Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်-မုံရွာလမ်းမကြီး စလင်းမြို့နယ်လမ်းပိုင်း၌ တိုက်ပွဲပြင်းထန်နေ

ပုသိမ်-မုံရွာလမ်းမကြီး စလင်းမြို့နယ်အနီး လမ်းပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ရေးနယ်မြေနှင့်မသက်ဆိုင်သော ရွာလေးရွာကို စစ်ကောင်စီက ဗုံးကြဲကာ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများကပြောသည်။

စလင်းမြို့နယ် နှင့် အနီးဝန်းကျင်ကို Google Earth တွင်​တွေ့ရမှု

​မေ-၂၂၊၂၀၂၅။ဇော်ရမ်း/People’s Spring

ပုသိမ်-မုံရွာလမ်းမကြီး စလင်းမြို့နယ်အနီး လမ်းပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ရေးနယ်မြေနှင့်မသက်ဆိုင်သော ရွာလေးရွာကို စစ်ကောင်စီက ဗုံးကြဲကာ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများကပြောသည်။

ပုသိမ်-မုံရွာလမ်းမကြီးလမ်းပိုင်းတွင် မေလ၂၁ရက် နံနက်မှစ၍ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စလင်းမြို့နယ်၊ ပိန္နဲပင်ရွာ နှင့် ငလင်ပန်းရွာတို့ကို စစ်​ကောင်စီတပ်က နံနက် ၁၁နာရီခွဲခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲကာဂွေးကုန်း နှင့် ငသန်ခေါင်းရွာကို ညနေ ၅နာရီ၄၄ မိနစ်ခန့်မှစ၍ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု စလင်းမြို့ခံတဦးကပြောသည်။

“တိုက်ပွဲဖြစ်နေတဲ့နေရာတွေနဲ့အဝေးကြီးကို ပစ်တာဗျ။ ဂွေးကုန်း၊ငသန်ခေါင်းကို စစ်ကြောင်းဝင်ပြီးမီးရှို့သလို လက်နက်ကြီးတွေနဲ့ပစ်တာ။ လက်နက်ကြီးတွေကို ဘယ်မှာထိုင်ထားတယ်တော့မသိဘူး။ ပစ်သံမကြားရဘဲ ကျပြီးပေါက်ကွဲသံကိုကြားရတာ” ဟု စလင်းမြို့ခံ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ရွာလေးရွာမှ ဒေသခံများသည်ဘေးလွတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေကြရပြီး စစ်ကောင်စီ၏တိုက်ခိုက်မှုများကြောင့် ထိခိုက်မှုအခြေအနေကို မသိရှိရသေးပေ။

ပုသိမ်-မုံရွာလမ်းပိုင်းတွင် မကွေးတိုင်း၊ စလင်းမြို့နယ်အပြင် အထက်မင်းလှမြို့နယ်၊ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်တို့တွင်လည်း စစ်ရေးတင်းမာနေသည်။ လမ်းပိုင်းတလျှောက်ခရီးသွားများ သတိပြုသွားလာကြရန် ကာကွယ်ရေးတပ်များက သတိပေးထားသည်။

ပြီးခဲ့သည့်မေလ ၁၄ရက်​နေ့ကလည်းအထက်မင်းလှမြို့နယ်အတွင်း ပုသိမ်-မုံရွာလမ်းပိုင်းတွင် အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံးခဲ့ကြောင်းအထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။