Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံခရိုင်ရှိစစ်တပ်အထိုင်စခန်းများကို PDF များတပြိုင်နက်တိုက်ခိုက် ၊တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်း (၅)နေရာထက်မနည်းကို ယနေ့(မေလ ၁၅ ရက်)နံနက်ပိုင်းမှစတင်ကာ တော်လှန်ရေးပူးပေါင်းတပ်များက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်​ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးသတင်း ရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

​မေ ၁၅ ရက်တိုက်ပွဲတွင် မြင်းခြံခရိုင် တပ်ရင်း(၇) မှ ကျဆုံးခဲ့တဲ့PDF ၅ ဦး ။ဓါတ်ပုံ-Zero

မေ-၁၅၊၂၀၂၅။ထင်လင်း၊ရှိန်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်း (၅)နေရာထက်မနည်းကို ယနေ့(မေလ ၁၅ ရက်)နံနက်ပိုင်းမှစတင်ကာ တော်လှန်ရေးပူးပေါင်းတပ်များက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်​ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးသတင်း ရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

မြင်းခြံမြို့နယ်တွင် ဆီမီးခုံ၊ကျောက်ပြုတ်၊ နွားထိုးကြီးမြို့နယ်တွင် ဝက်လူး၊ တရုတ်-မြန်မာဓါတ်​ငွေ့ပပိုက်လိုင်းအစောင့်ဂိတ်စခန်း နှင့် နွားထိုးကြီးမြို့ပေါ် နှင့် တောင်သားမြို့နယ်တွင် ထနှောင်းကုန်းစသည့်နေရာများပါဝင်ပြီး စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်၍ ခုခံခဲ့ကြောင်း တော်လှန် ရေးသတင်းရင်းမြစ်များက ပြောသည်။

“ကျောက်ပြုတ်တိုက်ပွဲတခုပဲ လေကြောင်း လွတ်မယ်ထင်တယ်။ ဝက်လူးရော၊တရုတ်ဂက်စ်ပိုက်လိုင်းဘက်မှာရော လေကြောင်း အတော်လေးကြဲတယ်”ဟု ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

မြင်းခြံမြို့နယ် ဆီမီးခုံမြို့ရှိ စစ်ကောင်စီအထိုင်စခန်းအားမေလ ၁၅ ရက်နံနက် ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်မှ လေယာဥ်ဖြင့်လာရောက်ဗုံးကြဲ၍ ပစ်ကူပေးခဲ့ပြီး ဗုံးဆံထိမှန်၍ PDF ငါးဦးကျဆုံးခဲ့ပြီး သေနတ်ကျည်ထိမှန်သည့်ရဲဘော်တစ်ဦးအပါအဝင် စုစုပေါင်းရဲဘော်ခြောက်ဦးကျဆုံးကြောင်း ၎င်းက ဆက်ပြောသည်။

အထက်ပါ တိုက်ခိုက်မှုများအနက် ရဲဘော်ခြောက်ဦးကျဆုံးခြင်းနှင့်စပ်လျဥ်းပြီး မြင်းခြံခရိုင် တပ်
ရင်း (၇) မှ Zero ကိုသက်ကြီးက ၎င်း ၏ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ရဲဘော်အချို့မှ စစ်ကောင်စီတပ်စခန်းအား ဝင်ရောက်စီးနင်းတိုက်
ခိုက်နေချိန် နောက်မှကာပစ်ပေးနေသော ရဲဘော်များရှိနေသည့်နေရာသို့ ပေါင် ၅၀၀ ဗုံးကျရောက်
ပေါက်ကွဲခဲ့ခြင်းဟု​ရေးသားထားသည်။

နှစ်ဘက်ရင်ဆိုင်တိုက်ပွဲများတွင် စစ်တပ်မှလည်း ထိခိုက်သေဆုံးမှုများရှိကာ အထိနာနေပြီး ​နွားထိုးကြီးမြို့နယ်ရှိ တရုတ်-မြန်မာဓါတ်​ငွေ့ပိုက်လိုင်းအစောင့်ဂိတ်စခန်းတိုက်ခိုက်မှုတွင် လက်နက်ခဲယမ်းအချို့ရရှိထားသည်ဟု ကနဦးသိရပြီး တိုက်ပွဲအခြေအနေအပြည့်အစုံကို မသိရသေးပေ။

​​ဒေသခံစစ်​ရေးရင်းမြစ်တဦးက “တိုက်ပွဲနဲ့ပတ်သက်လို့ကတော့ သက်ဆိုင်ရာအဖွဲ့တွေကထုတ်ပြန်ပါလိမ့်မယ်။သေချာတာက တိုက်တဲ့ရဲစခန်းဘက်ကလည်း တော်တော်အထိနာတယ်။လေယာဉ်နဲ့ ပစ်ကူပြီး ပျူနဲ့ စစ်အင်အားတွေ ထပ်ရောက်လာလို့ ပြန်ပေးလိုက်ရတာ”ဟု​ပြောသည်။

မြင်းခြံခရိုင်အတွင်း စစ်ရေးဖော်ဆောင်နေခြင်းနှင့်စပ်လျဥ်းပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ မြင်းခြံခရိုင် တပ်ရင်း (၁)မှ တပ်ရင်းမှူးထံဆက်သွယ်မေးမြန်းရာ “ဖြေပေးလို့ မရသေးပါဘူးဗျ။ အသေးစိပ်အခြေအနေက ထုတ်ပြန်မှပဲ ဖြေပေးပါ့မယ်”ဟု လူထုနွေဦးသို့ အကြောင်းပြန်ကြားခဲ့သည်။

စစ်ကောင်စီတပ်မှ မနက်၇နာရီခန့်မှစ၍ ညနေ
၅နာရီ ခန့်အထိ လေကြောင်းတိုက်ခိုက် ပစ်ကူ​ပေးမှုများပြုလုပ်ခဲ့​ကြောင်းသိရသည်။ မေလ ၁၅ ရက်ည ၉ နာရီခန့်အထိ ရရှိထားသော တိုက်ပွဲအခြေအနေများအရ တိုက်ပွဲဆက်ဖြစ်နေဆဲ နေရာများရှိသလို စစ်ဆိုင်ထားဆဲနေရာများလည်းရှိ​ကြောင်းစုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ကာကွယ်ရေးရဲဘော် ၁၂ဦးအတွက် ရှင်ပြုအလှူအပါအဝင် ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးခဲ့တယ်လို့ တမူးခရိုင်အမှတ်(၂)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တိုက်ပွဲအတွင်း ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန်(၅၁၀၂)တပ်ရင်းလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၅ဦး ကျဆုံးခဲ့ရတယ်လို့ အဲဒီတပ်ရင်းက ဒီကနေ့ ဧပြီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့ အနောက်မြောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးတပ်တွေကြား စစ်ရေး တင်းမာနေတယ်လို့သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ တပ်စခန်းများတိုက်ခိုက်ခံရပြီးနောက် မန္တလေးနှင့် ပခုက္ကူမြို့တို့မှ စစ်ကောင်စီတပ်သားများတင်ဆောင်လာသည့် သင်္ဘောလေးစီးသည် ဆီမီးခုံမြို့ဆိပ်ကမ်းကို ဦးတည်လာနေကြောင်း စစ်ဘက်သတင်းရင်းမြစ်အချို့က ပြောသည်။