Connect with us

Hi, what are you looking for?

သတင်း

ငလျင်​ဘေးသင့်စစ်ကိုင်းက လူငယ်၂၀ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့က လူငယ် ၂၀ကျော် စစ်မှုထမ်းဖို့ စစ်ကောင်စီရဲ့ဖမ်းဆီးမှုခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရတနာပုံတံတား စစ်ဆေးရေးဂိတ်က စစ်အုပ်စုတွေ ခရီးသည်တင်ယာဥ်ကို စစ်ဆေးနေစဥ်။ ဓာတ်ပုံ-CJ

မေ ၂၄၊၂၀၂၅။မေရီ/People’s Spring

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့က လူငယ် ၂၀ကျော် စစ်မှုထမ်းဖို့ စစ်ကောင်စီရဲ့ဖမ်းဆီးမှုခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလဒုတိယပတ်အတွင်းက စစ်ကိုင်းမြို့အဝင် ရတနာပုံတံတား စစ်ဆေးရေးဂိတ်ကနေ မန္တလေးမြို့ဘက်ကိုသွားမယ့် လူငယ် အယောက် ၂၀ကျော်ကို စစ်မှုထမ်းဖို့ တပ်မ(၃၃)ထဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက်ခင်း အလုပ်သွားတဲ့အချိန် တားဖမ်းတာ။ တော်တော်အဖမ်းခံလိုက်ရတယ်။”လို့ စစ်ကိုင်းမြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ငွေကြေးလိုက်နိုင်သူတချို့ကတော့ ကျပ်သိန်း ၂၀၀နီးပါး အကုန်ခံပြီးလိုက်ခဲ့လို့ ပြန်လည်လွတ်မြောက်လာတယ်လို့လည်း ဒေသခံတချို့က ဆိုပါတယ်။

ဒါ့အပြင် အဲဒီရက်ကပဲ ဆီမှောင်ခိုသယ်တဲ့ ပြည်သူ ၂၀နီးပါးကိုလည်း စစ်တပ်က မြို့အဝင်ဂိတ်မှာတင် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဆီသယ်တဲ့သူတွေကော အကုန်ရောဖမ်းတာ။”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းမြို့ထဲမှာလည်း စစ်အုပ်စုက နေရာတွေခွဲပြီး စစ်ဆေးရေးလုပ်ကာ စစ်မှုထမ်းဖို့ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကိုင်းမှာ ငလျင်ဘေးသင့်လို့ ပြည်သူ ၆၀၀ နီးပါးသေဆုံးပြီး ပြိုပျက်နေတဲ့အဆောက်အဦးများလည်း အများအပြားရှိနေကာ အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံံမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနဝန်ထမ်းရဲ့အမျိုးသားကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ​ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။

သတင်း

စစ်ကိုင်းမြို့မှာ စစ်တပ်က ကုန်တင်ကားပေါ်က စပယ်ယာလူငယ်တစ်ဦးကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

ပေါ်တာဆွဲဖမ်းဆီးတာကြမ်းနေတဲ့ စစ်ကိုင်းမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ဘုရားပွဲတော်တွေ ပြန်လည်ကျင်းပခိုင်းနေကြောင်း မြို့ခံတွေက ပြောပါတယ်။

Facebook