Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမှာ မိုးများလို့ ပဲနှမ်းခင်း ဧကထောင်ချီပျက်စီး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မိုးရွာသွန်းမှုများလို့ ပဲတီစိမ်းနဲ့နှမ်းခင်းတွေ ဧကထောင်ချီ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေမြုပ်ခဲ့သော ပဲနှမ်းခင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - S&C

မေ ၃၀၊ ၂၀၂၅။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မိုးရွာသွန်းမှုများလို့ ပဲတီစိမ်းနဲ့နှမ်းခင်းတွေ ဧကထောင်ချီ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလတတိယပတ်ထဲကစပြီး ဒီကနေ့ (မေ၃၀ရက်)အထိ ရွာသွန်းနေတဲ့မိုးကြောင့် ဒီပဲယင်းမြို့နယ်က ပဲတီစိမ်းနဲ့ နှမ်းခင်းပေါင်း ထောင်ချီ ရေမြုပ်ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“တချို့ဆို ကောက်တောင်နေပြီ။ သီးနေပြီ။ နှစ်တိုင်းပဲဖြစ်နေတာ။ သီးလို့တချို့ဆို တခါကောက်ပြီးပြီ။ ကောက်ရမယ့်အချိန်မှာ အခုလိုဖြစ်သွားတာ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပဲတခင်း တစ်ဧက ကျပ် ၈သိန်းခန့်အရင်းရှိပြီး လေးဧကဆိုရင် သိန်း ၃၀ကျော် ရင်းပါက ကျပ်သိန်း ၂၀၀ခန့်အထိ ရနိုင်ကြောင်း၊ အခုတော့ ပျက်စီးဆုံးရှုံးမှုများလို့ တောင်သူတွေ စိတ်ညစ်နေရကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ထောက်ပံ့ကူညီရေးအဖွဲ့မှ ကိုစိုးမိုးအောင်က ပြောပါတယ်။

“ပျက်စီးတာက (ဒီပဲယင်း)တနယ်လုံးဆိုရင် ဧကပေါင်းထောင်ကြီးပိုင်းလောက်ရှိမယ်။”လို့ ကိုစိုးမိုးအောင်က ခန့်မှန်းပါတယ်။

၂၀၂၃ မေလအတွင်းက တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းတုန်းကလည်း အခုလိုပဲ ဒီပဲယင်းနယ်အပါအဝင် ဒေသခံအချို့မှာ သီးနှံတွေ ပျက်စီးခဲ့ဖူးပါတယ်။

ဒီပဲယင်းမြို့နယ်ဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း မကြာခဏခံနေရပြီး ပြီးခဲ့တဲ့ မေလ၁၂ရက်က အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းတည့်တည့်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂၂ ဦး နဲ့ဆရာမ ၂ဦး စုစုပေါင်း ၂၄ဦး သေဆုံးခဲ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကတော့ အားကောင်းတဲ့မုန်တိုင်းငယ်အရှိန်ကြောင့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ လျှပ်တပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းတွေကို အထူးသတိပြုသင့်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာလည်း နေရာစိပ်စိပ်မှ နေရာကျဲကျဲမိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မေလ(၂၉)ရက်က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စူပါ အယ်လ်နီညိုကြောင့် ၂၀၂၆ ဟာ မှတ်တမ်းတင်ဖူးသမျှ အပူဆုံး နှစ်တစ်နှစ် ဖြစ်လာလိမ့်မယ်လို့ မိုးလေဝသ ပညာရှင်တွေက သတိပေးခဲ့ပါတယ်။

သတင်း

အောက်တိုဘာ ၁၀ မှာ​ဒေသနှစ်ခုအပူချိန်စံချိန်သစ်တင်

ဆောင်းပါး

အောက်တိုဘာ ၈ ရက် နေ့လယ်ပိုင်းက ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာမှာ အညာနေ ပူလွန်းအိုက်လွန်းလို့ ဒေသခံတွေ ကိုယ့်အိမ်တင်ကို အရိပ်ခိုနေကြတယ်။ ရွာလယ်က အိမ်တစ်အိမ်မှာတော့ မိခင်ဖြစ်သူရယ်၊ သမီးနှစ်ယောက်ရယ်၊ အိမ်ထောင်ဦးစီးအမျိုးသားရဲ့ညီရယ် ရှိနေတယ်။ အိမ်ထောင်ဦးစီးကတော့ ကျွဲကျောင်းသွားနေသလို အသက် ၂၀ ဝန်းကျင် မောင်ထွန်း(အမည်လွှဲ)ဆိုတဲ့ သားလေးကလည်း...

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဒီကနေ့ လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရပြီး မသန်စွမ်း ၁ဦးအပါအဝင် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

Facebook