Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးတစ်ခုလုံး၏ အောင်ပွဲကို PDF များ၏ တောင့်ခံနိုင်စွမ်းက အဆုံးအဖြတ်ပေးလိမ့်မည်ဟု ကာကွယ်​ရေးဝန်ကြီးက​ပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် မဟာမိတ်များ ပိုမိုချစ်ကြည်စည်လုံးပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် မဟာဗျူဟာမြောက် တိုက်ပွဲဝင်ပါက အဆုံးသတ်အောင်ပွဲသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

မေ ၅၊၂၀၂၅။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် မဟာမိတ်များ ပိုမိုချစ်ကြည်စည်လုံးပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် မဟာဗျူဟာမြောက် တိုက်ပွဲဝင်ပါက အဆုံးသတ်အောင်ပွဲသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

မေလ ၅ရက်​​နေ့တွင် ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အထိမ်းအမှတ်​​ပြောကြား​သော NUG ကာကွယ်​ရေး ဝန်ကြီး ဦးရည်မွန် ၏ မိန့်ခွန်း၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“တော်လှန်ရေးဆိုတာ အတိုင်းအဆမရှိတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ရင်း ငါတို့မျှော်မှန်းတဲ့ စစ်ကျွန် အဖြစ်က လွတ်မြောက်ရေးနိုင်ငံရေးပန်းတိုင်ကို အရောက်သွားဖို့ ငါတို့ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့လမ်း ဖြစ်တယ်။ငါတို့မှာ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေကို လေးစားလိုက်နာတဲ့ တပ်မတော်တစ်ရပ်၊ အဆင့်ဆင့်သော အမိန့်ပေး အမိန့်နာခံမှု ကောင်းတဲ့ တပ်မတော်တစ်ရပ်၊ ဉာဏ်ပညာနဲ့ သူရသတ္တိ ပြည့်ဝတဲ့ တပ်မတော်တစ်ရပ် ရှိထားပြီဆိုရင် ဒီတော်လှန်ရေး မအောင်မှာ စိတ်ပူစရာအကြောင်း မရှိဘူးလို့ ပြောလိုတယ်” ဟုဦးရည်မွန်က ပြောသည်။

Public Service Announcement

Public Service Announcement

PDF တပ်မတော် ထူထောင်နိုင်အောင်၊ ရပ်တည်နိုင်အောင်၊ တိုက်ပွဲဝင်နိုင်အောင် ကူညီ စောင့်ရှောက်ပေးခဲ့သည့် တော်လှန်ပြည်သူများ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းလည်း ဝန်ကြီးက ပြောကြားသည်။

“ပြည်သူ့တော်လှန်စစ်အတွင်း အသက်စွန့်လှူခဲ့တဲ့ အာဇာနည်တွေ၊ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့တဲ့ သူရဲကောင်းတွေ အားလုံးကိုလည်း ဒီရက်မြတ်မှာ ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။PDF လေးနှစ်ပြည့်အကြို မွေးနေ့လက်ဆောင်အဖြစ် အညာက ရဲဘော်တွေက အင်းတော်မြို့ကို ရယူပေး ခဲ့တယ်။ ဒီမွေးနေ့လက်ဆောင်အတွက် အညာ PDF တွေနဲ့ မဟာမိတ်အဖွဲ့တွေ အားလုံးကို အထူး ကျေးဇူးတင်ရတယ်။ အင်းတော်အောင်ပွဲဟာ PDF တပ်မတော် အတွက် သမိုင်းဝင်အောင်ပွဲလည်း ဖြစ်တယ်။ ဒီအောင်ပွဲက တော်လှန်ရေးရှေ့ခရီးအတွက် နမူနာယူစရာ၊ သင်ခန်းစာယူစရာ အတွေ့အကြုံကောင်းတွေ ပေးခဲ့တယ်” ဟုကာကွယ်​ရေး ဝန်ကြီးကပြောသည်။

အင်းတော်တိုက်ပွဲ အောင်ပွဲရခြင်းမှာ မြေပြင်ပိုင်စိုးမှု၊ ပြည်သူလူထုထောက်ခံပါဝင်မှုနှင့် ရေရှည် တောင့်ခံနိုင်စွမ်းတို့ကြောင့်ဖြစ်ဟု ဝန်ကြီးက ရှင်းပြသည်။

“စစ်ကောင်စီ တပ်သားတွေ ထမင်းတစ်လုတ်အတွက် ကြောင့်ကြနေရချိန်မှာ PDF ရဲဘော်တွေ စိတ်ဖြောင့်ဖြောင့် မပူမပင် တိုက်ပွဲဝင်နိုင်ဖို့ ချက်ပြုတ်ကျွေးမွေးရေးတာဝန်ကိုပြည်သူတွေက ထမ်းရွက် ပေးခဲ့ကြတာဖြစ်တယ်။ပြည်သူ့ထောက်ခံပါဝင်မှုနဲ့အတူ PDF၊ ပကဖ၊ ပအဖ၊ ပလဖနဲ့ မဟာမိတ် တပ်ဖွဲ့ တွေဟာစစ်ဆင်ရေးတာဝန်ကိုလက်တွဲညီညီ ထမ်းခဲ့ကြတာလည်း ဒီအောင်ပွဲက ပေးတဲ့ စံနမူနာကောင်း ဖြစ်တယ်” ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။

https://www.facebook.com/LuduNwayOo/videos/598211605885598

ရက်ရှည်တိုက်ပွဲဖြစ်၍ နှစ်ဖက်စလုံး၌ အခက်အခဲရှိခဲ့သော်လည်း PDFရဲဘော်များသည် ပြည်သူလူထု ၏ ထောက်ခံအားပေးမှုကို ရရှိထားရုံမက မတရားမှုကို တွန်းလှန်ရင်း တရားသောစစ်ကို ဆင်နွှဲနေကြသည် ဆိုသည့် အသိက အောင်ပွဲ ရသည်အထိ တောင့်ခံရန် ခွန်အားပေးခဲ့ဟု ဝန်ကြီးက ပြောသည်။

“အခု ငါတို့လက်ထဲရောက်နေတဲ့ တပ်မ (၇၇)တပ်မမှူးအပါအဝင် သုံ့ပန်းတွေကလည်းသူတို့ရဲ့ နောင်တကို ဖွင့်ဟဝန်ခံကြတယ်။ စစ်တပ် တရားမဲ့တယ်ဆိုတာ သူတို့သိတယ်။ ပြည်သူ့တော်လှန်ရေးမှာ သူတို့တတ်နိုင်တာထည့်ဝင်ဖို့ ကတိပြုကြတယ်။စစ်ကောင်စီတပ်ထဲမှာကျန်ရှိနေတဲ့တပ်မှူးတပ်သား

တွေအနေနဲ့လည်း ပြည်သူကို အကြမ်းဖက်သတ်ဖြတ်တဲ့အထိ လမ်းမှားရောက်စေတဲ့ မိစ္ဆာဒိဌိ စစ်ဝါဒအတွေးအခေါ်ကို အမြန်ဆုံး စွန့်လွှတ်ကြဖို့ တိုက်တွန်းလိုတယ်။ ဒီလိုသာ စွန့်လွှတ်နိုင်မယ်ဆိုရင် နိုင်ငံနဲ့ ပြည်သူလည်း မြန်မြန် ချမ်းသာရာရမယ်၊ စစ်တပ်ကိုယ်တိုင်လည်း ချမ်းသာရာ ရမယ်လို့ သတိပေးလိုတယ်”ဟု ကာကွယ်​ရေး ဝန်ကြီးက ပြောကြားသည်။

စစ်ကောင်စီက ပြည်သူကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်နေချိန် ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ယူထားသည့် PDF ရဲဘော်များက ပြည်သူများ လေကြောင်းအန္တရာယ် ကင်းဝေးစေရေး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှု၊ အဆက်မပြတ် သတိပေးနှိုးဆော်မှုများ ပိုမိုအားစိုက်ရန်လည်း တိုက်တွန်းထားသည်။

“အင်းတော်အောင်ပွဲကို ပြန်ကြည့်ရင် တောင့်ခံနိုင်စွမ်းက အဆုံးအဖြတ် ဖြစ်ခဲ့တယ်။ PDFရဲဘော် တစ်ဦးချင်း အနေနဲ့လည်း စိတ်ရှည်ဖို့၊ ဇွဲကောင်းဖို့၊ ဘယ်လို အခက်အခဲမျိုး ကြုံပါစေ ကြံ့ကြံ့ခံ ဖြတ်သန်းဖို့ လိုအပ်တယ်။ အင်းတော်အောင်ပွဲနည်းတူ တော်လှန်ရေးတစ်ခုလုံးရဲ့ အောင်ပွဲကိုလည်း ငါတို့ရဲ့ တောင့်ခံနိုင်စွမ်းကပဲ အဆုံးအဖြတ်ပေးလိမ့်မယ်”ဟု ကာကွယ်​ရေးဝန်ကြီးက​ပြောသည်။

(ရုပ်သံ- NUG-MOD)

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။