Connect with us

Hi, what are you looking for?

သတင်း

ကရင်နီမြေမှ KNDF အမျိုးသမီးရဲဘော်များရဲ့မန်း​တောင်ရိပ်ခို

မန္တလေးမြို့၏ ရင်နှစ်သည်းချာဖြစ်သော မြို့မငြိမ်း၏ မန်းတောင်ရိပ်ခ်ိုသီချင်းပါ စာသားနှင့်သံစဉ်အတိုင်း ချိုပြုံးရွှင်သော နှမပျိုလေးများကဖြူလွှလွှအင်္ကျီ၊ ပိတောက်ရောက်လုံချည်ကိုယ်စီဖြင့် ဟန်ချက်ညီညီ ကနေကြသည်။

ယောနသံ/People’s Spring

မန္တလေးမြို့၏ ရင်နှစ်သည်းချာဖြစ်သော မြို့မငြိမ်း၏ မန်းတောင်ရိပ်ခ်ိုသီချင်းပါ စာသားနှင့်သံစဉ်အတိုင်း ချိုပြုံးရွှင်သော နှမပျိုလေးများကဖြူလွှလွှအင်္ကျီ၊ ပိတောက်ရောက်လုံချည်ကိုယ်စီဖြင့် ဟန်ချက်ညီညီ ကနေကြသည်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ် – KNDF အမျိုးသမီးရဲဘော်များက မန်းတောင်ရိပ်ခ်ိုသီချင်းဖြင့် သင်္ကြန်ယိမ်းကနေသည့် ရုပ်သံမှတ်တမ်းကို KNDF က သင်္ကြန်အတက်​​နေ့(ဧပြီ ၁၆ရက်)ညပိုင်းမှာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အားလုံးကြိုးစားတိုက်ယူနေသည့် အေးချမ်းသာယာပျော်ရွှင်သောအနာဂတ်ဘဝကို အမြန်ဆုံးရရှိနိုင်ပါစေကြောင်း KNDFက ဆုတောင်းပေးထားသည်။

တော်လှန်တိုက်ပွဲဝင်နေကြသော ရဲဘော်ရဲဘက်များ၊ ငလျင်ဘေးနှင့် အခြားအခက်အခဲ ဒုက္ခမျိုးစုံရင်ဆိုင်နေရသော တော်လှန်မိဘပြည်သူများ ဘဝအမောများ ခဏတာပြေပျောက်နိုင်ရန်KNDF အမျိုးသမီးရဲဘော်များမှ သင်္ကြန်မယ်လေးများအဖြစ် ကပြတင်ဆက်ထားခြင်းဟု ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“တော်လှန်ရေးမှာ စိတ်ဓာတ်ခိုင်မာ၍ သတ္တိရှိစွာပါဝင်ကြသော အမျိုးသမီးရဲဘော်များရဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်အကကိုကြည့်ရှုရင်း ဒီနှစ်သစ်မှာ မိဘပြည်သူများ၊ ရဲဘော်ရဲဘက်များ ရှေ့ဆက်ရန် စိတ်ခွန်အားများ ရရှိနိုင်ပါစေကြောင်း၊ အားလုံးကြိုးစားတိုက်ယူနေသော အေးချမ်းသာယာပျော်ရွှင်သော အနာဂတ်ဘဝကို အမြန်ဆုံး ရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်” KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန ထုတ်ပြန်သည်။

KNDF နှင့် ကရင်နီတပ်​ပေါင်းစုသည် လတ်တ​လောတွင် မိုးဗြဲမြို့ ၊​ဘောလခဲမြို့အပါအဝင် ကရင်နီပြည်၌ စစ်​ကောင်စီတပ်နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွား​နေသည်။

https://www.facebook.com/LuduNwayOo/videos/640671648881889

ရုပ်သံ-KNDF

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။