Connect with us

Hi, what are you looking for?

သတင်း

နှစ်ဆန်းတစ်ရက်နေ့တွင် ပြည်သူများ ဘေးဘယာကင်းဝေးပါစေဟု စစ်ခေါင်းဆောင်ပြောပြီး နာရီပိုင်းအတွင်း မိုးကုတ်မြို့ကို ဗုံးကြဲတိုက်ခိုက်

ယနေ့ (ဧပြီ ၁၇ရက်) မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက် ၁၀နာရီခန့်တွင် စစ်ကောင်စီက မိုးကုတ်မြို့တစ်နေရာကို လေလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၄ နိုဝင်ဘာ ၁၁ ရက်က မိုးကုတ်မြို့ကို စစ်ကောင်စီလေတပ် ဗုံးကြဲအပြီး ပျက်စီးသွားသည့် နေအိမ်များကို တွေ့ရစဉ်။ဓာတ်ပုံ - CJ

ဧပြီ ၁၇၊၂၀၂၅။အိမ်သွင်/People’s Spring

ယနေ့ (ဧပြီ ၁၇ရက်) မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက် ၁၀နာရီခန့်တွင် စစ်ကောင်စီက မိုးကုတ်မြို့တစ်နေရာကို လေလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

” ကြဲသွားပြီဗျာ။ ဒီလိုနေ့ကြီး။ လူတွေ ဘုရားသွား ကျောင်းတက်နေတာကို ကြဲတာဗျာ”ဟု မြို့ခံတစ်ဦးကပြောသည်။

မိုးကုတ်မြို့အရှေ့ပိုင်း မစိုးရိမ်တိုက်ကျောင်းအနီးနေရာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဟု ဒေသခံများက ပြောသော်လည်း အသေးစိတ်မသိရသေးပေ။

Public Service Announcement

Public Service Announcement

ယခုသတင်းရေးသားနေချိန် နံနက် ၁၁နာရီတွင် နောက်ထပ် ဂျက်ဖိုက်တာတစ်စီး မိုးကုတ်မြို့ပေါ်၌ ပျံသန်းနေ၍ မြို့ခံများက စိုးရိမ်နေကြသည်။

” မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်ကို ကူးပြောင်းရောက်ရှိလာတဲ့ ဒီနေ့လို မင်္ဂလာရှိလှတဲ့ မြန်မာနှစ်သစ်ကူးအခါသမယမှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စု ဖွားတိုင်းရင်းသား မိဘပြည်သူအားလုံးအပါအဝင် ကမ္ဘာတစ်ဝန်းလုံး မှာရှိကြတဲ့ ကမ္ဘာသူကမ္ဘာသားများအားလုံး ဘေးဘယာများကင်းဝေး ပြီး စိတ္တသုခ၊ ကာယသုခတို့ဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်”ဟု စစ်ကောင်စီခေါင်းဆောင်က ဝါဒဖြန့်မီဒီယာများမှတဆင့် ယနေ့နံနက်ပိုင်းက ပြောဆိုပြီးနောက် ဗုံးကြဲခြင်းဖြစ်သည်။

စစ်ကောင်စီသည် သင်္ကြန်ပွဲတော်ရက်အတွင်းကလည်း စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းတို့မှ ၁၅မြို့နယ်ထက်မနည်းကို လေကြောင်းမှ ဗုံးပတ်ကြဲခဲ့သည်။

မိုးကုတ်မြို့ကို တအာင်းတပ်မတော်(TNLA)၊ PDFနှင့် မိုးကုတ်ဗျူဟာက ပြီးခဲ့သည့် ၂၀၂၄ ဇူလိုင် ၂၄ရက်တွင် သိမ်းယူခဲ့ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် TNLAတို့က မြို့နယ်အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေသည်။စစ်ကောင်စီသည် ဧပြီလ ၅ရက်ကလည်း မိုးကုတ်မြို့အနောက်ပိုင်း ပင့်ကူတောင်ပတ်ဝန်းကျင်ကို ဂျက်ဖိုက်တာ ဖြင့် ဗုံးကြဲခဲ့သည်။

ဧပြီ ၁၅ရက် မဟာသကြႅန်အကြတ်နေ့ ကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီစံပြကျေးရွာရှိ ရာမညနိကာယမဟာဝိဟာရ ဘုန်းကြီးကျောင်းနှင့် အနီးတစ်ဝိုက်နေအိမ်များအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အနီးအနားရှိအခြားကျေးရွာများလည်း လေယာဥ်ဖြင့် အဆက်မပြတ်တိုက်ခိုက်ခဲ့ရာ သုံးနှစ်သားအရွယ်ကလေး (၂)ဦးနှင့် သက်ကြီးရွယ်အိုအပါအဝင် အရပ်သား (၆)ဦး သေဆုံးခဲ့ပြီး၊ အရပ်သား (၆) ဦးနှင့် သံဃာတော် (၉) ပါးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook