Connect with us

Hi, what are you looking for?

သတင်း

ကရင်နီမြေမှ KNDF အမျိုးသမီးရဲဘော်များရဲ့မန်း​တောင်ရိပ်ခို

မန္တလေးမြို့၏ ရင်နှစ်သည်းချာဖြစ်သော မြို့မငြိမ်း၏ မန်းတောင်ရိပ်ခ်ိုသီချင်းပါ စာသားနှင့်သံစဉ်အတိုင်း ချိုပြုံးရွှင်သော နှမပျိုလေးများကဖြူလွှလွှအင်္ကျီ၊ ပိတောက်ရောက်လုံချည်ကိုယ်စီဖြင့် ဟန်ချက်ညီညီ ကနေကြသည်။

ယောနသံ/People’s Spring

မန္တလေးမြို့၏ ရင်နှစ်သည်းချာဖြစ်သော မြို့မငြိမ်း၏ မန်းတောင်ရိပ်ခ်ိုသီချင်းပါ စာသားနှင့်သံစဉ်အတိုင်း ချိုပြုံးရွှင်သော နှမပျိုလေးများကဖြူလွှလွှအင်္ကျီ၊ ပိတောက်ရောက်လုံချည်ကိုယ်စီဖြင့် ဟန်ချက်ညီညီ ကနေကြသည်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ် – KNDF အမျိုးသမီးရဲဘော်များက မန်းတောင်ရိပ်ခ်ိုသီချင်းဖြင့် သင်္ကြန်ယိမ်းကနေသည့် ရုပ်သံမှတ်တမ်းကို KNDF က သင်္ကြန်အတက်​​နေ့(ဧပြီ ၁၆ရက်)ညပိုင်းမှာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အားလုံးကြိုးစားတိုက်ယူနေသည့် အေးချမ်းသာယာပျော်ရွှင်သောအနာဂတ်ဘဝကို အမြန်ဆုံးရရှိနိုင်ပါစေကြောင်း KNDFက ဆုတောင်းပေးထားသည်။

တော်လှန်တိုက်ပွဲဝင်နေကြသော ရဲဘော်ရဲဘက်များ၊ ငလျင်ဘေးနှင့် အခြားအခက်အခဲ ဒုက္ခမျိုးစုံရင်ဆိုင်နေရသော တော်လှန်မိဘပြည်သူများ ဘဝအမောများ ခဏတာပြေပျောက်နိုင်ရန်KNDF အမျိုးသမီးရဲဘော်များမှ သင်္ကြန်မယ်လေးများအဖြစ် ကပြတင်ဆက်ထားခြင်းဟု ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“တော်လှန်ရေးမှာ စိတ်ဓာတ်ခိုင်မာ၍ သတ္တိရှိစွာပါဝင်ကြသော အမျိုးသမီးရဲဘော်များရဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်အကကိုကြည့်ရှုရင်း ဒီနှစ်သစ်မှာ မိဘပြည်သူများ၊ ရဲဘော်ရဲဘက်များ ရှေ့ဆက်ရန် စိတ်ခွန်အားများ ရရှိနိုင်ပါစေကြောင်း၊ အားလုံးကြိုးစားတိုက်ယူနေသော အေးချမ်းသာယာပျော်ရွှင်သော အနာဂတ်ဘဝကို အမြန်ဆုံး ရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်” KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန ထုတ်ပြန်သည်။

KNDF နှင့် ကရင်နီတပ်​ပေါင်းစုသည် လတ်တ​လောတွင် မိုးဗြဲမြို့ ၊​ဘောလခဲမြို့အပါအဝင် ကရင်နီပြည်၌ စစ်​ကောင်စီတပ်နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွား​နေသည်။

ရုပ်သံ-KNDF

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကယန်းဒေသရှိ မြင်းမထိတောင်၌ သတ္တုတူးဖော်မှုရပ်ဆိုင်းရေးတောင်းဆိုသည့် ပရာဒေါင်းဆွေမျိုးစုဥက္ကဌ ကိုအောင်နိုင်စိုး ၊ နာယကဦးဘမောင်နှင့် လူငယ်အတွင်းရေးမှူးကိုမင်းနိုင်တို့ကို ကယန်းပြည်သစ်ပါတီက ဖမ်းဆီးသွားသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာမှ စစ်ရာဇဝတ်မှုဖြစ်ရပ်ကို သက်သေအဖြစ် သိမ်းဆည်းထားပြီး ကျူးလွန်သူများကို ပြင်းထန်စွာအရေးယူနိုင်ရေးပူးပေါင်းဆောင်ရွက်မည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(မေ ၁၃ ရက်) ထုတ်ပြန်သည်။

သတင်း

စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရှေ့တန်းပို့ခံရသော စစ်ကောင်စီတပ်သားသစ် နှစ်ဦးအလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဧပြီ ၂၃ ရက်)တွင် ထုတ်ပြန်သည်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဗျူဟာအမှတ် (၉)ဖွဲ့စည်းခြင်းနှင့် စစ်သင်တန်းဆင်းပွဲကျင်းပကြောင်းက ယနေ့(ဧပြီ ၁၉ရက်) ထုတ်ပြန်သည်။