက် ZRAတပ်များ ပြန်လည်ဆုတ်ခွာသွားသော်လည်း လက်ရှိတွင် ZRAက တွန်းဇံကို တိုက်ခိုက်ရန် စစ်ပြင်ဆင်မှုများ ရှိနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“မဏိပူရ်ဘက်က ZRA တွေ တက်လာတယ်လို့တော့ ကြားပါတယ်။ သူတို့ လှုပ်ရှားမှု အနေအ

ထား အရ တိုက်ပွဲကတော့ မလွှဲမရှောင်သာ ဖြစ်

လာမှာပါ”ဟု ဆလိုင်းထက်နီက ZRAနှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားလာနိုင်ခြေ အပေါ် ရှင်းပြသည်။

ZRAကို စစ်ကောင်စီက လက်နက်ခဲယမ်း၊ ဒရုန်း ဖြည့်တင်းတပ်ဆင်ပေးထားခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီက ယခင်က ပြောထားသည်။

ဧပြီလဆန်းတိုက်ပွဲတွင် အထိနာသည့် ZRAတပ်က တွန်းဇံမြို့နယ် နန်ဇံကျေးရွာကို မီးရှို့ခဲ့သည်ဟု CNF က အသိပေးထားပြီး ယင်းသို့ လုပ်ရပ်အပေါ် ZRAအနေဖြင့် တာဝန်ခံရမည်ဟု ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ZRA သည်စစ်​ကောင်စီ ကိုတိုက်ခိုက်ခြင်းမရှဘဲ စစ်တပ်နှင့်ပူး​ပေါင်း၍ ​တော်လှန်​ရေးအဖွဲ့များဖြစ်​သော CNF/CNA ၊ CDF စသည်တို့ကို တိုက်ခိုက်မှုများသာမကြာခဏပြုလုပ်​နေ​သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် တိုက်ပွဲမှာ စစ်တပ်နဲ့ လက်အောက်ခံ ဇိုမီးတပ်ဖွဲ့ ZRA တပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့ကြောင်း PDF ဇိုလဲန်း က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတယ်လို့ ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။