Connect with us

Hi, what are you looking for?

သတင်း

ကျွန်းကြီးရွာမင်္ဂလာဆောင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ပြည်သူ ၁၂ဦး သေဆုံး

ပြင်းထန်ဒဏ်ရာရသူ ၃၇ဦးရှိပြီး ကလေးငယ် ၁၃ဦးပါဝင်ဟု KNUထုတ်ပြန်

ကျွန်းကြီးကျေးရွာ၌ မင်္ဂလာဆောင်အား လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Aung Kyaw Moe

မေ ၂၆၊၂၀၂၅။ထားမြတ်/People’s Spring

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ကျွန်းကြီးကျေးရွာ မင်္ဂလာဆောင် စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးနှင့် သတို့သမီးအပါအဝင် ၁၂ဦး သေဆုံးပြီး ကလေးငယ် ၁၃ဦး အပါအဝင် ၃၇ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့(မေလ ၂၆ရက်) ထုတ်ပြန်သည်။

မေလ ၂၅ရက် နံနက်က KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းပါဝင်သည့် ကျွန်းကြီးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့၍ ဒေသခံအများအပြား သေဆုံးထိခိုက်ခဲ့ရခြင်းဖြစ်သည်။

တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် သတို့သမီးနှင့် (၅)နှစ်အရွယ် ကလေးနှစ်ဦး အပါအဝင် မင်္ဂလာပွဲတက်ရောက်သည့် ဒေသခံစုစုပေါင်း(၈)ဦး ပွဲချင်းပြီးသေဆုံးပြီး စိုးရိမ်ဒဏ်ရာရရှိသူများ ၄၁ဦးရှိခဲ့ရာ လေးဦး ထပ်မံ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိ၊ လက်နက်ကိုင်မရှိသည့် ဒေသခံ ပြည်သူလူထုများနေထိုင်သော ကျွန်းကြီးကျေးရွာ မင်္ဂလာပွဲကျင်းပသည့် နေရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း KNUက ထုတ်ပြန်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်(၁၁)လုံး၊ ဈေးဆိုင်တစ်ဆိုင်၊ တဲတစ်လုံးနှင့် စာသင်ကျောင်းခြံ ပျက်စီးခဲ့ရဟု KNUက အသိပေးသည်။

စစ်ကောင်စီအနေဖြင့် စစ်စည်းကမ်း ဥပဒေများမလိုက်နာဘဲ အရပ်သားများအား လေကြောင်း တိုက်ခိုက်သတ်ဖြတ်ခဲ့သည့် လုပ်ရပ်သည် များစွာ အောက်တန်းကျကြောင်း ကျောက်ကြီးမြို့နယ်အတွင်း တိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့ Spring Warriors Column မှ တာဝန်ရှိသူက ပြောသည်။

“အပြစ်မဲ့ ပြည်သူတွေ အကြောင်းမဲ့ သေရတယ်။ ဒီကောင်တွေရဲ့လုပ်ရပ် ဘယ်လောက်ထိ လူမဆန်လည်းဆိုတာ ဒါကတော့ ကျနော်တို့ တနိုင်ငံလုံး သိပြီးသားဖြစ်တယ်။ ကျနော်တို့ရင်ထဲမှာ နာကျည်းတယ် အရမ်းမုန်းတီးမိတယ်။ ဘာမှ မဆိုင်တဲ့ ပြည်သူတွေကို ဒီလိုလုပ်စရာ အကြောင်းကို မရှိဘူး” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ ယုတ်မာမှုသိပြီးသား ဖြစ်သော်လည်း မည်သည့်ဒေသ နေနေ သတိရှိစွာ နေထိုင်သွားလာကြရန်လည်း ၎င်းက တိုက်တွန်းသည်။

စစ်ကောင်စီက အချိန်မရွေး အန္တရာယ်ပေးနိုင်၍ ကတုတ်ကျင်း၊ ဘန်ကာများ ခိုင်မာစွာ တည်ဆောက်ထားကြရန် တိုက်တွန်းသည်။

စစ်ကောင်စီသည် ငလျင်ဘေးကြောင့် မေလကုန်အထိ အပစ်ရပ်စဲကြောင်း ကြေညာထားသော်လည်း လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြှင့်ကာ နိုင်ငံတဝန်းအရပ်သား ပြည်သူများကို ပစ်မှတ်ထားသည့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

နမ္မတူမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲပြင်းနေသည့် တနင်္သာရီ မောတောင်လမ်းတွင်လည်း လေယာဉ်ဖြင့် ဗုံးသီးများကြဲချ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်‌ ရှောက်ပင်ရိုးကျေးရွာကို စစ်တပ်က လေကြောင်းကနေ မနေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၆ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။