Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့်​ မိုင် ၃၀၀​ကျော်ရှည်​သော မြေလွှာအက်ကွဲကြောင်းကြီး၏ အစိတ်အပိုင်းမှတ်တမ်းဓါတ်ပုံများ

စစ်ကိုင်းငလျင်ကြီး​ကြောင့်​​လမ်းမားရွေ့လျားသွားသည်ကို The Spirit of brotherhood mission က မှတ်တမ်းဓါတ်ပုံရိုက်ကူးထားမှု။ ဓါတ်ပုံ- TSBM

ဧပြီ-၂၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဖျက်အားပြင်စစ်ကိုင်းငလျင်ကြီးကြောင့်မန္တ​လေးတိုင်းမှ ပဲခူးတိုင်းဖြူးမြို့နယ်အထိ မိုင် ၃၀၀ ​ကျော်အက်ကွဲ​ကြောင်းများဖြစ်​ပေါ်ခဲ့ရာ ရမည်းသင်း၊ ပျော်ဘွယ်မြို့တို့တွင် ဖြစ်ခဲ့သည့် မြေလွှာအက်ကွဲကြောင်းမှတ်တမ်းဓာတ်ပုံများကို TSBM – The Spirit of Brotherhood Missionကယနေ့ထုတ်​ပြန်သည်။

ငလျင်ကြောင့်မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှ ပဲခူးတိုင်း ဖြူးမြို့နယ်အထိ ကီလိုမီတာ ၅၀၀ ကျော်(မိုင် ၃၀၀ ​ကျော်) ရှည်သည့်အက်ကွဲကြောင်းကြီးဖြစ်ခဲ့ပြီး အရပ်ဖက်အဖွဲ့ဖြစ်သည့် TSBMကအက်ကွဲကြောင်းတစ်လျှောက်မြေပြင်ကွင်းဆင်းပြီးမှတ်တမ်းရယူနေခြင်းဖြစ်သည်။

“ကျနော်တို့ အဖွဲ့အနေနဲ့ဒီအက်ကွဲကြောင်းကြီး အနောက် လိုက်ရင်း ပူပြင်းတဲ့ နွေရာသီကို အံတုပြီး … ကျနော်တို့ နိုင်ငံအတွက် သမိုင်းမှတ်တမ်းတစ်ခု အဖြစ်နဲ့ ကျန်ရစ်နိုင်အောင် ကြိုးစားပြီး မှတ်တမ်း ယူနေကြတာဖြစ်ပါတယ်။လက်ရှိတိုင်းပြည်ရဲ့ အခြေအနေတွေ ကြားမှာ … ကျနော်တို့ အနေနဲ့ အခုလို သွားလာပြီး မှတ်တမ်းရယူ နေရတာလဲကျနော့်တို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု အနေနဲ့ ရှိနေပါတယ်”​ဟုTSBM အဖွဲ့က​အသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

ဧပြီ၂၄ရက်​နေ့ ထုတ်ပြန်မှုသည် မန္တလေးတိုင်းမှရမည်းသင်း၊ ရွှေဒါး၊ ပျော်ဘွယ် မြို့များကိုဖြတ်သွားသည့်အက်ကွဲကြောင်းများအားဖော်ပြထားသည်။

အဆိုပါငလျင်တွေကြောင့် ဖြစ်ပေါ်သည့် မြေပြင်အက်ကြောင်းသည်အရှည်၅၅၀ကီလိုမီတာ (၃၄၂) မိုင်)အထိ ရှိပြီးမှတ်တမ်းတင်နိုင်သမျှမြေပြင်အက်ကြောင်းများထဲတွင် အရှည်ဆုံးဟုအမေရိကန် အာကာသအေဂျင်စီ (NASA) ကထုတ်ပြန်ထားသည်။စစ်ကိုင်းပြတ်ရွေ့ကြောတလျှောက်တွင်မြေရွဲ့စောင်းမှုများလည်းရှိပြီးတချို့နေရာများတွင်၃ မီတာ(၁၀ ​ပေ​ကျော်) မှ ၆ မီတာကျော်အထိမြေရွဲ့စောင်းသွားသည်ဟု NASAကထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။