Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ငလျင်ထိထားတဲ့ ၈ထပ်တိုက် ပြိုကျ

မန္တလေးမြို့မှာ ငလျင်ထိထားတဲ့ ၈ထပ်တိုက်တလုံး ပြိုကျခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြိုကျခဲ့သည့် ၈ ထပ်တိုက်အား တွေ့ရစဥ်။ ဓာတ်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းဒေသကြီး ကော်မတီ

မေ ၄၊၂၀၂၅။Scorpio/People’s Spring

မန္တလေးမြို့မှာ ငလျင်ထိထားတဲ့ ၈ထပ်တိုက်တလုံး ပြိုကျခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ မေလ ၄ရက် နေ့လယ်ပိုင်းက မန္တလေးမြို့၊ ၁၅လမ်း၊ ၈၂ A လမ်းထောင့်က ၈ထပ်တိုက်တစ်လုံးဟာ ပြိုကျလာပြီး အောက်ဆုံးနှစ်ထပ် မြုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နှစ်ထပ်မြုပ်သွားတာ။ ငလျင်ထပ်လှုပ်တယ် ထင်ပြီး ပြေးရသေးတယ်။”လို့ ရပ်ကွက်ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြိုကျခဲ့သည့် ၈ ထပ်တိုက်အား တွေ့ရစဥ်။ ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းဒေသကြီး ကော်မတီ

လူမနေတော့လို့ လူထိခိုက်မှုမရှိဘူးလို့ ရပ်ကွက်ခံတွေက ပြောပါတယ်။ အဲဒီတိုက်ရဲ့ ပတ်ဝန်းကျင် အိမ်တွေ ထိခိုက်မှုရှိနိုင်လို့ လိုအပ်တာတွေ ပြုလုပ်ပေးနေတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီး ကော်မတီက အသိပေးပါတယ်။

မန္တလေးမြို့မှာ နှစ်ရက်လောက် မိုးကောင်းနေခဲ့တာကြောင့် ပြိုကျခဲ့တာဖြစ်နိုင်ပြီး ဒီတိုက်လိုမျိုး ပြိုကျနိုင်တဲ့တိုက်တွေ အများအပြားရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကလည်း မန္တလေးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းလို့ ငလျင်ထိထားတဲ့တိုက် ၃လုံးထက်မနည်း ပြိုကျခဲ့ပါသေးတယ်။

မန္တလေးမြို့မှာ ငလျင်ကြောင့် ပြိုကျခဲ့တဲ့အဆောက်အဦးလေးထောင်ကျော်ရှိပြီး တစ်လကျော်တဲ့အထိ ရှင်းလင်းနိုင်ခြင်းမရှိသေးဘူးလို့ မြို့ခံကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။