Connect with us

Hi, what are you looking for?

သတင်း

သဲကုန်းမြို့စိုက်ပျိုး​ရေးရုံးတွင်တပ်စွဲထား​​သောစစ်တပ်တိုက်ခိုက်ခံရ

ပြည်ခရိုင်၊သဲကုန်းမြို့စိုက်ပျိုးရေးရုံး၌တပ်စွဲထားသောစစ်ကောင်စီတပ်ကိုတိုက်ခိုက်ခံရပြီးသေဆုံးမှုရှိကြောင်း မြို့ခံများကပြောသည်။

​မေ-၆၊‌ဇော်ရမ်း/People’s Spring

ပြည်ခရိုင်၊သဲကုန်းမြို့စိုက်ပျိုးရေးရုံး၌တပ်စွဲထားသောစစ်ကောင်စီတပ်ကိုတိုက်ခိုက်ခံရပြီးသေဆုံးမှုရှိကြောင်း မြို့ခံများကပြောသည်။

သဲကုန်းမြို့၊ ဆင်ခေါင်းရွာအနီးရှိ စိုက်ပျိုးရေးရုံးကို မေလ ၅ ရက်နေ့ ည ၈ နာရီ၊ မိနစ် ၂၀ ခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“အနီးကပ်တိုက်ပွဲလိုဖြစ်သွားတာ။ဒီမနက်တော့ လမ်းသွားလမ်းလာတွေကို မဲနေတယ်။သူတို့အရမ်းကြောက်နေတာဖြစ်တယ်။ကျမတို့ကတော့ ကြည့်နေကြည့်စားနေတာပဲ”ဟုမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့်ဖေဖော်ဝါရီ၂၇ရက်တွင်သဲကုန်းမြိုနယ် သီးပင်ရပ်ကွက်၊ ဆရာအတတ်သင် (၁)လမ်းပေါ်မှ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်းအမှတ်(၃၆၀၁)တပ်ခွဲ(၃)နှင့် တပ်ခွဲ (၅)တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးသေဆုံးခဲ့သည်။

သဲကုန်းမြို့သည် စစ်ကောင်စီ၏ တပ်မ (၆၆) အခြေစိုက်ပြီး ပြည်ခရိုင်အတွင်းစစ်ရေးအရှိန်မြှင့်မည်ဖြစ်၍ ဒေသခံများ စစ်ရေးသတိပြုကြရန် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။ပြည်ခရိုင်တွင်ပန်းတောင်း၊အုတ်တွင်း၊ ပေါက်ခေါင်းမြို့နယ်များ၌လည်း စစ်ကောင်စီတပ်နှင့်ကာကွယ်ရေးတပ်များကြားစစ်ရေးတင်းမာနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။