Connect with us

Hi, what are you looking for?

သတင်း

စစ်ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကာကွယ်နေရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်ကြရန် KNLAထပ်မံ သတိပေး

လက်တဆုပ်စာ ဗိုလ်ချုပ်ကြီးတို့၏ အကျိုးစီးပွားကို ကာကွယ်နေရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ဖွဲ့ထံ အလင်းဝင်ရောက်ကြရန် KNLA ဌာနချုပ်က ထပ်မံ တိုက်တွန်းခဲ့သည်။

မေ ၁၁၊၂၀၂၅။ထားမြတ်/People’s Spring

လက်တဆုပ်စာ ဗိုလ်ချုပ်ကြီးတို့၏ အကျိုးစီးပွားကို ကာကွယ်နေရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ဖွဲ့ထံ အလင်းဝင်ရောက်ကြရန် KNLA ဌာနချုပ်က ထပ်မံ တိုက်တွန်းခဲ့သည်။

စစ်ကောင်စီတပ်သားများ အလင်းဝင်ရန် KNU/KNLAက ယခင်ကတည်းက တိုက်တွန်းချက် ထုတ်ပြန်ထားပြီး မေလ ၁၀ရက်တွင် ယခုကဲ့သို့ အသိပေးချက် ထပ်မံ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အောင်ဇေယျ စစ်ဆင်ရေးတွင် ပို့ဆောင်ခံရပြီး KNLA ထံ အလင်းဝင်ရောက်လာသည့် ရဲဘော်များ၏ မှတ်တမ်းဓာတ်ပုံများကိုလည်း ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်ရာတွင် ကျည်ဖြုတ်ထားသည့် သေနတ်အား သေနတ်ခေါင်းကို မြေကြီးအောက်ချ၍ နောက်ကျောတွင်လွယ်ကာ လက်ဗလာဖြင့် ရောက်ရှိသည့် နေရာမှ စွန့်ခွာပြီး ရှေ့တန်းရှိ KNLA တပ်ဖွဲ့ထံ သို့ တစ်ဦးချင်းဖြစ်စေ အစုအဖွဲ့နှင့် ဖြစ်စေ အရောက်လာကြရန် တိုက်တွန်းကြောင်း ဖော်ပြသည်။

အထူးသဖြင့် အောင်ဇေယျ စစ်ဆင်ရေးတွင် အလဟသ အသက်စတေးကြရန် ပို့ဆောင်ခံရသော စစ်ကောင်စီ လက်အောက်မှ ရဲဘော်၊တပ်သားများနှင့် နယ်မြေခံတပ်သားများ အနေဖြင့် နိုင်ငံတကာ ဥပဒေစံနှုန်းနှင့်အညီ အသက်ရှင်ခွင့်ရလိုပါက KNLA ထံ လာရောက်အလင်းဝင်ကြရန် အသိပေးထားသည်။

အာရှလမ်းမ စစ်ဆင်ရေးတွင် အတင်းအဓမ္မ ခိုင်းစေခံရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်လိုပါက ၀၉ ၄၄၉၁၃၂၆၇၉ သို့ ဖုန်းဖြင့် ဆက်သွယ် နိုင်ကြောင်း အသိပေးသည်။

KNU/KNLAနှင့် PDF တော်လှန်ရေးပူးပေါင်းတပ်များက မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများ အပါအဝင် KNU တပ်မဟာ(၃)၊ တပ်မဟာ(၄)နှင့် တပ်မဟာ(၆)၊ တပ်မဟာ(၇) နယ်မြေရှိ စစ်ကောင်စီစခန်းများ တခုပြီး တခု တိုက်ခိုက်သိမ်းပိုက်နေသည့် အခြေအနေတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံအလင်းဝင်ရောက်ရန် တိုက်တွန်းချက် ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

စစ်ကောင်စီသည် ပြည်သူ့ စစ်မှုထမ်း တပ်သားသစ်များကို အောင်ဇေယျစစ်ဆင်ရေးအတွင်း ပို့ဆောင်အင်အား ဖြည့်တင်းပြီး ၎င်းတို့ လက်လွှတ်ခဲ့ရသည့် မြ၀တီဒေသအား ပြန်လည်ထိန်းချုပ်နိုင်ရေး အတွက် ၂၀၂၄ ဧပြီ လမှ စတင်ကြိုးပမ်းလျက်ရှိရာ တစ်နှစ်ကျော်ကြာသည်အထိ မြ၀တီသို့ ချီတက်နိုင်ခြင်းမရှိဘဲ ဒေါနတောင်ကြောတွင် KNLA ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် အထိနာလျက်ရှိသည်။

စစ်မှုထမ်းဥပဒေ အကြောင်းပြ အတင်းအကြပ်ဖမ်းဆီး သင်တန်းပေးထားသည့် တပ်သားသစ်များကို အောင်ဇေယျ စစ်ဆင်ရေး၌ အသုံးပြုနေခြင်းဖြစ်၍ တပ်သားသစ်များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များထံ ထွက်ပြေးခိုလှုံမှုများလည်း ဆက်တိုက်ရှိနေရာ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၈ဦးထက်မနည်း KNLA ပူးပေါင်းတပ် ကော်ဘရာ စစ်ကြောင်းထံ အလင်းဝင်ခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက ယခုနှစ် ဖေဖော်ဝါရီလဆန်းတွင် ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်