Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ကပ်မော်ဒေသတိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်မှုများ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မေလ ၅ရက်ကတိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်နှစ်ဦး တိုက်ပွဲတစ်ခုအတွင်း ပစ်ခတ်နေစဉ်။ ဓာတ်ပုံ − CJ

မေ ၆၊၂၀၂၅။မိုးမိုး/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မေလ ၅ရက်ကတိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ဖားကန့်ဒေသကို အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ယမန်နေ့တွင် နန့်ယားအထက် ကပ်မော်ကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ဟု ဆိုသည်။

“မနေ့က ဖားကန့်လမ်းမှာ ဖြစ်တဲ့တိုက်ပွဲမှာ စခတွေ ၄၀ကျော်သေတယ်လို့ ပြောတယ်။ ကပ်မော် ဆုတောင်းတောင်ပေါ့ အဲဒီတဝိုက်မှာ တိုက်ပွဲဖြစ်တာ”ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဒဏ်ရာရသူများလည်းရှိဟု ဆိုသည်။ သို့သော် စစ်ကောင်စီပူးပေါင်းတပ်၏ သေဆုံးထိခိုက်မှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များသည် ဖားကန့်ဒေသ ပြန်လည်စိုးမိုးနိုင်ရေး အင်အားရာနှင့်ချီထိုးစစ်ဆင်လျက်ရှိရာ KIAက ခုခံတိုက်ခိုက်ခဲ့၍ ဧပြီလကုန်ပိုင်းနှင့် မေလဆန်း၌ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ထို့အပြင် KIAပူးပေါင်းတပ်က မြို့သိမ်းစစ်ဆင်ရေး ဆင်နွှဲနေသည့် ဗန်းမော်တွင်လည်း ယမန်နေ့နှင့် ယနေ့(မေလ ၆ရက်)တွင် တိုက်ပွဲပြင်းထန်ခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

“ဗန်းမော်မှာလည်း မနေ့က တနေကုန် တိုက်ပွဲပြင်းထန်တယ်။ ဒီနေ့လည်း စခတွေက သံချပ်ကာ တစီးနဲ့သူတို့ထိုးစစ်ဆင်တာ တိုက်ပွဲဖြစ်တာ။ ညနေပိုင်း ၃နာရီလောက်ကနေ ငါတို့ဘက်က ပြန်ထိုးစစ်ဆင်လို့ တိုက်ပွဲဖြစ်နေတာ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

KIA သတင်းပြန်ကြားရေးဌာန၏ ပြီးခဲ့သည့် တပတ်အတွင်း သတင်းဖော်ပြချက်တွင် ဧပြီ ၂၅ရက်မှစ၍ ဗန်းမော်မြို့ရှိ စကခ(၂၁)တပ်ဌာနချုပ်၊ ခလရ(၄၇)တပ်ရင်း၊ ဆေး၊ ထောက်ပို့နှင့် အင်ဂျင်နီယာတပ်ရင်းများကို အပြင်းအထန် တိုက်ခိုက်နေပြီး ဖားကန့်လမ်းပိုင်း တိုက်ပွဲများတွင်လည်း နှစ်ဖက်ထိခိုက်မှုရှိကာ စစ်ကောင်စီဘက်က အသေအဆုံးများပြားလျက်ရှိကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်က ဆက်လက်ထိုးစစ်ဆင်နေ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အချိန်မရွေး တိုက်ပွဲပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့သို့ဦးတည် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားသည့် ဆိုင်းတောင်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်။

သတင်း

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသသို့စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောပြသည်။

သတင်း

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။