Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီကလားရှိုးကို ဝင်လာပြီးနောက် မိုးကုတ်မြို့ကို လေကြောင်းမှ ခြိမ်းခြောက်

တရုတ်အစိုးရ၏အကူအညီနှင့်အတူ စစ်ကောင်စီက လားရှိုးမြို့ထဲသို့ပြန်ဝင်လာသည့် ဧပြီ ၁၈ ရက်​နေ့တွင် မိုးကုတ်မြို့အား စစ်ကောင်စီတပ်က ညပိုင်းအထိ Y12ဗုံးကြဲ‌လေယာဉ်ဖြင့် ပတ်ပျံပြီး ကင်းထောက်နေသည်။

စစ်​ကောင်စီ၏ Y-12 ​လေယာဥ် ၁ စီးက ၂၀၂၄ ​ဖေ​ဖော်ဝါရီလတွင် ​နောင်ချိုမြို့နယ်သို့ ဗုံးကြဲတိုက်ခိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-TNLA

ဧပြီ-၁၈။၂၀၂၅။ခွာညို/People’s Spring

တရုတ်အစိုးရ၏အကူအညီနှင့်အတူ စစ်ကောင်စီက လားရှိုးမြို့ထဲသို့ပြန်ဝင်လာသည့် ဧပြီ ၁၈ ရက်​နေ့တွင် မိုးကုတ်မြို့အား စစ်ကောင်စီတပ်က ညပိုင်းအထိ Y12ဗုံးကြဲ‌လေယာဉ်ဖြင့် ပတ်ပျံပြီး ကင်းထောက်နေသည်။

“တနေကုန်ပတ်ပျံနေတာ။ လားရှိုးကို သူတို့ ဝင်သွားတာက ပြဿနာ တော်တော်ကိုကြီးပါတယ်။ ရှမ်းမြောက်ရော မိုးကုတ်ကိုပါ စစ်ရေးခြိမ်းခြောက်မှုတွေ နေ့မဆိုင်းဘဲ လုပ်လာတဲ့သဘောပါ” ဟု မိုးကုတ်မြို့ခံတဦးကပြောသည်။

Y12ဗုံးကြဲ‌လေယာဉ်သည်ဧပြီ၁၈ရက်နံနက်ပိုင်းမှစ၍ ပတ်ပျံနေခဲ့ပြီးမိုးကုတ်မြို့နယ် ညောင်ပင်သာရွာကိုညနေ ၄နာရီ၅၀မိနစ်တွင် ဗုံးကြဲခဲ့သည်။ အဆိုပါတိုက်ခိုက်မှု၌ ဒေသခံနှစ်ဦးဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

လားရှိုးမြို့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဧပြီ ၁၈ ရက်​​နေ့ နံနက်ပိုင်း၌ လားရှိူး- သီပေါပြည်ထောင်စုလမ်းရှိ နောင်မွန်လမ်းပိုင်းမှတဆင့် ဝင်လာသလို ဌာနဆိုင်ရာဝန်ထမ်းအချို့ကိုလည်း ရဟတ်ယာဉ်ဖြင့်လည်း ပို့ဆောင်ခဲ့သည်။

လက်ရှိအခြေအနေများနှင့်ပတ်သက်၍ စစ်ကောင်စီကရော MNDAAကပါ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။MNDAA က ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားဖော်ဆောင်နေသည့်လားရှိုးမြို့အား စစ်ကောင်စီထံပြန်ပေးရန် တရုတ်က ဖိအားပေးခဲ့ပြီး ယခုအခါ စစ်ကောင်စီတပ်က ပြန်ဝင်လာခြင်းဖြစ်သည်။ လားရှိုးမြို့သို့ စစ်ကောင်စီပြန်ဝင်လာပါက မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထိန်းချုပ်ထားသည်မြို့နယ်များကို စစ်ရေးအရ ခြိမ်းခြောက်ခံရလာနိုင်ကြောင်း တော်လှန်ရေးအင်အားစုများနှင့်ဒေသခံများကသုံးသပ်ထားသည်။

မိုးကုတ်မြို့ကို TNLA၊ PDFနှင့် မိုးကုတ်ဗျူဟာက ပြီးခဲ့သည့် ၂၀၂၄ ဇူလိုင် ၂၄ရက်တွင် သိမ်းယူခဲ့ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် TNLAတို့က မြို့နယ်အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေသည်။မိုးကုတ်မြို့ကို မြန်မာနှစ်ဆန်း ၁ရက်​နေ့(ဧပြီ ၁၇)နံနက် ၁၀နာရီကလည်း စစ်ကောင်စီက လေကြောင်းမှဗုံးကြဲခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။