Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး မြို့ဧရိယာအများစုကို KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

ဗန်းမော်မြို့တိုက်ပွဲအတွင်း KIA ရဲဘော်တစ်ဦးက လက်နက်ဖြင့် ပစ်ခတ်နေသည့် ရုပ်သံဖိုင်မှ

မေ၁၊ ၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး မြို့ဧရိယာအများစုကို KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ဆင်နွှဲခဲ့သည့် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း KIA ပူးပေါင်းတပ်က စစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး တိုက်ပွဲ ၅လကြာမြင့်ပြီဖြစ်သည်။

ဧပြီ ၂၅ရက်တွင် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)အပါအဝင် လက်ကျန်တပ်စခန်းများအားလုံးကို KIA ပူးပေါင်းတပ်က ပြန်လည်၍ ထပ်မံထိုးစစ်ရှိန်မြှင့် တိုက်ခိုက်နေရာ စကခ(၂၁) ကာကင်းစခန်းများအပါအဝင် စစ်ကောင်စီ တပ်စွဲရာနေရာများကို ထပ်မံ သိမ်းပိုက်ထားပြီး တိုက်ပွဲပြင်းထန်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲ ပြင်းထန်နေတုန်းပါ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ယမန်နေ့ ညပိုင်း၌ ပြောပြထားပြီး အခြေအနေအသေးစိတ်ကို ပြောဆိုခြင်းမရှိပေ။

KIA သတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်မြို့တိုက်ပွဲ အောင်မြင်မှုများ ရရှိထားသော်လည်း ပြောရန် စောနေသေးဟု ပြောသည်။

“တောက်လျှောက်ဖြစ်နေဆဲပဲ”ဟု ၎င်းက ပြောသည်။

ထို့အပြင် ယနေ့ (မေလ ၁ရက်)နံနက်တွင် ဖားကန့်မြို့နယ် လဝါးကျေးရွာအနီး တိုက်ပွဲဖြစ်နေသည်ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

“လီဒိုလမ်းမကြီးနဘေး လဝါးရွာဘေးမှာ ကချင် ခရစ်ယာန်တို့ရဲ့ ဆုတောင်းတောင်မှာ မင်းဇေသန့်နဲ့ မင်းအောင်လှိုင်အဖွဲ့တွေက အရင်လက စစ်စခန်းသွားချထားတာ။အဲဒါကို KIA ဒီမနက်သွားတယ်လို့ သတင်းရတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် အပစ်ရပ်မည်ဟုကြေညာထားသော်လည်း လဝါးရွာသို့ ဧပြီလအတွင်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်က ကျေးရွာရှိနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့သည်။

ဗန်းမော်မြို့တိုက်ပွဲအပါအဝင် ကချင်ဒေသ စစ်ရေး အခြေအနေများနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

KIA သတင်းပြန်ပြန်ကြားရေးဌာန အနေနဖြင့် ဗန်းမော်မြို့၌ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အသိပေးဖော်ပြမှုရှိသော်လည်း စစ်ရေးအခြေအနေ အသေးစိတ်ကို ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တိုက်ပွဲများအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အထိနာသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေစဉ်ဒေသခံပြည်သူ၄၀၀ကျော်ခိုလှုံနေသည့်ဘုန်းကြီးကျောင်းကို စစ်ကောင်စီကယနေ့ (မေလ ၈ရက်)လေကြောင်းမှ ဗုံးကြဲသောကြောင့် စစ်ရှောင် ၁၅ဦးထက်မနည်းသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့​ကြောင်း ဗန်း​မော်မြို့တိုက်ပွဲသတင်းများ​ဖော်ပြ​ပေး​နေ​သော Banmaw Scout Team နှင့်​ဒေသခံအချို့က​ပြောသည်။

Facebook