Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့သိမ်းတိုက်ပွဲ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ရသည့်ရဲဘော်များအတွက် ဆေးကုသစရိတ် ကန်ဒေါ်လာတစ်သိန်းခန့်လိုအပ်ဟု ချင်းညီနောင်ပြော

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်းဒဏ်ရာရရှိခဲ့သည့် ရဲဘော်များအား ခြေတု၊ လက်တု၊ နားကြားကိရိယာများတပ်ဆင်ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁သိန်းခန့် လိုအပ်ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ အတွင်းရေးမှူး ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြန်ကြားရေးမှူး ဆလိုင်းတင်မီက ပြောသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် မဟာမိတ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ရဲဘော်အချို့။ ဓာတ်ပုံ- 96 Soldiers-PDF အညာဒေသတပ်ခွဲ

ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်းဒဏ်ရာရရှိခဲ့သည့် ရဲဘော်များအား ခြေတု၊ လက်တု၊ နားကြားကိရိယာများတပ်ဆင်ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁သိန်းခန့် လိုအပ်ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ အတွင်းရေးမှူး ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြန်ကြားရေးမှူး ဆလိုင်းတင်မီက ပြောသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ဒဏ်ရာရ ချင်းညီနောင်သူရဲကောင်းများနှင့် မဟာမိတ်များအတွက် ရံပုံငွေ ရှာဖွေမှုကို အွန်လိုင်းမှ ပြုလုပ်ရာ ဆလိုင်းတင်မီက ဒဏ်ရာရ ရဲဘော်များ၏ အခြေအနေကို အသိပေးပြီး ဆေးကုသမှု ကုန်ကျစရိတ်လိုအပ်ချက်ကို ပြောပြခဲ့သည်။

ဒဏ်ရာရ ရဲဘော်များတွင် ခြေထောက်၊ လက် ဖြတ်တောက်ခဲ့ရသူများ ရှိသကဲ့သို့ မျက်မမြင် ၊ နားမကြား ရသူများလည်းရှိကြောင်း၊ ၎င်းတို့အတွက် ခြေထောက်အတု၊ လက်အတု၊ နားကြားကိရိယာ တပ်ဆင်ပေးမှုများ ပြုလုပ်နေကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

” ဖလမ်းတိုက်ပွဲမှာချည်းပဲ ဒဏ်ရာရတဲ့ ရဲဘော် တွေရဲ့ ကုန်ကျစရိတ် လိုအပ်တဲ့ဟာက အမေရိကန်ဒေါ်လာ ၁သိန်းလောက်ရှိပါတယ်။ ဆိုတော့ သူတို့ရဲ့ ခြေတုတပ်ဖို့ အကုန်လုံးပေါ့လေ ဒါတွေကို မိဘပြည်သူများအနေနဲ့ ထောက်ပို့ ပေးဖို့ရန် ဒီကနေ မေတ္တာရပ်ခံပါတယ်”ဟု ဆလိုင်းတင်မီက ပြောသည်။

ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့များမှ ရဲဘော် ၅၀ကျော်နှင့် မဟာမိတ်များ စုစုပေါင်း တော်လှန်ရေးရဲဘော် ၉၀ ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့သည်။

ရဲဘော်များအနေဖြင့် လွတ်မြောက်လို၍ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများ အဆုံးရှုံးခံပြီး တော်လှန်ရေး၌ ပါဝင်နေခြင်းဖြစ်ကြောင်း ဆလိုင်းတင်မီက ပြောသည်။

” စစ်အာဏာရှင်ရဲ့လက်အောက်ကနေ တကယ်ကို လွတ်မြောက်ချင်လို့ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ထိုသို့ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် ရဲဘော်အများစု၏ အသက်အရွယ် မှာ ၁၈နှစ်၊ ၂၀၊ ၂၅ နှစ် ပတ်ဝန်းကျင်ဖြစ်သည်ဟုဆိုသည်။

” တကယ်လို့ ဒီတော်လှန်ရေးထဲမှာ မပါဘူးဆိုလို့ရှိရင် သူတို့က တက္ကသိုလ်ကျောင်းတက်မယ့်အရွယ်တွေ ပညာသင်ကြားပြီးတော့ ကိုယ့်ရဲ့အနာဂတ်အတွက် အများကြီး အနာဂတ်ရှိတဲ့သူတွေဖြစ်တယ်။ ဒီလူတွေက ဘာဖြစ်လို့ အသက်တွေပေးဆပ်ကြသလဲဆိုလို့ရှိရင်တော့ ကိုယ်အင်္ဂါပေးဆပ်ခဲ့ကြသလဲဆိုလို့ရှိရင် တကယ်ကိုလွတ်မြောက်ချင်လို့ ဖြစ်တယ်”ဟု ဆလိုင်းတင်မီက ပြောကြားသည်။

ချင်းညီနောင်အနေဖြင့် ဖလမ်းအပြင် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးမြို့များကိုလည်း သိမ်းပိုက်ထားပြီး တီးတိန်မြို့သိမ်းစစ်ဆင်ရေးကိုလည်းဆင်နွှဲမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြိုနယ်တွေမှာ ချင်းပြည်သူ့တပ်မတော် (CPU/CPA)၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်အကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကက အသိပေးပါတယ်။