Connect with us

Hi, what are you looking for?

သတင်း

မဟာမိတ်များနှင့် နိုင်ငံရေး၊စစ်ရေးညှိနှိုင်းမှုအပါအဝင် မဟာဗျူဟာနည်းလမ်း ၆ခု NUG ဖော်ဆောင်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် ပြည်သူ့တော်လှန်ရေး၏မဟာဗျူဟာဦးတည်ချက် (၆)ချက် ရရှိနိုင်ရန် မဟာဗျူဟာ နည်းလမ်း (၆)ခုကိုသတ်မှတ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း NUGက ယနေ့ (ဧပြီ ၃၀ရက်)တွင် ထပ်မံ ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၀)၊ ပဲခူးခရိုင်တပ်ရင်း (၄)​၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနှင့်လက်နက်တပ်ဆင်ခြင်းကို ယခု ဧပြီလပိုင်းက ပြုလုပ်နေစဉ်။ဓာတ်ပုံ - MOD

ဧပြီ ၃၀၊၂၀၂၅။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် ပြည်သူ့တော်လှန်ရေး၏မဟာဗျူဟာဦးတည်ချက် (၆)ချက် ရရှိနိုင်ရန် မဟာဗျူဟာ နည်းလမ်း (၆)ခုကိုသတ်မှတ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း NUGက ယနေ့ (ဧပြီ ၃၀ရက်)တွင် ထပ်မံ ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၌ ဖော်ပြထားသည့် မဟာဗျူဟာ နည်းလမ်း (၆)ခု သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ထပ်မံ ထုတ်ပြန်လာခြင်းဖြစ်သည်။

ယင်းအချက်များမှာ နိုင်ငံရေးနည်းလမ်းအရ မဟာမိတ်များနှင့် နိုင်ငံရေး၊ စစ်ရေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူလူထု၏ စဉ်ဆက်မပြတ် ထောက်ခံပါဝင်မှုကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ နိုင်ငံခြားရေးနည်းလမ်းအရ မြန်မာပြည်သူများဆင်နွှလျက်ရှိသော တော်လှန်ရေးအပေါ် နိုင်ငံတကာ၏ သိရှိနားလည်မှုနှင့် အားပေးထောက်ခံမှုတိုးတက်ရရှိအောင် ဆောင်ရွက်ခြင်း၊ စစ်ရေးနည်းလမ်းအရ မိမိတပ်မတော်ကို Chain of Command & Code of Conduct ဟူသည့် CoC နှစ်ရပ်နှင့် တိုက်စွမ်းရည် အားကောင်းအောင် တည်ဆောက်လျက် ဗျူဟာမြောက် တိုက်ပွဲဝင်ခြင်းတို့ ပါဝင်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အုပ်ချုပ်ရေးနည်းလမ်းအရ ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို တရားဥပဒေနှင့်အညီ စီမံ ဆောင်ရွက်ခြင်း၊ Legality အခြေခံဖြင့်ပို၍ စနစ်ကျအောင် ထိန်းကျောင်းကြပ်မတ်ခြင်း နှင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးနည်းလမ်းအရ တော်လှန်ရေးအတွက်လိုအပ်သော ဘဏ္ဍာရန်ပုံငွေကိုစဉ် ဆက်မပြတ် ဖြည့်တင်းနိုင်ရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ ဘဏ္ဍာရန်ပုံငွေရလမ်းများ ကို ဖြတ်တောက်ရန် ဆောင်ရွက်ခြင်း၊ လူထုဆက်ဆံရေးနည်းလမ်းအရ ပြည်သူ့တော်လှန်ရေးဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ဆောင်ချက်များအပေါ် ပြည်သူလူထုနှင့် နိုင်ငံတကာက ကောင်းစွာ နားလည်သိရှိ နိုင်ရန်ဆောင်ရွက်ခြင်းတို့ အကောင်အထည်ဖော်နေသည်ဟု အသိပေးသည်။

အထက်ပါ မဟာဗျူဟာနည်းလမ်း(၆)ခုကို ဟန်ချက်ညီညီ အရှိန်မြှင့်တင် ဖော်ဆောင်ခြင်းဖြင့် ဒေသအလိုက် လွတ်မြောက်မှုမှသည် ပြည်ထောင်စုတစ်ခုလုံး လွတ်မြောက်သည်အထိ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUGက ထုတ်ပြန်သည်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကလည်း ဧပြီ ၂၉ရက်က နိုင်ငံတကာနှင့် ပြည်သူသို့ သတင်းစကားပါးသည့် အစီအစဉ်တွင် အထက်ပါအချက်ကို အလေးထား ပြောကြားခဲ့သည်။

“ကျနော်တို့အမျိုးသားညီညွတ်ရေးအစိုးရခုခံတော်လှန်ရေးဆင်နွှဲလာတာမှာ ၄နှစ်တာကာလနဲ့ ပက်သက်ပြီး ပြည်သူသို့အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်ဆိုတာပါဘဲ။ ကျနော်တို့အစိုးရအနေနဲ့ ပြည်သူ့တော်လှန်ရေး ဆင်နွှဲတဲ့ အခါမှာ မဟာဗျူဟာနည်းလမ်း ၆ခု သတ်မှတ်အကောင်အထည်ဖော်လျက်ရှိတယ်ဆိုတာ ပြည်သူလူထုကို အစီရင်ခံစာမှာ အသေးစိတ်ထည့်သွင်းတင်ပြပြီးဖြစ်ပါတယ်။ အဲဒါတွေကတော့ နိုင်ငံရေးနည်းလမ်း နိုင်ငံခြားရေးနည်းလမ်း စစ်ရေးနည်းလမ်း အုပ်ချုပ်ရေးနည်းလမ်း ဘဏ္ဍာရေးနည်းလမ်း နဲ့ လူထုဆက်ဆံရေးနည်းလမ်းတို့ပဲဖြစ်ပါတယ်”ဟု ဦးကျော်ဇောက ပြောသည်။

၂၀၂၄ စက်တင်ဘာကစပြီး ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာအခြေခံဥပဒေ Articles of Federal Transitional Arrangement AFTA ကို NUG၊ NUCCတို့ဖြင့် သာမက တိုင်းရင်းသားအဖွဲ့အစည်း၉ဖွဲ့တို့ ဖြင့် ပူးပေါင်း ပြီး ကြိုးစားဆောင်ရွက်လျက်ရှိဟုလည်း ၎င်းက ပြောသည်။

” စစ်ရေးကဏ္ဍမှာဆိုရင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့ ၃၅၀ကျော် ဖွဲ့စည်းတည်ထောင်ပြီးဖြစ်ပြီး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ အနေနဲ့လည်း မြို့နယ်ပေါင်း ၂၃၅ မြို့နယ်မှာ ဖွဲ့စည်းထားပြီးဖြစ်တယ်ဆိုတာလည်း အစီရင်ခံတင်ပြထားပါတယ်။ တော်လှန်ရေးကာလမှာ စိန်ခေါ်မှုတွေ အမြောက်အများရှိပေမယ့်လည်း တော်လှန်လူထုရဲ့ ပူးပေါင်းပါဝင်ထောက်ပံ့မှု မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ အတူတကွ ပူးတွဲဆောင်ရွက်မှု နဲ့ ဝန်းရံကူညီမှုတွေနဲ့ ရင်ဆိုင်ဖြေရှင်း ကျော်လွှား နေတယ် ဆို တာလည်း ပြောကြားချင်ပါတယ်”ဟု ဦးကျော်ဇောက ပြောသည်။

အရေးကြီးသည့် ဖြစ်ပေါ်တိုးတက်မှုများမှာ တူမီးလက်နက်နှင့် ခုခံတော်လှန်ခဲ့သည့် အနေအထားမှ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဖြစ်ပေါ်လာအောင် ဖွဲ့စည်းနိုင်ခဲ့ခြင်း၊ တော်လှန်ရေး စိုးမိုးထိန်းချုပ်နယ်မြေများ လွတ်မြောက်နယ်မြေများ ပေါ်ပေါက်လာခြင်း၊ ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွေ တည်ထောင်လည် ပတ်နိုင်ခြင်းစသည့် တော်လှန်ရေး၏ ရလာဒ် ၃ခု ပေါ်ထွက်လာပြီဖြစ်ကြောင်း ဦးကျော်ဇောက ပြောသည်။

“ဒေသအလိုက်လွတ်မြောက်မှုကနေ ပြည်ထောင်စုတခုလုံး လွတ်မြောက်တဲ့အထိ တစိုက်မတ်မတ် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမယ် ဆိုတာကို ၄နှစ်ပြည့် အစီရင်ခံတင်ပြမှုထဲကနေ ထုတ်နှုတ်တင်ပြလိုက်ပါတယ်”ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။