Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုရှိ မင်္ဂလာပွဲအား စစ်ကောင်စီလက်နက်ကြီးဖြင့်ပစ်ခတ်ရာ ကလေးငယ်အပါအဝင် လေးဦးသေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ

အပစ်ရပ်ကြောင်းထပ်မံသက်တမ်းတိုးထားသည့် စစ်ကောင်စီက မင်္ဂလာပွဲ ကျင်းပနေသည့် နောင်ချိုမြို့နယ် သရက်ချိုကျေးရွာအား လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ကလေးငယ်အပါအဝင် ဒေသခံ လေးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့(မေ ၉ရက်) ထုတ်ပြန်သည်။

နောင်ချိုမြို့နယ် တနေရာအား စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုပြီး လေကြောင်းတိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - TNLA

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီက အဆိပ်ငွေ့ဗုံးသုံးပြီး လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဟု TNLA ပြော

မေ ၉၊၂၀၂၅။ထားမြတ်/People’s Spring

အပစ်ရပ်ကြောင်းထပ်မံသက်တမ်းတိုးထားသည့် စစ်ကောင်စီက မင်္ဂလာပွဲ ကျင်းပနေသည့် နောင်ချိုမြို့နယ် သရက်ချိုကျေးရွာအား လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ကလေးငယ်အပါအဝင် ဒေသခံ လေးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့(မေ ၉ရက်) ထုတ်ပြန်သည်။

မေလ ၈ရက်က မင်္ဂလာပွဲကျင်းပနေသည့် သရက်ချိုကျေးရွာအား တောင်းခမ်းရွာရှိ အမှတ်(၉၀၂) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် (၅)နှစ်အရွယ် ကလေးငယ်အပါဝင် ဒေသခံ လေးဦးသေဆုံးခဲ့ပြီး၊ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်မှ အပစ်ခတ်ရပ်စဲရေး သက်တမ်း (၁)လထပ်တိုးသော်လည်း လက်နက်ကြီးပစ်ခတ်ခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် လေကြောင်း တိုက်ခိုက်ခြင်းများ ပြုလုပ်နေကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ခဲ့ပြီး တိုက်ခိုက်ရာတွင် အဆိပ်ငွေ့ဗုံးများကိုပါ အသုံးပြုနေဟု TNLAက အသိပေးသည်။

စစ်ကောင်စီက မေလ ၆ ရက်မှ ၃၁ ရက်အထိ အပစ်ရပ်စဲမည်ဟု ထပ်မံ သက်တမ်းတိုးထားသော်လည်း TNLA ပူးပေါင်းတပ်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်ကို တိုက်ခိုက်မှုများ ဆက်လုပ်နေသည့် အခြေအနေကို အသိပေးထားသည်။

မေလ ၈ရက်က တအာင်းတပ်မတော် TNLA ပူးပေါင်းတပ်ရှိရာ သရက်ချိုရွာအနီးအား ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် မစခ(၉၀၂)မှ ဒရုန်းဖြင့် ဗုံး နှစ်လုံး၊ လက်နက်ကြီးဖြင့် (၁၆)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ဖော်ပြသည်။

ထို့အပြင် နောင်ချိုမြို့နယ် ယာပြင်ကျေးရွာအနီး တိုက်ပွဲတွင်လည်း ဒရုန်းဖြင့် ဗုံး နှစ်လုံး၊ လက်နက်ကြီးဖြင့် (၂)ကြိမ် တိုက်ပွဲဖြစ်ပွားရာသို့ ပစ်ခတ်ခဲ့ဟု ဆိုသည်။

ယမန်နေ့ ညနေပိုင်းပင် နောင်လင်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီက ဒရုန်းဖြင့် ဗုံး(၈)လုံး၊ အဆိပ်ငွေ့ဗုံး(၅)လုံး၊ လက်နက်ကြီးဖြင့် (၃၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ဖော်ပြသည်။

ထို့ပြင် အုမ္မသီးကျေးရွာကိုလည်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံး တစ်လုံး ကြဲချခဲ့သည်ဟု ဆိုသည်။

တောင်လှကျေးရွာကိုလည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် (၁၈)ကြိမ်၊ အဆိပ်ငွေ့ဗုံးဖြင့် (၆)ကြိမ် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

TNLA၊ ကိုးကန့်တပ်မတော်(MNDAA)၊ အာရက္ခတပ်တော်(AA) ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများ ထိုးစစ်ပြုလုပ်မည်မဟုတ်ဘဲ တဖက်သတ် အပစ်ရပ်ကာလအား မေလကုန်အထိ ကြေညာထားသည်။

ညီနောင်သုံးဖွဲ့က အပစ်ရပ်ကြေညာထားသကဲ့သို့ စစ်ကောင်စီကလည်း အပစ်ရပ်ကြေညာထားသော်လည်း TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့်အပြင် မြေပြင်ထိုးစစ်ဆင်မှုများ ဆက်ရှိနေ၍ တိုက်ပွဲများဖြစ်နေရကြောင်း TNLAက အသိပေးသည်။

ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး