Connect with us

Hi, what are you looking for?

သတင်း

အပစ်ရပ် တစ်လ ထပ်မံသက်တမ်းတိုးကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ကြေညာ

ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တိုက်တာအဆောက်အအုံများ ရှင်းလင်းရေးနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် တစ်လ သက်တမ်းထပ်တိုးကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က မေလ ၁ရက်ညပိုင်းတွင် ထုတ်ပြန်ကြေညာသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − TNLA

မေ ၁၊၂၀၂၅။သက်ဝေ/People’s Spring

ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တိုက်တာအဆောက်အအုံများ ရှင်းလင်းရေးနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် တစ်လ သက်တမ်းထပ်တိုးကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က မေလ ၁ရက်ညပိုင်းတွင် ထုတ်ပြန်ကြေညာသည်။

မတ်လ ၂၈ရက် စစ်ကိုင်းငလျင်ကြီးလှုတ်ခတ်ခဲ့၍ ကိုးကန့်တပ်မတော်(MNDAA)၊တအာင်းတပ်မတော်(TNLA)၊ အာရက္ခတပ်တော်(AA) ညီနောင်မဟာမိတ် သုံးဖွဲ့က ဧပြီ တစ်လလုံးကို အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး ယခု နောက်ထပ်တလ ထပ်မံ သက်တမ်းတိုးလိုက်ခြင်းဖြစ်သည်။

အင်အားပြင်းငလျင်နှင့် ငလျင်ငယ်များ၏ နောက်ဆက်တွဲလှုပ်ခတ်မှုများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများအား ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်လတာ ကြာသည့်တိုင်အောင် ရှင်းလင်း ဖယ်ရှားရေးလုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိသေး၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်ရပ် ကာလကို ထပ်မံ သက်တမ်းတိုးခြင်းဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယခု ကြေညာချက် ထုတ်ပြန်ချိန်မှစ၍ ညီနောင်မဟာမိတ် (၃) ဖွဲနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင် မိမိကိုယ်မိမိ ခုခံကာကွယ်သော တုံပြန်မှု မျိုးမှလွဲ၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်း TNLA၊ MNDAAနှင့် AAတို့က ကြေညာခဲ့သည်။

ညီနောင်မဟာမိတ် သုံးဖွဲ့အပြင် တော်လှန်ရေးတပ်များက ငလျင်ဘေးကြောင့် အပစ်ရပ်ကြေညာသကဲ့သို့ စစ်ကောင်စီကလည်း ဧပြီ ၂ရက်မှ ၃၀ရက်အထိ အပစ်ရပ်စဲကြောင်း ကြေညာခဲ့သည်။ သို့သော် စစ်ကောင်စီက အပစ်ရပ်ကာလအတွင်း တအာင်းတပ်မတော်(TNLA)၊ အာရက္ခတပ်တော်(AA)နယ်မြေများအပါအဝင် နိုင်ငံတဝန်းကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် TNLAနှင့် စစ်ကောင်စီတို့သည် ရှမ်းမြောက် နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဆက်ဖြစ်နေသကဲ့သို့ စစ်ကောင်စီက အဆိပ်ဗုံး အသုံးပြုမှုအပါအဝင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ဟု TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။