Connect with us

Hi, what are you looking for?

သတင်း

ကမာရွတ်ရဲစခန်းကို ပြောက်ကျားအဖွဲ့များ တိုက်ခိုက်

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame(OF) အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

ဧပြီ ၁၈၊၂၀၂၅။သတိုး/People’s Spring

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame(OF) အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

“ကမာရွတ် ရဲစခန်း ကင်း ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ လက်ပစ်၂လုံးပစ်ထည့်ခဲ့ပါတယ်။ ထိခိုက်မှုရှိနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို ဧပြီ ၁၈ရက် ည ၁၀နာရီခန့်တွင် Operation Flame နှင့် Yangon UG People Army – YUPA တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ညဆယ်နာရီလောက်ကတော့ ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်ရတယ်။ နေရာတော့သေချာမသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းစစ်ဆင်ရေးလုပ်ဆောင်သည့် ရဲဘော်အားလုံး ဘေးကင်းပြီဖြစ်ကြောင်း အထက်ပါတာဝန်ခံကပြောသည်။

OF အဖွဲ့အနေဖြင့် ဆက်လက်၍ ရန်ကုန်တော်လှန်ရေး မဟာမိတ်များဖြင့် ပူးပေါင်း၍ စစ်ကောင်စီကို အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။

Operation Flame အဖွဲ့သည် ဧပြီ ၁၁ ရက်ကလည်း ငလျင်ဘေးကြုံရသည့်ဒေသများအပါအဝင် ပြည်သူများကို လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီ၏ လေတပ် အိမ်ထောင်သည်လိုင်းခန်း ကင်းဂိတ်ကို လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်။

ထို့အပြင် ဧပြီ ၇ရက်ကလည်း မင်္ဂလာဒုံတပ်နယ်မှူးရုံး ၊ မတ်လ ၃ရက်ကလည်း ရွှေပြည်သာရဲစခန်း၊ ဖေဖော်ဝါရီ ၂၃ရက်က မှော်ဘီရဲတပ်ဖွဲ့မှူးရုံးနှင့် ဇန်နဝါရီ ၁၄ရက်ကလည်း ထောက်ကြန့်ရဲစခန်းတို့ကို တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ ထောက်ကြန့်မြို့နယ် အမှတ် ၃ လမ်းနှင့် အမှတ် ၇ လမ်းထောင့်ရှိ စစ်ကောင်စီ ဘန်ကာကို အဝေးထိန်းမိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame(OF)အဖွဲ့တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊လှည်းကူးမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၂၁၁) ခြေမြန်တပ်ရင်း (ခမရ-၂၁၁) ဂိတ်ကင်းစခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့မှတာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း The Blood Lineအဖွဲ့တာဝန်ခံ ရဲဘော်Ko Hmanက ပြောသည်။

သတင်း

ရန်ကုန်မြို့ ‌ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးကို မိနစ်ပိုင်းသာခြား၍ ပြင်းအားမြင့်လက်ပစ်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Armyမှ တာဝန်ရှိသူက လူထူနွေဦးသို့ ပြောသည်။