Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားမြို့၌ စစ်ကောင်စီက ရုတ်တရက် လုံခြုံရေးတင်းကြပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ပြီး ပြည်သူများ စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း အဆိုပါမြို့ခံအချို့နှင့် ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီ ၂ရက်တွင် တွေ့ရသည့် မြစ်ကြီးနားမြို့တနေရာ မြင်ကွင်း။ ဓာတ်ပုံ - AFP

မေ ၂၂၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ပြီး ပြည်သူများ စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း အဆိုပါမြို့ခံအချို့နှင့် ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

မေလ ၂၀ရက်တွင် ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်သို့ စစ်အင်အားဖြည့်လာသည့် ရဟတ်ယာဉ် ၂စီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ပစ်ချခဲ့သည့် ဖြစ်စဉ်အပြီး မေလ ၂၁ရက်တွင် စစ်ကောင်စီက မြစ်ကြီးနားမြို့တွင် ပြည်သူများအား စစ်ဆေးမှုများ ပိုပြုလုပ်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“အဲဒီလို ဖြစ်သွားတာ ဟုတ်တယ်။ တခြားအကြောင်းတွေ မသိရပေမယ့် ရုတ်တရက်ကြီး မနက် ၈နာရီ လောက်ကနေ ကချင်ပြည်နယ် မြစ်ကြီးနားအထွက် မှာစစ်ဆေးပြီးတော့ မြစ်ကြီးနား တမြို့လုံးကို လုံခြုံရေးတွေ တင်းကြပ်တာပေါ့နော်။ အဲဒါ မနေ့တုန်းကပေါ့။ ၂၀ရက် နေ့ညကတော့ သေနတ်သံကြားတယ်။ အဲဒီ သေနတ်သံကြားတာကလည်း ဆိုင်ကယ်မရပ်ပေးလို့ ပစ်လိုက်တာ ပွဲချင်းပြီးပုံစံ အဲဒီလိုသတင်းကြားတယ်”ဟု မြစ်ကြီးနား ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် လိုင်စင်မဲ့ကား ဖမ်းဆီးဆိုသည့် သတင်းများလည်းရှိနေကြောင်း၊ ပြည်သူများ၏ ဖုန်းများအား စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံက မြို့၏ ထူးခြားမှု အခြေအနေကို ပြောသည်။

” ဖုန်းတွေလည်း စစ်တယ်တဲ့။ တမြို့လုံးမှာ စစ်တယ်ပေါ့။ မနေ့က မိုးရွာတယ်။ မိုးရွာပြီးရင်တောင်မှ ပြန်ထွက်လာရင် ပြန်စစ်တယ်ပေါ့။ အဲဒီလို ထူးခြားဖြစ်စဉ်လေးတွေတော့ ကြားရတယ်။ ဒီနေ့တော့ ထူးထူးခြားခြားတော့ မတွေ့ဘူး။ မြစ်ကြီးနား ပြည်သူလူထုအနေနဲ့တော့ စိတ်ပူတာပေါ့”ဟု မြစ်ကြီးနားမြို့ခံက ပြောသည်။

စစ်ကောင်စီက ထိုသို့ ပြည်သူလူထုများအား ပိုမိုတင်းကြပ်လာခြင်းသည် ဗန်းမော်မြို့တိုက်ပွဲအပါအဝင် ကချင်ဒေသ စစ်ရေးတိုက်ပွဲများ၌ အထိနာနေသည့် အခြေအနေများကြောင့် ဖြစ်နိုင်သည်ဟုလည်း ကချင်သတင်းရင်းမြစ်က သုံးသပ်သည်။

ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကလည်း မြစ်ကြီးနား မြို့တွင်း၊မြို့ပြင်ရှိ ပြည်သူများအား လုံခြုံရေး သတိပြုရန် သတိပေး နှိုးဆော်ထားသည်။

လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေအားဖြင့် စစ်ကောင်စီနှင့် ၎င်းတို့ လက်အောက်ခံ ရှမ်းနီး SNA တပ်မဖွဲ့များ အင်အား ၂၀၀ကျော်သည် မြစ်ကြီးနားမြို့တွင်း လုံခြုံစွာနေထိုင်နိုင်ရေး ခေါင်းစဉ် အမည်တပ်ကာ နေရာအနှံ့အင်အားအလုံးအရင်းဖြင့် ပြည်သူများအား ဆိုင်ကယ်၊ ကား၊ သုံးဘီးများ ရပ်ခိုင်းပြီး ဖုန်းများ စစ်ဆေးနေကြောင်း၊ စစ်ဆေးရန် တားဆီးသည်ကို ရပ်တန့်ပေးခြင်းမရှိပါက မည်သည့် ကား၊ ဆိုင်ကယ် မဆို ပစ်ခတ်ရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ)က အမိန့်ထုတ်ထားသည်ဟု သတင်းရရှိထားကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

ထို့ပြင် ပြည်သူများအနေဖြင့် ဖုန်းများတွင် နိုင်ငံရေး၊ စစ်ရေးနှင့် ပတ်သက်သော မှတ်တမ်းများ၊ ဆန္ဒပြရာတွင် အသုံးပြုခဲ့သည့် အသုံးအဆောင်များ ယူဆောင်၊ သယ်ဆောင်မိခြင်း မဖြစ်စေရေး လုံး၀ မလုပ်ရန် နှိုးဆော်ထားသည်။စစ်ကောင်စီက တယ်လီဖုန်းများ၌ဖျက်ထားသည့် ဓာတ်ပုံ၊ ဗီဒီယိုများ၊ စာရွက်စာတမ်းမှတ်တမ်းများ အားလုံး ပြန်ရှာဖွေနိုင်သည့် နည်းပညာပစ္စည်းများ အသုံးပြု ဖမ်းဆီးမှုများလုပ်နေကြောင်း သတင်ရ၍ ပြည်သူများ သတိထား သွားလာကြရန်လည်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။