Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းမြို့နယ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ဒေသခံ ခုနစ်ဦးသေဆုံး၊ ၁၀ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊မင်းစုကျေးရွာကို စစ်ကောင်စီတပ်က ယနေ့(မေလ ၂၃ရက်)ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲရာ ကလေးငယ်အချို့ပါဝင် ၇ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရသည်ဟု အဆိုပါမြို့ခံများထံမှ သတင်းရရှိသည်။

၂၀၂၄ ဇွန် ၃ ရက်က မင်းကင်းမြို့နယ် မတောရွာ မင်္ဂလာဆောင်လေကြောင်းတိုက်ခိုက်ခံရပြီး ပျက်စီးမှုများ မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မေ ၂၃၊၂၀၂၅။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊မင်းစုကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (မေလ ၂၃ရက်) ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲရာ ကလေးငယ်အချို့ပါဝင် ၇ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရသည်ဟု အဆိုပါမြို့ခံများထံမှ သတင်းရရှိသည်။

” ပထမက တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရတယ် လို့ကြားတာ။ အခုထပ်ပြီးကြားရတာက ခုနစ်ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရတာပါ။ တိုက်ပွဲဖြစ်နေတာမရှိဘဲ လာပစ်တာပါ။ ဒေသခံတွေနေတဲ့အိမ်ပေါ်ကိုတည့်တည့်ကျတာပါ”ဟု မင်းကင်းမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုသည် ယနေ့ (မေလ ၂၃ ရက်) ည‌ နေ၂ နာရီ ၄၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ဒေသခံများသည် ထိတ်လန့်ကြောက်ရွံ့နေကြောင်း မင်းကင်းမြို့မှ လူမှုကူညီရေးလုပ်ဆောင်သူအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ” ဒေသခံတွေကို အရေးပေါ်ကူညီရေးတွေလုပ်ပေးနေရတယ်။ နောက်ထပ်လေကြောင်းရန်ကိုလည်း သတိပေးနေရတယ်”ဟု ပြောသည်။

ဒဏ်ရာရသူ ၁၀ဦးတွင်လည်း ကလေးငယ်နှင့်အမျိုးသမီးများပါဝင်ပြီး စိုးရိမ်ရသည့်အခြေအနေရှိကြောင်း ၎င်းက ပြောသည်။

မင်းစုကျေးရွာသည် မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၊ သာစည်ကျေးရွာအုပ်စုတွင်ဝင်ပါဝင်ပြီး လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံအလယ်ပိုင်း မြင်းခြံ - မြို့သာလမ်းပိုင်းက ကျေးရွာအချို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဗုံးကြဲခံရပြီးအရပ်သားထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသတွင်းအခြေစိုက် တော်လှန်ရေးအဖွဲ့ထံကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကနိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့ရာအာဏာသိမ်းပြီးချိန်မှ ယခုနှစ် မေလကုန်အထိ လေကြောင်း တိုက်ခိုက်မှုများကြောင့် လေးငယ်များအပါအဝင် သေဆုံးသူ ၃,၁၀၀ ကျော်ရှိခဲ့​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်သည်။

ဆောင်းပါး

အိုးတိန်တွင်းရွာရဲ့​မေလ ၁၂ ရက်​နေ့ မနက်ခင်းဟာ သာသာယာယာပင် နိုးထလာပါတယ် ။ ကျောင်းသား​တွေက ကျောင်းသွားဖို့ပြင်ဆင်​နေကြပါတယ်။ပုံမှန်ဆိုရင်​တော့မေလဟာနွေကျောင်းပိတ်ရက်​တွေဖြစ်ပါတယ်။‌‌ဒါ‌​ပေမယ့် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းမှာ အညာမြေဟာ တော်လှန်ရေးကာလအတွင်း ကျောင်းပိတ်ထားရချိန် ကလေးငယ်တွေရဲ့ အသက်နဲ့အတန်းတွေ မမျှတာကြောင့် ‌‌‌‌‌‌‌၆ လ တစ်ကြိမ် အတန်းတင် စာမေးပွဲ ဖြေကာ တနှစ်ကို ၂...

သတင်း

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊မင်းစုကျေးရွာကို စစ်ကောင်စီတပ်က ယနေ့(မေလ ၂၃ရက်)ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် သေဆုံးသူထပ်တိုးပြီး ကလေးငယ်အချို့ပါဝင် စုစုပေါင်း ၁၀ဦးသေဆုံးကာ ၁၀ဦးခန့် ဒဏ်ရာရသည်ဟု အဆိုပါမြို့ခံများထံမှ သတင်းရရှိသည်။