Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမြို့နယ် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ကလေးငယ်အပါအဝင် ပြည်သူလေးဦး သေဆုံး၊ ၁၀ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာအား စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ရာ ကလေးငယ်တစ်ဦး အပါအဝင်ပြည်သူလေးဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့တာဝန်ရှိသူက ပြောသည်။

မြင်းမူမြို့နယ် ကန်တော်ကျေးရွာအား စစ်ကောင်စီလေကြောင်းမှ ပစ်ခတ်မှုအတွင်း တွေ့ရသော ကျည်ခွံ။ ဓာတ်ပုံ − CJ

ဧပြီ ၂၀၊၂၀၂၅၊ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာအား စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ရာ ကလေးငယ်တစ်ဦး အပါအဝင်ပြည်သူလေးဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီသည် ဧပြီ ၁၉ ရက် နံနက် ၁၁နာရီခွဲခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“တိုက်ပွဲဖြစ်တာလဲမရှိဘူး၊ လေယာဥ်လာလာခြင်း တန်းပြီး ဗုံးကြဲ၊ရော့ကတ်နဲ့ပစ်တာဗျ”ဟု အထက်ပါတာဝန်ရှိသူက စစ်ကောင်စီ၏ လေကြောင်းမှ ပြည်သူများကို သတ်ဖြတ်ခဲ့သည့်ဖြစ်စဥ်ကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရမှုတွင် ပြည်သူလေးဦးသေဆုံး ပြီး ဒဏ်ရာရသူ ၁၀ဦးကျော်တွင်လည်း စိုးရိမ်ရသူများရှိကြောင်း အသိပေးသည်။

ဧပြီ ၉ ရက်ကလည်း မြင်းမူ​မြို့နယ် စံတင်ကင်းကျေးရွာအား စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၂)နှစ် အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည်။

ယခုလပိုင်းအတွင်း စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကလေးငယ်များနှင့်ဒါဇင်နှင့်ချီသော အရပ်သားပြည်သူများ သေဆုံးမှု များစွာရှိနေသည်။

ဧပြီ ၁၉ရက်နှင့် ၁၈ရက် နှစ်ရက်တည်းပင် သပိတ်ကျင်း၊စဥ့်ကူး၊တောင်သာနှင့် ကျောက်တော်မြို့နယ်များကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ပြည်သူ ၄၀ထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ပြင်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ စစ်တပ်က ၇ ဦးခန့် သေဆုံးကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်နဲ့ မြင်းမူမြို့နယ်စပ်ဒေသတွေကို စစ်တပ်က ပစ်မှတ်ထား ဗုံးကြဲနေပြီး မတ်လ ၂၂ရက် တစ်ရက်တည်းမှာ ဂျက်ဖိုက်တာအပြင် Gyrocopter(စက်တပ်လေထီး)နဲ့ပါ ဗုံးကြဲလို့ ကလေးငယ်နဲ့ အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံ ၁၁ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က ရွှေကျောင်းကန်ကျေးရွာကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၂ဦးအပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကထွက်လာတဲ့စစ်ကောင်စီရဲ့ကြေးနီတင်ယာဥ်တန်းတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုတွေရှိကြောင်း သတင်းရရှိပါတယ်။ ဒီဇ