Connect with us

Hi, what are you looking for?

သတင်း

မြန်မာနဲ့ နယ်စပ်၊ မဏိပူရမှာ စစ်သွေးကြွ ၁၀ ဦးကို ရှင်းလင်းခဲ့တယ်လို့ အိန္ဒိယ စစ်တပ်ပြော

မြန်မာနိုင်ငံနဲ့ ထိစပ်ရာ မဏိပူရ ပြည်နယ်ထဲမှာ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲတစ်ခု ဖြစ်ပွားပြီးတဲ့နောက် စစ်သွေးကြွ ၁၀ ဦးထက်မနည်းကို ရှင်းလင်းနိုင်ခဲ့တယ်လို့ အိန္ဒိယ စစ်တပ်က ပြောပါတယ်။

Getty Images

မြန်မာနိုင်ငံနဲ့ ထိစပ်ရာ မဏိပူရ ပြည်နယ်ထဲမှာ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲတစ်ခု ဖြစ်ပွားပြီးတဲ့နောက် စစ်သွေးကြွ ၁၀ ဦးထက်မနည်းကို ရှင်းလင်းနိုင်ခဲ့တယ်လို့ အိန္ဒိယ စစ်တပ်က ပြောပါတယ်။

နယ်စပ်တလျှောက်မှာ လက်နက်ကိုင် အင်အားစုတွေရဲ့ လှုပ်ရှားမှု ထောက်လှမ်းရေး သတင်း အချက်အလက်တွေကို အခြေခံပြီး မေလ ၁၄ ရက်နေ့မှာ စစ်တပ်က စစ်ဆင်ရေးတစ်ခု အကောင်အထည် ဖော်ခဲ့ကြောင်း၊ အဲဒီမှာ တိုက်ပွဲဖြစ်ခဲ့ကြောင်း အိန္ဒိယ စစ်တပ်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

အဲဒီ စစ်သွေးကြွ အဖွဲ့ဝင်တွေကို အိန္ဒိယ စစ်တပ်က စတင်ပစ်ခတ်ခဲ့ပြီး တစ်ဖက်ကလည်း ချက်ချင်း တုံ့ပြန်ခဲ့ကြောင်း၊ တိုက်ပွဲထဲမှာ ရန်သူ စစ်သွေးကြွ ၁၀ ဦးကို သုတ်သင်နိုင်ခဲ့ပြီး လက်နက် ခဲယမ်း အတော်များများကို သိမ်းဆည်း ရမိခဲ့ကြောင်း အိန္ဒိယ စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ကြေညာချက်မှာ စစ်သွေးကြွတွေလို့ သုံးနှုန်းထားပေမယ့် ဘယ်အဖွဲ့အစည်းလဲ ဆိုတာကိုတော့ တိတိကျကျ ဖော်ပြမထားပါဘူး။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ လတုန်းက Reuters သတင်းဌာနဟာ အိန္ဒိယ အခြေစိုက် အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် အစုအဖွဲ့တွေဟာ နယ်စပ်ကိုဖြတ်ပြီး မြန်မာဖက်ခြမ်းက ပြည်တွင်းစစ်မှာ ပါဝင် တိုက်ခိုက်ခဲ့တဲ့နောက် မဏိပူရ ပြည်နယ်ထဲ ပြန်လည် ဝင်ရောက်လာပြီး လှုပ်ရှားနေကြကြောင်း ဖော်ပြခဲ့ဖူးပါတယ်။

မဏိပူရဟာ အိန္ဒိယရဲ့ အဓိကကျတဲ့ ကျယ်ပြန့်တဲ့ အစိတ်အပိုင်းတွေကို ကျဉ်းမြောင်းတဲ့ ကုန်းမြေ စင်္ကြံနဲ့သာ ဆက်စပ်နေတာဖြစ်ပြီး လုံခြုံရေး ကဏ္ဍအရ အိန္ဒိယ အစိုးရအတွက် ခေါင်းခဲစရာတွေ ကြုံရလေ့ရှိတဲ့ နယ်မြေတစ်ခုပါ။ ပြီးတော့ မဏိပူရမှာ ၂၀၂၃ ခုနှစ် မေလကစပြီး လူမျိုးရေး ပဋိပက္ခတွေ တကျော့ပြန် မြင့်တက်လာတာကြောင့် အသေအပျောက် ရာနဲ့ချီ ရှိခဲ့ပါတယ်။

အိန္ဒိယ စစ်တပ်က မဏိပူရမှာ စစ်သွေးကြွ အစုအဖွဲ့တွေကို ရှာဖွေ ရှင်းလင်းနေတဲ့ စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်နေဆဲလို့လည်း အတည်ပြုထားပါတယ်။

ကိုးကား: BDNews 24

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။