Connect with us

Hi, what are you looking for?

သတင်း

ရှိမ်းမကားရဲစခန်းကစစ်​ကောင်စီတပ်​ က​လေးငယ်တွေအပါအဝင် ဒေသခံ၁၀ဦးထက်မနည်းကိုဖမ်းဆီထား

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ရှိမ်းမကားကျေးရွာရဲစခန်းမှာတပ်စွဲထားတဲ့ စစ်​ကောင်စီတပ်က ခရိုင်ချင်းဆက်လမ်းပေါ်ထွက်ပြီး ပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တာ​ကြောင့် ပြည်သူ ၂ နှစ်ဦးသေနတ်ထိမှန်ဒဏ်ရာရခဲ့ပြီး ၁၀ဦးထက်မနည်းဖမ်းဆီးခံထားရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

​မေ-၁၊၂၀၂၅။ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ရှိမ်းမကားကျေးရွာရဲစခန်းမှာတပ်စွဲထားတဲ့ စစ်​ကောင်စီတပ်က ခရိုင်ချင်းဆက်လမ်းပေါ်ထွက်ပြီး ပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တာ​ကြောင့် ပြည်သူ ၂ နှစ်ဦးသေနတ်ထိမှန်ဒဏ်ရာရခဲ့ပြီး ၁၀ဦးထက်မနည်းဖမ်းဆီးခံထားရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

ဧပြီလ၃၀ရက် ၊နေ့လည်၁၂နာရီ လောက်မှာ ရှိမ်းမကားကျေးရွာရဲစခန်းမှာတပ်စွဲထားတဲ့ စစ်သားနဲ့ရဲ​တွေက အနောက်ဘက်တစ်မိုင်‌​လောက်ကွာတဲ့ ခရိုင်ချင်းဆက်လမ်း(ဗျူဟာလမ်း)ပေါ်ကို ထွက်လာပြီး သွားလာ နေတဲ့ပြည်သူတွေကို သေနတ်ပစ်ဖမ်းဆီးခဲ့တာလို့သိရပါတယ်။

အသက်၁၀နှစ်အရွယ်ကလေး တွေအပါအဝင် ဖိုးဝင်းတပ်၊ရုံးပင်ကုန်း နဲ့ မင်းကုန်းလေး ကျေးရွာကပြည်သူ ၁၀ဦးထပ်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။အဲဒီကျေးရွာတွေဟာ ရှိမ်းမကားကျေးရွာရဲ့ အနောက်ဘက်က ကားလမ်းအနီးမှာရှိတာပါ။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လမ်းပေါ်သွားလာနေတဲ့အမျိုးသားနှစ်ဦးကိုလည်း သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တာ​ကြောင့် အမျိုးသားတဦးမှာဆီးခုံဒဏ်ရာရခဲ့သလို ၊ကျန် နတဦးဟာရင်ဘတ်ကျည်ထိမှန်ဒဏ်ရာ တွေနဲ့ထွက် ပြေးလွတ် မြောက်လာတယ်လို့သိရပါတယ်။

“တိုက်ပွဲတော့မရှိဘူး‌ဗျ။အလစ်အငိုက်ဝင်ဖမ်းတာ။ရိက္ခာပျက်လို့ဖမ်းပြီးပြန်လဲခိုင်းမယ်ထင်တယ်”လို့ဒေသခံတဦးကပြောပါတယ်။

​မေလ ၁ ရက်​​​​နေ့အထိဖမ်းဆီးခံရသူ တွေကိုပြန်လွှတ် ပေးခြင်းမရှိသေးဘဲ ရှိမ်းမကားရဲစခန်းထဲမှာပဲရှိနေသေးတယ်လို့သိရပါတယ်။

လက်ရှိမှာ ရှိမ်းမကားရွာရဲ့ တောင်ဘက်က ကျေးရွာတွေဘက်ကို စစ်တပ်ကလေ ကြောင်းတိုက်ခိုက်တာတွေရှိနေပြီး စစ်ကိုင်းမြို့နယ်ထဲမှာတော့ တိုက်ပွဲတချို့ရှိကာ နယ်မြေအခြေအနေ ရှုပ် ထွေးနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ၁၈ရက်နေ့ ကလည်းရှိမ်းမကားရဲစခန်းက စစ်ကောင်စီတပ် တွေက ဧရာဝတီမြစ်အတွင်းသွားလာ နေတဲ့ သံခွန် တစီးကို သေနတ်ပစ်ပြီး ခေါ်ဆောင်ရာမှာ သံခွန်ဘေးက မောင်းလာတဲ့ မော်တော်ကိုမှန်ပြီး အမျိုးသားတဦးသေဆုံးကာ တဦးထိခိုက်ဒဏ်ရာရခဲ့ပါ သေးတယ်။

စစ်​ကောင်စီတပ်ဟာ ပြည်သူ​တွေကိုဖမ်းဆီးပြီး ​ငွေညှစ်တက်သလို ၊ စစ်​ကြောင်းထိုးရင် လမ်းပြခိုင်းတာ ၊တိုက်ပွဲဖြစ်လာရင် လူသားဒိုင်းအဖြစ်အသုံးချ​​လေ့ရှိတယ်လို့ ​စစ်ကိုင်းတိုင်းက​ဒေသခံ​တွေက​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

နိုင်ငံတကာ

ကလေးမလေး တစ်ဦးရဲ့ ခေါင်းကို အသာအယာ ပုတ်ခဲ့တဲ့ အဖိုးအိုတစ်ဦး အကြမ်းနည်းနဲ့ ရန်လို တုံ့ပြန်ခံခဲ့ရတဲ့ ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးနေကြောင်း စင်ကာပူ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။