Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် နွံကန်ပြိုကျမှု ရေမဆေးသမား တစ်ဦးသေဆုံး၊ လေးဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ကောင်ဆန်ကျေးရွာအနီးရှိ မြေစာပုံဟောင်းတစ်ခုသည် ယမန်နေ့ မေလ ၃ရက် ညနေပိုင်းက ပြိုကျခြင်းဖြစ်ပြီး ရေမဆေးကျောက်ရှာသူ တစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရခဲ့သည်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု စပေါ့ရွာတွင် ၂၀၂၅ ဇန်နဝါရီ ၁၃ ရက်က နွံကန်ပြိုကျပြီး နေအိမ်များ ပျက်စီးသွားသည်ကို တွေ့ရစဉ်။ဓာတ်ပုံ − CJ

မေ ၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ကောင်ဆန်ကျေးရွာအနီးရှိ မြေစာပုံဟောင်းတစ်ခုသည် ယမန်နေ့ မေလ ၃ရက် ညနေပိုင်းက ပြိုကျခြင်းဖြစ်ပြီး ရေမဆေးကျောက်ရှာသူ တစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရခဲ့သည်။

ညနေ ၃နာရီခွဲတွင် ပြိုကျခြင်းဖြစ်ပြီး သေဆုံးသူရုပ်အလောင်း ပြန်ရထားကာ ဒဏ်ရာရသူလေးဦးသည် ဆေးကုမှုခံယူနေရသည်။

” မ‌နေ့က ပြိုလည်း ဒီ‌နေ့ ကျောက်ရှာနေကြတာပဲ။ သ‌တိလေးထားပြီး လုပ်နေကြရတာပေါ့။ မိုးကလည်းကောင်းနေတော့ စိုးရိမ်စရာဖြစ်ပါတယ်”ဟု ဖားကန့်ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဖားကန့်မြို့နယ်တွင် မတ်လဆန်းမှစတင်၍ မိုးရွာခဲ့သည်။ မြေစာပုံအချို့နှင့် နွံကန်အချို့မှာ မိုးကြီးပါက ပြိုကျမည့်အန္တရာယ်ရှိနေကြောင်း လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင်သူများက ဆိုသည်။

ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာ၌ ပြီးခဲ့သည့် မတ်လ ၂၁ရက်နံနက်က ကျောက်လုပ်ကွက်တစ်ခုမှ နွံကန်ပေါက်ကျခဲ့သည်။ ရွှံ့နွံများသည် ကျေးရွာလမ်းမအတိုင်း ရွာအတွင်း စီးဝင်လာရာ နေအိမ်အချို့ပျက်စီးခဲ့သည်။ ဇန်နဝါရီကလည်း ဖားကန့်မြို့၊စပေါ့ကျေးရွာတွင် နွံကန်ပြိုကျ၍ ၃၂ဦးသေဆုံးပြီး နေအိမ်၅၀ကျော် ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တိုက်ပွဲများအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အထိနာသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကပ်မော်ကျေးရွာ၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ခဲ့သည်ဟု သတင်းရင်းမြစ်အချို့က အသိပေးသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီ ၊ ပြည်သူ့စစ်ပူးပေါင်းတပ်အကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီးမေလဆန်းအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှု များပြားခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မေလ ၅ရက်ကတိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

Facebook