Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အမျိုးသမီး နှစ်ဦး အပါအဝင် လေးဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) မုန်းမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ သေဆုံးထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဧပြီ ၃၀ရက်) သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မုန်းမြို့နယ်ရှိ နေအိမ်ထိမှန် ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ − KNU

ဧပြီ ၃၀၊၂၀၂၅။သက်ဝေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) မုန်းမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ သေဆုံးထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဧပြီ ၃၀ရက်) သတင်းထုတ်ပြန်သည်။

ဧပြီ ၂၈ရက်က မုန်းမြို့နယ်၊ ရွာကြီးအင်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကညင်တိုင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အမျိုးသမီး ၂ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ဟု ဖော်ပြသည်။ ထို့ပြင် (၂)နှစ်ခန့်အရွယ် ကလေးငယ်အပါအဝင် ၂ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ယင်းနေ့၌ မုန်းမြို့နယ်ရှိ နိုကလော်၊ တောင်စုအရှေ့၊ တောင်စုအနောက်၊ နိုတောတာ၊ စီပေါပေါ်၊ တမာခေါ၊ ရန်မျိုးအောင်၊ နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ငနွားဆိပ်၊ အညာစု၊ ရေလဲကရင်ကျေးရွာများကို လေယာဉ်ဖြင့်လာရောက်ပစ်ခတ်ခဲ့ဟု KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်ပျက်စီးမှုများရှိခဲ့ဟု အသိပေးသည်။

စစ်ကောင်စီသည် ဧပြီ ၂၈ရက်တွင် ရွှေကျင်(ဆောထိ)မြို့နယ်ကိုလည်း လေကြောင်းပစ်ခတ်ခဲ့ရာ သရက်သမိန်ရွာဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့ဟု ဖော်ပြသည်။ စစ်ကောင်စီ လေတပ်မှ ကျုံချောင်း၊ လေးလမ်းဆုံ၊ ရှမ်းရွာ၊ ခြေတော်ရာ၊ ညောင်ခြေထောက် နှင့် သရက်သမိန် နေရာများသို့ လေကြောင်း၊ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် KNU ညောင်လေးပင်ခရိုင်ရှိ အရပ်သားများ နေထိုင်ရာနေရာများ အတွင်းသို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားကာ လေယာဥ်၊ လက်နက်ကြီးအမျိုးမျိုး ၊ဒရုန်းများဖြင့် နေ့စဥ်နေ့တိုင်းနီးပါ ပစ်ခတ်လျက်ရှိနေ၍ အရပ်သားပြည်သူများ စိုးရိမ်ကြောက်ရွံမှု များစွာဖြင့် အသက်ရှင် နေထိုင်နေကြရဟု KNUက ထုတ်ပြန်သည်။

KNU တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ်တွင်လည်း စစ်ကောင်စီက ဧပြီ ၂၄ရက် နေ့လည်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ခရွဲရွာအတွင်း လက်နက်ကြီးကျည်ကျကာ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့ဟု KNUက ထုတ်ပြန်သည်။

စစ်ကောင်စီသည် ငလျင်ဘေးကြောင့် အပစ်ရပ်မည်ဟုကြေညာထားသော်လည်း KNU နယ်မြေအပါအဝင် နိုင်ငံတဝန်း လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ စစ်ကောင်စီ၏ အပစ်ရပ်ကြေညာချက်သည် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းသည့် လုပ်ရပ်ဖြစ်ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ညောင်လေးပင်ခရိုင်၊ မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ သက်ကြီးရွယ်အို နှစ်ဦး သေဆုံးခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

သတင်း

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ခြင်းမရှိကြောင်း စစ်ကောင်စီက ​ဗြောင်ငြင်းဆိုပြီးလိမ်လည်ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက ယနေ့တရက်လည်း ဒီပဲယင်း၊မော်လူးနှင့်ချောင်းဦးမြို့တို့ လေကြောင်းတိုက်ခိုက်ခံမှု ပြည်သူ ၂၆ဦးသေဆုံး

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

Facebook