Connect with us

Hi, what are you looking for?

သတင်း

ဦးဦးလှစောသည် မျှတွေးတက်သည့် စိတ်ရှိသော လေးစားစရာ နိုင်ငံရေးသမားဖြစ်၍ နိုင်ငံအတွက် ဆုံးရှုံးမှုဟု NU Gတာဝန်ရှိသူ ပြော

ရက္ခိုင်နိုင်ငံရေးသမား ဦးဦးလှစောသည် နိုင်ငံရေးသမား များ၌အရေးကြီးသည့် အဖက်ဖက် မျှတွေးတက်သည့် လေးစားစရာ နိုင်ငံရေးသမားတစ်ဦးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး နည်းလမ်းစုံဖြင့်တိုက်ပွဲဝင်ခဲ့သည့် ဦးဦးလှစောကွယ်လွန်မှုအပေါ် ဝမ်နည်းကြောင်း ABSDF သဝဏ်လွှာပို့

မေ ၇၊၂၀၂၅။ထားမြတ်/People’s Spring

ရက္ခိုင်နိုင်ငံရေးသမား ဦးဦးလှစောသည် နိုင်ငံရေးသမား များ၌အရေးကြီးသည့် အဖက်ဖက် မျှတွေးတက်သည့် လေးစားစရာ နိုင်ငံရေးသမားတစ်ဦးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သကဲ့သို့ အာရက္ခတပ်တော်(ULA/AA)၏ နိုင်ငံရေးမှူး တစ်ဦးလည်းဖြစ်သည့် ဦးဦးလှစောသည် မေလ ၅ရက်တွင် ကွယ်လွန်ခဲ့ရာ ယင်းနှင့်ပတ်သက်၍ NUG တာဝန်ရှိသူက ဝမ်းနည်းကြောင်းနှင့် အမှတ်တရ စကား ပြောပြခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” ဆရာ ဦးဦးလှစောကွယ်လွန်သွားတဲ့ ကိစ္စကက ရခိုင်အတွက်ပါမဟုတ်ဘူး တနိုင်ငံလုံးအတွက် တကယ့်ကို အမြော်အမြင်ကြီးတဲ့ နိုင်ငံရေးသမားတယောက် ဆုံးရှုံးမှုလို့ ဒီလိုပဲ နားလည်ပါတယ်။ ကျနော်တို့သိရသလောက် ကျနော်တို့နဲ့ ဆက်ဆံဖူးသလောက်ပေါ့နော် ဆရာ ဦးဦးလှစောက အမြော်အမြင်လည်းကြီးတယ်။ ပြီးတော့ နိုင်ငံရေးသမားတွေမှာ အရမ်းအရေးကြီးတဲ့ အဖက်ဖက်ကနေ မျှတွေးတက်တဲ့ စိတ်မျိုးလည်းရှိတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။

ထိုသို့ အရည်အချင်းရှိပြီး လေးစားစရာကောင်းသည့် နိုင်ငံရေးသမားတစ်ဦး ကွယ်လွန်မှုအပေါ် ယူကြုံးမရ ဖြစ်ရဟု ၎င်းက ဆိုသည်။

“ကျနော်တို့နိုင်ငံမှာ ဒီလို နိုင်ငံရေးသမားမျိုးတွေအများကြီး ရှိဖို့လိုတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။

နိုင်ငံရေးသမားတစ်ဦးဖြစ်သည့်အပြင် ကဗျာဆရာ၊ စာရေးဆရာ တစ်ဦးလည်းဖြစ်သည့် ဦးဦးလှစော ကွယ်လွန်ဆုံးပါးမှုအပေါ် ကြေကွဲဝမ်းနည်းကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)က မေလ ၇ရက်တွင် ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်သည်။

ဦးဦးလှစော ကွယ်လွန်မှုအပေါ် ရခိုင်အမျိုးသားခေါင်းဆောင်ရဲဘော်များ၊ အတူလက်တွဲတိုက်ပွဲ ဝင်နေသည့်မဟာမိတ်တိုင်းရင်းသား လူမျိုးစုလက်နက်ကိုင်အဖွဲအစည်းများမှ ခေါင်းဆောင်ရဲဘော်များနှင့် ကျန်ရစ်သူ မိသားစုဝင်များနှင့် ထပ်တူကြေကွဲနှမျောမဆုံး ဖြစ်ရကြောင်း ABSDFက ဖော်ပြခဲ့သည်။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ရခိုင်အမျိုးသားထုလွတ်မြောက်ရေး၊ လူမျိုးပေါင်းစုံတိုင်းရင်းသားပြည်သူ များ၏ မွေးရာပါအခွင့်အရေးများနှင့် အမျိုးသားလွတ်လပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်များအတွက် ကျရာတာဝန် များကိုထမ်းဆောင်ရင်း တိုက်ပွဲနည်းလမ်းစုံဖြင့်တိုက်ပွဲဝင်သွားခဲ့သည့် ဦးဦးလှစောအား ရခိုင်အမျိုးသားခေါင်းဆောင်ရဲဘော်များနှင့်အတူ ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်ကြောင်း လည်း ဖော်ပြသည်။

အထူးသဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် နွေဦးတော်လှန်ရေး ထိုးစစ်ကာလတွင် လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံးတိုက်ပွဲဝင်နေချိန် ယခုကဲ့သိုကြွေလွင့်သွားခြင်းအတွက် နှမျောတသစွာဖြင့် အလေးအမြတ်အလေးပြုကြောင်း ABSDFက သဝဏ်လွှာပေးပို့သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ သင့်နော် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။