Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က အင်အားသုံးစစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က အင်အားရာချီ ဖြည့်တင်းနေပြီး နယ်မြေစိုးမိုးဖို့ စစ်ကြောင်းထိုးနေတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်တွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ် ဒေသခံများ စစ်ဘေးရှောင်နေရသည်ကို ၂၀၂၄ ဖေဖော်ဝါရီလကုန်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Infinity Group/FB

မေ ၂၃၊၂၀၂၅/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က အင်အားရာချီ ဖြည့်တင်းနေပြီး နယ်မြေစိုးမိုးဖို့ စစ်ကြောင်းထိုးနေတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်တွေက ပြောပါတယ်။

မေလ၂‌‌၀ရက်ကစတင်ပြီး ကန့်ဘလူမြို့နယ်က ချပ်သင်းရွာနဲ့ ကိုးတောင်ဘို့ကျေးရွာကြားက သင်တောကျေးရွာကိုအထိုင်ချဖို့ ကြိုးပမ်းနေတာလို့ သိရပါတယ်။ ကျွန်းလှမြို့နယ်ဘက်ကလည်းအင်အားရာနဲ့ချီပို့ နေတယ်လို့ သိရပါတယ်။

“ဒီနယ်မြေက အရင်က တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေလေ။အခုအဲ ဒီနယ်မြေကို ကိုးတောင်ဘို့ဘက်က စစ်ကြောင်းထွက်လိုက် ပြန်ဝင်လိုက်၊ချပ်သင်းဘက်က ထွက်လိုက် ပြန်ဝင်လိုက်လုပ်နေတာ အင်အားက စစ်ကြောင်းတကြောင်းကို ၁၅‌၀လောက်ရှိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေထိ တွေ့တိုက်ပွဲ တွေလည်းဖြစ်နေပြီး မေလ‌‌၂၁ရက်နေ့ကလည်း သင်တောရွာပတ်လည်က ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပေါက်ဆိန်ကုန်းကျေးရွာက ပြည်သူတစ်ဦးသေဆုံးကာ သင်တောကျေးရွာက အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲကြောင့် ပေါက်ဆိန်ကုန်း၊သင်တော၊ရှားကျောင်းနဲ့ ယောကုန်းကျေးရွာတွေက ဒေသခံတွေလည်း စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

လက်နက်ကိုင်တော်လှန်မှုအားကောင်းရာ ကန့်ဘလူခရိုင်၊ ကောလင်းခရိုင်၊ ကသာခရိုင်ပါဝင်တဲ့ ဒေသကို “က”သုံးလုံးဒေသလို့လည်း ခေါ်ကြပါတယ်။ အဲဒီဒေသဟာ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေလို့ မဟာဗျူဟာအရ အရေးပါတဲ့ ဒေသဖြစ်ပါတယ်။

ပင်လည်ဘူးမြို့ကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းထားပြီး ကန့်ဘလူနဲ့ နယ်မိချင်းနီးကပ်တဲ့ တကောင်းမြို့နဲ့ သပိတ်ကျင်း၊ စဉ့်ကူးမြို့တွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook