Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် နွံကန်ပြိုကျမှု ရေမဆေးသမား တစ်ဦးသေဆုံး၊ လေးဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ကောင်ဆန်ကျေးရွာအနီးရှိ မြေစာပုံဟောင်းတစ်ခုသည် ယမန်နေ့ မေလ ၃ရက် ညနေပိုင်းက ပြိုကျခြင်းဖြစ်ပြီး ရေမဆေးကျောက်ရှာသူ တစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရခဲ့သည်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု စပေါ့ရွာတွင် ၂၀၂၅ ဇန်နဝါရီ ၁၃ ရက်က နွံကန်ပြိုကျပြီး နေအိမ်များ ပျက်စီးသွားသည်ကို တွေ့ရစဉ်။ဓာတ်ပုံ − CJ

မေ ၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ကောင်ဆန်ကျေးရွာအနီးရှိ မြေစာပုံဟောင်းတစ်ခုသည် ယမန်နေ့ မေလ ၃ရက် ညနေပိုင်းက ပြိုကျခြင်းဖြစ်ပြီး ရေမဆေးကျောက်ရှာသူ တစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရခဲ့သည်။

ညနေ ၃နာရီခွဲတွင် ပြိုကျခြင်းဖြစ်ပြီး သေဆုံးသူရုပ်အလောင်း ပြန်ရထားကာ ဒဏ်ရာရသူလေးဦးသည် ဆေးကုမှုခံယူနေရသည်။

” မ‌နေ့က ပြိုလည်း ဒီ‌နေ့ ကျောက်ရှာနေကြတာပဲ။ သ‌တိလေးထားပြီး လုပ်နေကြရတာပေါ့။ မိုးကလည်းကောင်းနေတော့ စိုးရိမ်စရာဖြစ်ပါတယ်”ဟု ဖားကန့်ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဖားကန့်မြို့နယ်တွင် မတ်လဆန်းမှစတင်၍ မိုးရွာခဲ့သည်။ မြေစာပုံအချို့နှင့် နွံကန်အချို့မှာ မိုးကြီးပါက ပြိုကျမည့်အန္တရာယ်ရှိနေကြောင်း လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင်သူများက ဆိုသည်။

ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာ၌ ပြီးခဲ့သည့် မတ်လ ၂၁ရက်နံနက်က ကျောက်လုပ်ကွက်တစ်ခုမှ နွံကန်ပေါက်ကျခဲ့သည်။ ရွှံ့နွံများသည် ကျေးရွာလမ်းမအတိုင်း ရွာအတွင်း စီးဝင်လာရာ နေအိမ်အချို့ပျက်စီးခဲ့သည်။ ဇန်နဝါရီကလည်း ဖားကန့်မြို့၊စပေါ့ကျေးရွာတွင် နွံကန်ပြိုကျ၍ ၃၂ဦးသေဆုံးပြီး နေအိမ်၅၀ကျော် ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

သတင်း

စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့(စက်တင်ဘာ၂) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖားကန့်မှာ စစ်ကောင်စီနဲ့ဝါရာဇွပ် ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ နေရာကို ဒေသခံတွေပြန်ဝင်ဖို့ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း၂၅ လောင်း မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။