Connect with us

Hi, what are you looking for?

သတင်း

တောင်ကြီးမြို့အနီး ငလျင်လှုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အနီးဗဟိုပြု၍ ရစ်(ခ်)တာစကေး ၄ ဒဿမ ၄အဆင့်ရှိ ငလျင်တစ်ခု ယနေ့ (မေလ ၃၀ရက်) နေ့ခင်းပိုင်းက လှုပ်ရှားသွားသည်။

မေ ၃၀၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အနီးဗဟိုပြု၍ ရစ်(ခ်)တာစကေး ၄ ဒဿမ ၄အဆင့်ရှိ ငလျင်တစ်ခု ယနေ့ (မေလ ၃၀ရက်) နေ့ခင်းပိုင်းက လှုပ်ရှားသွားသည်။

တောင်ကြီးမြို့၏အရှေ့ဘက် ၁၃ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ရှားခြင်းဟု အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်သည်။

” ငလျင်က ဘေးတိုက်လှုပ်သလို ခံစားရတာ။ ထိတာ ခိုက်တာတော့ မကြားဘူး။ ဒီလတွေထဲ ရှမ်းဘက်မှာ မကြာခဏလှုပ်တယ်”ဟု တောင်ကြီးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၈ရက်က စစ်ကိုင်းမြို့ကို ဗဟိုပြု၍ လှုပ်ခဲ့သည့် ရစ်ခ်ျတာစကေး ၇ဒဿမ၇ အဆင့်ငလျင်လှုပ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံဒေသအနှံ့တွင် နောက်ဆက်တွဲငလျင်များ မကြာခဏလှုပ်ရှားနေသည်။ အဆိုပါငလျင်လှုပ်ရှားစဉ်က ရှမ်းပြည်နယ်တောင်ပိုင်း ‌အောင်ပန်း၊ကလော၊ အင်းလေးဒေသများတွင်လည်း ထိခိုက်ပျက်စီးမှုမှုများရှိခဲ့သည်။

ယင်းငလျင်၏နောက်ဆက်တွဲ ငလျင်ငယ်များဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန်MOHADM)က သတိပေးထားသည်။

အဆိုပါငလျင်သည် စစ်ကိုင်းပြတ်ရွေ့လှုပ်ရှားခြင်းဖြစ်ပြီး မတူညီသည့် ပြတ်ရွေ့မှ လှုပ်ရှားမှုအဖြစ် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးပင်လယ်ပြင်အတွင်း ရစ်ခ်တာစကေး ၅ဒဿမ၁ အဆင့်ရှိ ငလျင်တစ်ခု မေလ ၁၉ရက်ကလှုပ်ရှားသွားခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။