Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီတိုင်းထဲက စစ်ရေးအခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ထိုင်းစစ်တပ်ဆို

မြန်မာနိုင်ငံတောင်ပိုင်း ၊ တနင်္သာရီတိုင်းထဲမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ထိုင်းစစ်တပ်က မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

နှစ်နိုင်ငံ နယ်စပ်အနီးမှာ တပ်ဖြန့်ထားတဲ့ ထိုင်းစစ်သားအချို့ကိုတွေ့ရပုံ (ပုံဟောင်း)

မေ – ၉ ၊၂၀၂၅

မြန်မာနိုင်ငံတောင်ပိုင်း ၊ တနင်္သာရီတိုင်းထဲမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ထိုင်းစစ်တပ်က မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

ကန်ချနာဘူရီမှာ ရှိနေတဲ့ ထိုင်းစစ်တပ်ဟာ အိမ်နီးချင်း မြန်မာနိုင်ငံဖက်ခြမ်း၊ ထားဝယ်မြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ တော်လှန်ရေး တပ်တွေကြား ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေက ထိုင်းဖက်ကို ပျံ့နှံ့လာနိုင်ခြေအတွက် သတိကြီးကြီး ထားပြီး လေ့လာ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဧပြီ ၇ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ လက်ရှိ အချိန်ထိ ဆက်လက် ဖြစ်ပွားနေသလို ဧပြီ ၁၉ ရက်နေ့မှာတော့ ဒေသတွင်းက အရေးပါတဲ့ ပထမဆုံး စစ်ရေး ကွပ်ကဲမှု စခန်းတစ်ခုကို တော်လှန်ရေး အင်အားစုတွေက သိမ်းယူနိုင်ခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ နယ်ခြားစောင့် ယူနစ်တစ်ခုဖြစ်တဲ့ လတ်ယား အထူးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အောင်ပွဲအပြီး တော်လှန်ရေး အင်အားစုတွေဟာ စစ်ဆင်ရေးတွေကို အရှိန်ပိုမြှင့်လာခဲ့ပြီး ဘန်ဖူနမ်ရောင် နယ်စပ်ဂိတ်နားက စစ်ကောင်စီ စခန်းတွေကို အပြင်းအထန် ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။

နယ်စပ် တစ်ဖက်ခြမ်းက ပြင်းထန်တဲ့ စစ်ရေး အခြေအနေတွေကြောင့် ကန်ချနာဘူရီမှာရှိတဲ့ ထိုင်းစစ်တပ်ရဲ့ နယ်စပ် စစ်ရေးဦးစီးဌာနဟာ တိုက်ပွဲတွေရဲ့ ဆင့်ကဲဖြစ်ပျက် ပြောင်းလဲမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ပြီးတော့ လတ်ယား အထူးတပ်ဖွဲ့ဟာ သက်ဆိုင်ရာ အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး နယ်စပ် လုံခြုံရေး အစီအမံတွေကို တင်းကျပ်ထားသလို နယ်စပ်မှာ တပ်အင်အားနဲ့ လက်နက်တွေ ပိုမိုဖြည့်တင်း ဖြန့်ကျက်ထားတယ်လို့ သိရပါတယ်။

ဒါတင်မကသေးဘဲ ထိုင်းလေတပ်ဟာလည်း နယ်စပ်ဒေသ လေပိုင်နက် လုံခြုံရေးကို နိုးနိုးကြားကြား အာရုံစိုက်ထားပြီး မြန်မာဖက်က စစ်ရေး ပဋိပက္ခတွေနဲ့ ဆက်စပ်လို့ ထိုင်းရဲ့ အချုပ်အခြာ အာဏာ လေပိုင်နက်ကို ထိပါးလာတာမျိုးတွေ ရှိမလာအောင် သတိကြီးကြီး ပြင်ဆင်ထားတယ်လို့ ပြောကြားထားပါတယ်။

ထိုင်းနယ်စပ်အနီး က ထီးထာဗျုဟာစခန်းကို ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်မှာ KNU ပူးပေါင်းတပ်က သိမ်းယူခဲ့သလို ဒီမနက်ပိုင်းမှာလည်း ထီးခီးဗျုဟာ စခန်းကို သိမ်းလိုက်နိုင်ပြီလို့သိရပါတယ်။

ထီးခီးဒေသဟာဆိုရင် တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ်မှာပါဝင်ပြီး ထိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းရှိခဲ့ ဒေသဖြစ်ပါတယ်။

ကိုးကား – The Nation ၊ ဓာတ်ပုံ – The Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်လုပ် တင့်ကားတွေ ကမ္ဘောဒီးယားဆီ ရောက်ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အလေးအနက် စောင့်ကြည့်နေကြောင်း သိရပါတယ်။

သတင်း

မြန်မာဖက်ခြမ်းတိုက်ပွဲတွေကနေထိုင်းပိုင်နက်ထဲ ကျည်ဆန်တွေလမ်းချော်ကျရောက်လာတဲ့နောက် ထိုင်းစစ်တပ်ကသတိပေးပစ်ခတ်ခဲ့တယ်လို့ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီအစိုးရအဖွဲ့ အလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

အာဏာသိမ်းစစ်တပ်က ဆုံးရှုံးထားတဲ့မြို့အချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ရေးဦးမော့လာချိန်မှာ မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံး တနင်္သာရီတိုင်းမှာတော့ တော်လှန်ရေးတပ်တွေက စစ်တပ်စခန်းတွေကို မတ်လ ဒုတိယအပါတ်မှာ ဆက်တိုက်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပါတယ် ။