Connect with us

Hi, what are you looking for?

သတင်း

ကျွန်းကြီးရွာမင်္ဂလာပွဲ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု ကလေးငယ်များအပါအဝင် ၁၀ဦးသေဆုံး၊ ၂၀ကျော် ဒဏ်ရာရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြိုနယ်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဧည့်ခံပွဲ‌နေအိမ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ၁၀ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ အမှတ်(၂)စစ်ဒေသခွဲကထုတ်ပြန်သည်။

ကျောက်ကြီးမြိုနယ်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဧည့်ခံပွဲ‌နေအိမ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓတ်ပုံ - Spring Warriors Column)

မေ၂၅၊၂၀၁၅။ဟန်နွေ/People’s Spring

ပဲခူးတိုင်း၊ ကျောက်ကြီးမြိုနယ်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဧည့်ခံပွဲ‌နေအိမ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ၁၀ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ အမှတ်(၂)စစ်ဒေသခွဲကထုတ်ပြန်သည်။

ကျွန်းကြီးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့(မေလ ၂၅ရက်)နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုမှာ စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများ ၊ လူစည်ကားရာနေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှု ဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကျွန်းကြီးရွာမင်္ဂလာပွဲ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကို Spring Warriors Columnက လည်း ထုတ်ပြန်ခဲ့ရာ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်အချို့ သေဆုံးမှု အဆောက်အဦ ပျက်စီးမှုမှတ်တမ်းများကို ဖော်ပြသည်။ သေဆုံးသူများထဲတွင် သတို့သမီးနှင့် ကလေးငယ်များ ပါဝင်ကြောင်း လည်း အသိပေးထားသည်။

” စစ်ကောင်စီရဲ့ ယုတ်မာရက်စက်မှုတွေကို မမေ့ကြပါနဲ့။ မိဘပြည်သူတို့ အမြဲသတိရှိနေကြဖို့ မေတ္တာရပ်ခံပါတယ်”ဟု Spring Warriors Columnက ရေးသားခဲ့သည်။

စစ်ကောင်စီတပ်သည် မေလကုန်ပိုင်းထိ အပစ်ရပ်စဲရေး ကြေညာထားသော်လည် နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိရာ ပြည်သူလူထု သေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။

မတ်လ ၂၈ရက်က စစ်ကိုင်းငလျင်အပြီး စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူ ၃၀၀ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပြီး သေဆုံးသူများထဲတွင် ကလေးငယ်များစွာ ပါဝင်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီသည် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦ၊ ကျန်းမာရေး အဆောက်အဦ နှင့် ပြည်သူလူထုနေအထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများ လုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ၍ လေးနှစ်အရွယ်ကလေး အပါအဝင် စစ်ဘေးရှောင် မိသားစုဝင်သုံးဦး သေဆုံးခဲ့သည်။

သတင်း

ဖားကန့်တွင် ယနေ့(ဇွန်လ ၂၆ရက်) အစောပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး ယမန်နေ့ ညတွင်လည်း စစ်​ကောင်စီက မြစ်ကြီးနား နှင့် မိုးကုတ်မြို့တို့ကို ​လေ​ကြောင်းမှ ဗုံးကြဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်။

သတင်း

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို ‌ယနေ့ ဇွန်လ ၂၄ရရက် ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်သွားသည်။

သတင်း

လေမျက်နှာ နှင့်​ ​ရေကြည်မြို့နယ်တွင်တိုက်ပွဲများဖြစ်ပွား​နေ