Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းမြို့နယ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ဒေသခံ ခုနစ်ဦးသေဆုံး၊ ၁၀ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊မင်းစုကျေးရွာကို စစ်ကောင်စီတပ်က ယနေ့(မေလ ၂၃ရက်)ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲရာ ကလေးငယ်အချို့ပါဝင် ၇ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရသည်ဟု အဆိုပါမြို့ခံများထံမှ သတင်းရရှိသည်။

၂၀၂၄ ဇွန် ၃ ရက်က မင်းကင်းမြို့နယ် မတောရွာ မင်္ဂလာဆောင်လေကြောင်းတိုက်ခိုက်ခံရပြီး ပျက်စီးမှုများ မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မေ ၂၃၊၂၀၂၅။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊မင်းစုကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (မေလ ၂၃ရက်) ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲရာ ကလေးငယ်အချို့ပါဝင် ၇ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရသည်ဟု အဆိုပါမြို့ခံများထံမှ သတင်းရရှိသည်။

” ပထမက တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရတယ် လို့ကြားတာ။ အခုထပ်ပြီးကြားရတာက ခုနစ်ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရတာပါ။ တိုက်ပွဲဖြစ်နေတာမရှိဘဲ လာပစ်တာပါ။ ဒေသခံတွေနေတဲ့အိမ်ပေါ်ကိုတည့်တည့်ကျတာပါ”ဟု မင်းကင်းမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုသည် ယနေ့ (မေလ ၂၃ ရက်) ည‌ နေ၂ နာရီ ၄၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ဒေသခံများသည် ထိတ်လန့်ကြောက်ရွံ့နေကြောင်း မင်းကင်းမြို့မှ လူမှုကူညီရေးလုပ်ဆောင်သူအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ” ဒေသခံတွေကို အရေးပေါ်ကူညီရေးတွေလုပ်ပေးနေရတယ်။ နောက်ထပ်လေကြောင်းရန်ကိုလည်း သတိပေးနေရတယ်”ဟု ပြောသည်။

ဒဏ်ရာရသူ ၁၀ဦးတွင်လည်း ကလေးငယ်နှင့်အမျိုးသမီးများပါဝင်ပြီး စိုးရိမ်ရသည့်အခြေအနေရှိကြောင်း ၎င်းက ပြောသည်။

မင်းစုကျေးရွာသည် မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၊ သာစည်ကျေးရွာအုပ်စုတွင်ဝင်ပါဝင်ပြီး လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

Facebook