Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားရှိမပခ က ဝိုင်း​မော်မြို့ဘက်သို့လက်နက်ကြီးများဖြင့်ပစ်ခတ်​နေ

ဖားကန့်တွင် အင်အားဖြည့်ရန်လာ​သောစစ်​ကြောင်းအထိနာ၍ ​နောက်ပြန်ဆုတ်

မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)တွင် ၂၀၂၃ ​ဖေ​ဖော်ဝါရီလက တိုင်းမှူးဒိုင်း​သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်စဥ်။ ဓါတ်ပုံ-CINCDS

ဧပြီ-၂၅၊၂၀၂၅။ယောနသံ/People’s Spring

KIA နှင့် မဟာမိတ်များကဗန်းမော်မြို့သိမ်းတိုက်ပွဲပြန်လည်ထိုးစစ်ဆင်ရာ အထိနာနေသည့် စစ်ကောင်စီတပ်က ယနေ့(ဧပြီ ၂၅ ) ညနေပိုင်းမှစ၍ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)မှနေ၍ ဝိုင်းမော်မြို့ဘက်သို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ​ဒေသခံများက​ပြောသည်။

“ဝိုင်းမော်မှာက စစ်ရေးလှုပ်ရှားမှုလုံးဝမရှိဘူး။ ဗန်းမော်မှာ အခြေအနေမကောင်းလို့ မပခကနေ ရမ်းသမ်းပြီးပစ်နေတာ။လမြန်ရွာဘက်ကို အများဆုံးကျတယ်” ဟု ဝိုင်းမော်မြို့ခံတဦးကပြောသည်။

မြစ်ကြီးနားမြို့ နှင့် ဝိုင်းမော်မြို့သည် ဧရာဝတီမြစ်ခြားလျှက် ၄ မိုင်ခန့်သာ ဝေးသည်။ ဧပြီ ၂၅ ညပိုင်းတွင် လက်နက်ကြီးပစ်ခတ်သံများ ဆူညံစွာကြားနေရကြောင်းမြစ်ကြီးနားမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီပစ်မှတ်ထားတိုက်ခိုက်နေသည့်လမြန်ရွာသည် KIAထိန်းချုပ်ထားသည့်နေရာဖြစ်သည်။ ဝိုင်းမော်မြို့နယ်အတွင်းလမြန်ရွာအပါအဝင် KIAနှင့် KPDFများ ထိန်းချုပ်ထားသည့်ရွာများကို ပြီးခဲ့သည့်မတ်လမှစတင်၍ စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲပြီး လက်နက်ကြီးပစ်ခတ်မှုများမကြာခဏပြုလုပ်ခဲ့သည်။ထိုအပြင်ဝိုင်းမော်မြို့ရှိ အမှတ် (၅၈) ​ခြေလျင်တပ်ရင်း (ခလရ-၅၈)မှလည်း လက်နက်ကြီးများပစ်ခတ်နေကြောင်း သတင်းရရှိသည်။

“ပေါက်ကွဲသံတွေပိုပြီးဆူညံလာတယ်”ဟုမြစ်ကြီးနားမြို့ခံတစ်ဦးကဧပြီ ၂၅ ရက်ည ၁၁နာရီတွင် ပြောသည်။

လက်နက်ကြီးဖြင့်ပစ်ခတ်မှု​ကြောင့်​ဒေသခံအချို့ ဒဏ်ရာရရှိခဲ့​ကြောင်း​လည်း​ဒေသတွင်းသတင်းဌာနအချို့က​ဖော်ပြသည်။သို့​သော် People’s Spring က သီးခြားအတည်ပြုနိုင်ခြင်းမရှိ​သေးပါ။

​စစ်ကိုင်းငလျင်ကြီး​ကြောင့်ရှာ​ဖွေကယ်ဆယ်​ရေးနှင့် ပြန်လည်ထူ​​ထောင်​ရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် KIA က ဧပြီ ၂ ရက်မှ ၂၂ရက်အထိယာယီအပစ်ရပ်ခဲ့သည်။ထို​နောက် ဧပြီ ၂၅ ရင်မနက်အ​စောပိုင်းမှစ၍ KIA နှင့် ပူး​ပေါင်းတပ်များက

ဗန်းမော် မြို့ရှိ စကခ ၂၁ ၊ ခလရ ၇၅ အပါအဝင်ာစစ်တပ်လက်ကျန်ာစခန်းများ ၊တပ်ရင်းများကိုထိုးစစ်ဆင်ပြီး မြို့ကိုအပြီးသတ်သိမ်းပိုင်ရန် တိုက်ခိုက်ခဲ့ရာ စစ်တပ်စခန်းအချို့ကိုသိမ်းဆည်းနိုင်ခဲ့ပြီး စစ်တပ် အထိနာ​နေ​ကြောင်း သတင်းရရှိသည်။ အသေးစိတ် ကိုမူမသိရသေးပေ။

ထိုအပြင် ယခုရက်ပိုင်း၌ စစ်ကောင်စီသည် မြစ်ကြီးနား-မိုးကောင်း-ဖားကန့်လမ်း၊ အင်းတော်ကြီး -ကာမိုင်း -ဖားကန့်လမ်းပိုင်းတို့မှတဆင့် ဖားကန့်ကို အင်အားဖြည့်ရန် ကြိုးစားနေရာ အဆိုပါလမ်းပိုင်းနှစ်ခုစလုံး၌ တိုက်ပွဲများပြင်းထန်နေသည်။

“ဖားကန့်လမ်းကြောင်းတိုက်ပွဲမှာလည်း စစ်တပ်နောက်ကိုပြန်ဆုတ်နေရတယ်။ ဖားကန့်မှာတော့ အခြေအနေငြိမ်နေတုန်းပဲ။ ဒါပေမယ့် တိုက်ပွဲဖြစ်နေတဲ့နားကရွာတွေကတော့ ဘေးလွတ်ရာကိုရှောင်နေကြရတယ်” ဟု ဖားကန့်ဒေသခံတဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး