Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့ ရွေးကောက်ပွဲလုံခြုံရေးစစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

မန္တလေးတိုင်း၊တောင်သာမြို့နယ် ရွေးကောက်ပွဲလုံခြုံရေးအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - တောင်သာ ပကဖ

ဇန်နဝါရီ -၂၁၊၂၀၂၆။မိုမို/People’s Spring

မန္တလေးတိုင်း၊တောင်သာမြို့နယ် ရွေးကောက်ပွဲလုံခြုံရေးအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

အင်အား ၂၀၀ဝန်းကျင်ပါတဲ့ စစ်တပ် စစ်ကြောင်းက ကျောက်ပန်းတောင်းမြို့နယ်ကနေ တောင်သာ မြို့နယ်ကို ဇန်နဝါရီ ၁၆ ရက်က ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

ရွာသာလေး၊ သမက္ကူဆည်ဘောင်၊ ဂက်စ်ပိုက်လမ်း၊ ကြည်နူး၊ ကျောက်ပေါက်ရိုး၊​အေးရွာ၊ ဝဲလောင်၊ကျောက္ကာရွာ၊ထနောင်းကုန်းရွာ၊ ပုဒါတ်စကုန်းရွာနဲ့ ကန်သာယာကျေးရွာတွေကနေ တဆင့် ဆင်တဲဝချောင်းကို ဖြတ်ပြီး တောင်သာမြို့ကိုဝင်ရောက်ဖို့ အင်အားပြင်ဆင်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းသွားရာ လမ်းကြောင်းကို တော်လှန်ရေးအင်အားစုတွေက ပြောက်ကျားတိုက်ခိုက်ခဲ့တဲ့အပြင် ဒရုန်းတွေနဲ့လည်း တိုက်ခိုက်ခဲ့တယ်လို့ တောင်သာ ပကဖက ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်တပ်ရဲ့ အထိအခိုက်အကျအဆုံးမသိရဘဲ ကန်သာယာနဲ့ နတ်စောင့်ကျေးရွာဆီ ဦးတည်ပြီး အဲဒီက​နေတောင်သာမြို့ကို ရောက်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“ကိုယ့်ဘက်က လန/ခယ(လက်နက်၊ခဲယမ်း) မလုံလောက်မှုကြောင့် ရည်မှန်းထားတဲ့ထိ မဖြစ် မြောက်ခဲ့ဘူး။ရန်သူဘက်ကတော့ ထိခိုက်မှုတွေရှိတယ် မျက်မြင်ပါပဲ”လို့ တောင်သာမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာ ဇန်နဝါရီ ၂၅ ရက်မှာ တောင်သာမြို့ပေါ်မှာလုပ်မယ့် ရွေးကောက်ပွဲကို လုံခြုံရေးယူမယ်လို့လည်း သိရပါတယ်။

၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်ကစပြီး အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကို မြို့နယ်အလိုက် အပိုင်းသုံးပိုင်းခွဲ ပြုလုပ်​ခဲ့ပြီး တော်လှန်ရေး အင်အားစုတွေက အတုအယောင်ရွေးကောက်ပွဲလို့ ကြေညာပြီး စစ်တပ်ရွေးကောက်ပွဲ လုပ်တဲ့ ဒေသတွေနဲ့ မြို့တွေကို တိုက်ခိုက်သိမ်းပိုက်တာရှိပါတယ်။

(တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ – တောင်သာ ပကဖ)

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။