Connect with us

Hi, what are you looking for?

သတင်း

တောင်သာနယ်ကို စစ်တပ် လေကြောင်းတိုက်၊ ပြည်သူ ၁ဦးပြင်းထန်ဒဏ်ရာရပြီး နေအိမ် ၇လုံးပျက်စီး

မန္တလေးတိုင်း၊ တောင်သာမြို့နယ် မကျီးပင်တဲကျေးရွာကို ဒီနေ့ ညနေပိုင်းက စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၄‌ဦးခန့်ဒဏ်ရာရပြီး တစ်ဦးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မကျီးပင်တဲကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှုများကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဧပြီ ၂၅၊ ၂၀၂၅။ ရှိန်း/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ် မကျီးပင်တဲကျေးရွာကို ဒီနေ့ ညနေပိုင်းက စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၄‌ဦးခန့်ဒဏ်ရာရပြီး တစ်ဦးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၂၅ရက် ဒီနေ့ နေ့လည် ၃နာရီမှာ တံတားဦး လေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ကျေးရွာအတွင်းကို ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့တာလို့ သိပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းက နေအိမ် ၇လုံးပျက်စီးခဲ့ပြီး အသက် ၅၁နှစ်အရွယ် ဒေါ်နုနုထိခိုက်ဒဏ်ရာ ပြင်းထန်ရခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဘာမှမရှိဘူး။ ရွာထဲကို သပ်သပ်ကြဲသွားတာ။ သုံးခါတောင်ကြဲသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီလအတွင်းမှာ တောင်သာမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ရက်ကလည်း တောင်သာမြို့နယ် သံဘိုရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၅ဦးအထိ သေဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

နမ္မတူမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲပြင်းနေသည့် တနင်္သာရီ မောတောင်လမ်းတွင်လည်း လေယာဉ်ဖြင့် ဗုံးသီးများကြဲချ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်‌ ရှောက်ပင်ရိုးကျေးရွာကို စစ်တပ်က လေကြောင်းကနေ မနေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၆ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။