Connect with us

Hi, what are you looking for?

သတင်း

တွံတေးမြို့တွင် စစ်မှုထမ်းရန်လူစုဆောင်းသည့်အုပ်ချုပ်ရေးမှူး ဓားခုတ်ခံရပြီး သေဆုံး

စစ်ကောင်စီအတွက် စစ်မှုထမ်းရန် လူသစ်စုဆောင်းနေသည့် တွံတေးမြို့နယ် ဘုရားကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးဆေးသည် ဓားဖြင့်ခုတ်ခံရပြီး သေဆုံးသွားသည်။

ဧပြီ ၂၅၊၂၀၂၅။ဇော်ရမ်း/People’s Spring

စစ်ကောင်စီအတွက် စစ်မှုထမ်းရန် လူသစ်စုဆောင်းနေသည့် တွံတေးမြို့နယ် ဘုရားကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးဆေးသည် ဓားဖြင့်ခုတ်ခံရပြီး သေဆုံးသွားသည်။

ဦးဖိုးဆေးကို ဧပြီ ၂၃ရက်ညတွင် လူငယ်တစ်ဦးတည်းက ဓားဖြင့်ခုတ်ပြီး ထွက်ပြေးသွားခြင်းဖြစ်ကြောင်း တွံတေးမြို့ခံတစ်ဦးက ပြောသည်။

” စစ်မှုထမ်းစာရင်းပါနေတဲ့ လူငယ်တစ်ယောက်က တွယ်သွားတာတဲ့။ ပွဲချင်းပြီးသေဆုံးတာ မှန်တယ်။အလောင်းကောင်းမဲ့သူမရှိလို့ တော်တော်လေးကြာမှ စစ်တပ်ကဦးဆောင်ပြီးသယ်သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဦးဖိုးဆေးသည် စစ်ကောင်စီ၊ ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်းပြီး စစ်မှုထမ်းရန်လူသစ်စုဆောင်းခြင်း၊ ငွေတောင်းခံချင်း၊ တော်လှန်ရေးတွင် ပါဝင်သူများအား သတင်းပေးခြင်းလုပ်ဆောင်နေသောကြောင့် ပစ်မှတ်ထားရှင်းလင်းခံရခြင်းဟု ဒေသခံအချို့က ပြောသည်။

စစ်သားစုဆောင်းနေသည့်စစ်ကောင်စီအုပ်စုအား အရပ်သားပြည်သူများက ပြန်လည်တိုက်ခိုက်မှုများမကြာခဏဖြစ်ပွားနေသည်။ ပြီးခဲ့သည့် ဧပြီ ၁၁ရက်က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ သနွံသနောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သက်နိုင်ဆိုသူကို စစ်မှုထမ်းအခေါ်ခံရသည့်လူငယ်က ဓားဖြင့်ခုတ်ရာ သေဆုံးသွားခဲ့သည်။ ဖေဖော်ဝါရီ ၁၂ ရက်ကလည်း ရန်ကုန်မြို့ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်တွင် စစ်မှုထမ်းစာရင်းနှင့် အိမ်ထောင်စုစာရင်းလိုက်လံကောက်သည့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို အိမ်ရှင်က ဓာတ်ဆီဖြင့် ပက်၍ မီးရှို့တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်တွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး တစ်ဦးသေဆုံးခဲ့သည်။ဖေဖော်ဝါရီ ၁၅ ရက်ကလည်း မကွေးတိုင်း၊ အောင်လံမြို့နယ် မကျည်းကုန်းရပ်ကွက်တွင် လူငယ်တစ်ဦးအား စစ်မှုထမ်းရန်လာရောက်ခေါ်ဆောင်သည့် စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့အား အိမ်ရှင်မိသားစုဝင်က ဓားဖြင့်ခုတ်ရာ နှစ်ဦးသေဆုံးခဲ့သည်။

စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံရပြီး စစ်သင်တန်းဆင်းကာ ရှေ့တန်းပို့ဆောင်ခံရသောလူငယ်များအနေဖြင့် တော်လှန်ရေးအင်အားစုများထံ လက်နက်ချပူးပေါင်းကြရန် အမျိုးသားညီညွတ်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။