Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတွင် ပေါ်တာဆွဲခံရပြီး ပဲခူးစစ်မြေပြင်သို့ အပို့ခံရသူ စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦး PDF ထံအလင်းဝင်

ဧရာဝတီတိုင်းတွင် စစ်ကောင်စီက အတင်းအဓမ္မပေါ်တာဆွဲ စုဆောင်းပြီး ပဲခူးတိုင်းသို့ ပို့ဆောင်ခံလိုက်ရသော စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦးသည် သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်း(P23801) ထံ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည်။

စစ်တပ်၏ အဓမ္မစစ်သားစုဆောင်းခံခဲ့ရသူနှစ်ဦး အလင်းဝင်လာအပြီးတွေ့ရစဉ်။ ဓာတ်ပုံ-P23801

မေ-၂၃၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

ဧရာဝတီတိုင်းတွင် စစ်ကောင်စီက အတင်းအဓမ္မပေါ်တာဆွဲ စုဆောင်းပြီး ပဲခူးတိုင်းသို့ ပို့ဆောင်ခံလိုက်ရသော စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦးသည် သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်း(P23801) ထံ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည်။

ဧရာဝတီတိုင်း ရေကြည်နှင့် ကျုံပျော်မြို့နယ်မှနိုင်ဝေလင်းနှင့် ရာဇာမင်းဆိုသူနှစ်ဦးသည် မေလ ၁၉ရက်က အလင်းဝင်လာခြင်းဖြစ်သည်။ ၎င်းတို့က MA 1 သေနတ်(၂)လက်၊ လက်ပစ်ဗုံး(၁)လုံး၊ စကားပြောစက်(၁)လုံး၊ ကျည်ဘောက်(၆)ခုယူဆောင်လာခဲ့သည်ဟု သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်း(P23801)က သတင်းထုတ်ပြန်သည်။

နိုင်ဝေလင်းနှင့် ရာဇာမင်းသည် ယခင်က တပ်တွင်း ကင်းနှင့် တပ်တွင်းသက်သာချောင်ချိရေး လုပ်ငန်းများတွင်သာ တာဝန်ထမ်းဆောင်ရပြီး ယခုရက်ပိုင်း၌ နတ်တလင်းမြို့နယ် ပျဉ်ပုံရွာသို့ လှုပ်ရှားစစ်ကြောင်းနှင့်အတူ ရောက်ရှိလာစဉ် ထွက်ပြေးလာခဲ့ခြင်းဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

“သူတို့က ဖမ်းဆီးပြီး စစ်သားစုဆောင်းခံရတာ။ စစ်တပ်ကို ပြန်တိုက်မယ်လို့ပြောတယ်”ဟု နတ်တလင်းမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

တော်လှန်ရေးတပ်များနှင့်ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ပြန်လည်တိုက်ပွဲဝင်မည်ဟု ပြောဆိုကြောင်း သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်း(P23801) က သတင်းထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခံရသူများသည် ပဲခူးတိုင်းအပြင် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းများသို့လည်း ပို့ဆောင်ခံရသည်။

အာရက္ခတပ်တော်(AA) ၏ ဂွမြို့သိမ်းတိုက်ပွဲ၊ စစ်ကိုင်းတိုင်းမှ အင်းတော် မြို့သိမ်းတိုက်ပွဲ၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ၊ မန္တလေးတိုင်း စဉ့်ကူးမြို့သိမ်းတိုက်ပွဲများတွင် ဧရာဝတီတိုင်းမှ စစ်မှုထမ်းသင်တန်းဆင်းများထိခိုက်သေဆုံးမှုများပြီး ဖမ်းဆီးခံရသူများလည်းရှိခဲ့သည်။

လက်ရှိတွင် တိုက်ပွဲများပြင်းထန်နေသည့် ဧရာတတီတိုင်း၊ လေးမျက်နှာနှင့် ရေကြည်မြို့နယ်မှ တိုက်ပွဲများတွင်လည်း စစ်မှုထမ်းသင်တန်းဆင်းများကို စစ်ကောင်စီက အများဆုံးအသုံးပြုနေသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နာမြို့မှာ ငဝန်မြစ် ရေကာတာကျိုးလို့ ရပ်ကွက်နဲ့ကျေးရွာ ၆ ခုထက်မနည်း အရေးပေါ်ရွေ့ပြောင်းနေရပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။