Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် − ကာမိုင်းလမ်းပိုင်း နမ့်ယားရွာ၌ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နမ့်ယားကျေးရွာသို့ဝင်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲအလွန်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − AFP

မေ ၃၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နမ့်ယားကျေးရွာသို့ဝင်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲအလွန်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

“တိုက်ပွဲက မရပ်မနားဖြစ်နေတာဗျ။ စစ်တပ်က ရွာကို စီးဖို့်ကြိုးစားနေတာ။ ညနေပိုင်းမှာ သူတို့ကို KIA နဲ့ PDF တွေက ပိတ်ဆို့ထားတော့ လေကြောင်းလာပစ်တယ်”ဟု KIA စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ဖားကန့် − ကာမိုင်းလမ်းပိုင်းမှတဆင့် နမ့်ယားကျေးရွာကိုဦးတည်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား ဧပြီ၂၃ရက်ကတည်းက KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေသည်။

Public Service Announcement

Public Service Announcement

မေလ ၂ ရက်တွင် စစ်ကောင်စီတပ်က နမ့်ယားရွာအတွင်း ဝင်လာ၍ တိုက်ပွဲများ ပိုမိုပြင်းထန်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ နမ့်ယားကျေးရွာအနီး တစ်ပတ်ခန့်ကြာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၁၀၀ခန့်သေဆုံးပြီး လေကြောင်းပစ်ကူဖြင့် ရှေ့တိုးလာခြင်းဟု သတင်းရရှိသည်။

” ဒီနေ့တိုက်ပွဲလည်း စစ်တပ်ဘက်က ရှေ့တန်းစစ်ကြောင်းပြိုတယ်ကြားတယ်။အဓိကက ရှမ်းနီနဲ့ ပျူတွေ။ စစ်သင်တန်းဆင်းတွေ သေတာများတာ”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ယနေ့(မေလ ၃ရက်) ညနေ ၄နာရီခန့်တွင် စစ်ကောင်စီတပ်က နမ့်ယားကျေးရွာအတွင်း လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲခဲ့ကြောင်း သတင်းရရှိသည်။ ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်။

စစ်ကောင်စီတပ်သည် မိုးကောင်း-ကာမိုင်း-နမ့်ယား- လုံးခင်း-ဖားကန့်လမ်းနှင့် မြစ်ကြီးနား-နမ္မတီး-လက်ဝါး-တနိုင်း- ဖားကန့်လမ်းတို့မှတဆင့် အင်အားအများအပြားဖြင့် ဧပြီ၂၃ရက်ကတည်းက စစ်ကြောင်းထိုးနေပြီး ယင်းလမ်းပိုင်းနှစ်ခုရှိ မအူပင်၊ နမ့်ယားနှင့် လဝါးကျေးရွာတို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်။

နမ့်ယားကျေးရွာသည် ဖားကန့်မြို့မရောက်မီ ၁၂မိုင်ခန့်အကွာ၌ရှိသည်။ ရဲစခန်းကို ၂၀၂၄ တိုက်ပွဲများအတွင်း KIAက သိမ်းယူထားသည်။ စစ်ကောင်စီတပ်သည် မြေပြင်တွင် အထိနာနေသော်လည်း လေကြောင်းပစ်ကူဖြင့် ရှေ့တိုးလာနေသည်။

လက်ရှိတွင် ဖားကန့်မြို့အဝင်လမ်းပိုင်းများ၌ တိုက်ပွဲများပြင်းထန်နေပြီး ဖားကန့်ဒေသခံများအနေဖြင့်လည်း စစ်ရေးသတိပြုနေထိုင်ကြရန် ဖားကန့်ဒေသ စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်နေသူများက သတိပေးသည်။

ဖားကန့်မြို့ကို KIAက မထိန်းချုပ်နိုင်သေးသော်လည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်း အပြည့်အဝ လည်ပတ်ခြင်းမရှိတော့ပေ။ ဆိုင်းတောင်ကျေးရွာကို KIAက ထိန်းချုပ်ထားသည်။

စစ်ကောင်စီသည် အပစ်ရပ်စဲမည်ဟု ကြေညာထားသော်လည်း အမှန်တကယ် အပစ်ရပ်စဲခြင်းမရှိဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ၊ ထိုးစစ်ဆင်မှုများ လုပ်ဆောင်ကာ ကြေညာချက်အပေါ် အမြတ်ထုတ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People’s Spring အား ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။