Connect with us

Hi, what are you looking for?

သတင်း

ရှိမ်းမကားရဲစခန်းကစစ်​ကောင်စီတပ်​ က​လေးငယ်တွေအပါအဝင် ဒေသခံ၁၀ဦးထက်မနည်းကိုဖမ်းဆီထား

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ရှိမ်းမကားကျေးရွာရဲစခန်းမှာတပ်စွဲထားတဲ့ စစ်​ကောင်စီတပ်က ခရိုင်ချင်းဆက်လမ်းပေါ်ထွက်ပြီး ပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တာ​ကြောင့် ပြည်သူ ၂ နှစ်ဦးသေနတ်ထိမှန်ဒဏ်ရာရခဲ့ပြီး ၁၀ဦးထက်မနည်းဖမ်းဆီးခံထားရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

​မေ-၁၊၂၀၂၅။ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ရှိမ်းမကားကျေးရွာရဲစခန်းမှာတပ်စွဲထားတဲ့ စစ်​ကောင်စီတပ်က ခရိုင်ချင်းဆက်လမ်းပေါ်ထွက်ပြီး ပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တာ​ကြောင့် ပြည်သူ ၂ နှစ်ဦးသေနတ်ထိမှန်ဒဏ်ရာရခဲ့ပြီး ၁၀ဦးထက်မနည်းဖမ်းဆီးခံထားရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

ဧပြီလ၃၀ရက် ၊နေ့လည်၁၂နာရီ လောက်မှာ ရှိမ်းမကားကျေးရွာရဲစခန်းမှာတပ်စွဲထားတဲ့ စစ်သားနဲ့ရဲ​တွေက အနောက်ဘက်တစ်မိုင်‌​လောက်ကွာတဲ့ ခရိုင်ချင်းဆက်လမ်း(ဗျူဟာလမ်း)ပေါ်ကို ထွက်လာပြီး သွားလာ နေတဲ့ပြည်သူတွေကို သေနတ်ပစ်ဖမ်းဆီးခဲ့တာလို့သိရပါတယ်။

အသက်၁၀နှစ်အရွယ်ကလေး တွေအပါအဝင် ဖိုးဝင်းတပ်၊ရုံးပင်ကုန်း နဲ့ မင်းကုန်းလေး ကျေးရွာကပြည်သူ ၁၀ဦးထပ်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။အဲဒီကျေးရွာတွေဟာ ရှိမ်းမကားကျေးရွာရဲ့ အနောက်ဘက်က ကားလမ်းအနီးမှာရှိတာပါ။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လမ်းပေါ်သွားလာနေတဲ့အမျိုးသားနှစ်ဦးကိုလည်း သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တာ​ကြောင့် အမျိုးသားတဦးမှာဆီးခုံဒဏ်ရာရခဲ့သလို ၊ကျန် နတဦးဟာရင်ဘတ်ကျည်ထိမှန်ဒဏ်ရာ တွေနဲ့ထွက် ပြေးလွတ် မြောက်လာတယ်လို့သိရပါတယ်။

“တိုက်ပွဲတော့မရှိဘူး‌ဗျ။အလစ်အငိုက်ဝင်ဖမ်းတာ။ရိက္ခာပျက်လို့ဖမ်းပြီးပြန်လဲခိုင်းမယ်ထင်တယ်”လို့ဒေသခံတဦးကပြောပါတယ်။

​မေလ ၁ ရက်​​​​နေ့အထိဖမ်းဆီးခံရသူ တွေကိုပြန်လွှတ် ပေးခြင်းမရှိသေးဘဲ ရှိမ်းမကားရဲစခန်းထဲမှာပဲရှိနေသေးတယ်လို့သိရပါတယ်။

လက်ရှိမှာ ရှိမ်းမကားရွာရဲ့ တောင်ဘက်က ကျေးရွာတွေဘက်ကို စစ်တပ်ကလေ ကြောင်းတိုက်ခိုက်တာတွေရှိနေပြီး စစ်ကိုင်းမြို့နယ်ထဲမှာတော့ တိုက်ပွဲတချို့ရှိကာ နယ်မြေအခြေအနေ ရှုပ် ထွေးနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ၁၈ရက်နေ့ ကလည်းရှိမ်းမကားရဲစခန်းက စစ်ကောင်စီတပ် တွေက ဧရာဝတီမြစ်အတွင်းသွားလာ နေတဲ့ သံခွန် တစီးကို သေနတ်ပစ်ပြီး ခေါ်ဆောင်ရာမှာ သံခွန်ဘေးက မောင်းလာတဲ့ မော်တော်ကိုမှန်ပြီး အမျိုးသားတဦးသေဆုံးကာ တဦးထိခိုက်ဒဏ်ရာရခဲ့ပါ သေးတယ်။

စစ်​ကောင်စီတပ်ဟာ ပြည်သူ​တွေကိုဖမ်းဆီးပြီး ​ငွေညှစ်တက်သလို ၊ စစ်​ကြောင်းထိုးရင် လမ်းပြခိုင်းတာ ၊တိုက်ပွဲဖြစ်လာရင် လူသားဒိုင်းအဖြစ်အသုံးချ​​လေ့ရှိတယ်လို့ ​စစ်ကိုင်းတိုင်းက​ဒေသခံ​တွေက​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မြန်မာဖက်က ရွှေတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံဖက် စီးဝင်တဲ့ မြစ်တွေမှာ ရေထုညစ်ညမ်း အဆိပ်သင့်စေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ စီမံ ဆောင်ရွက်ပေးနိုင်မှု မရှိဘူးလို့ စစ်ကောင်စီက ပြောကြားခဲ့ကြောင်း ထိုင်းအစိုးရက ဆိုပါတယ်။

ဆောင်းပါး

မိတ္ထီလာဟာ စစ်တပ်က ခိုင်းနှိုင်းဖူးတဲ့ အစိမ်းရောင်လွင်ပြင်ဆိုတဲ့အတိုင်း စိမ်းသရဖူစိမ်းသူတို့ရဲ့ ဘူမိနက်သန်ဒေသပါ။ အာဏာသိမ်းစစ်တပ်ကလည်း အမာခံသူတို့ရဲ့နယ်​မြေလို့ အပိုင်တွက်ထားသလို ၊စစ်တပ် ထောက်ခံသူတွေလည်း အများအပြားရှိတယ်။ အာဏာရှင်စနစ် ဆန့်ကျင်သူတွေဟာ မိတ္ထီလာမှာအတော်လေးရုန်းကန်ရတယ်။ မကြာခဏလည်း ဖမ်းဆီးခံရတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တံတားညီနောင်ကျေးရွာ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့(မေလ ၁၈ရက်) တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၈)မှာ စစ်ကောင်စီကို ILOရဲ့ ပုဒ်မ ၃၃ အရ အရေးယူနိုင်ဖို့ နိုင်ငံတကာကို မဲပေးကြရန် တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

Facebook