Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးတိုက်ပွဲ ခရီးရောက်နေပြီဖြစ်၍ ရန်သူများ၏ သွေးခွဲစကားနှင့် ညီညွတ်မှုထိခိုက်စေမည့်ပုဂ္ဂိုလ်များ သတိပြုကြရန် KA စစ်ဦးစီးချုပ် သတိပေး

တော်လှန်ရေးတိုက်ပွဲမှာ ခရီးရောက်နေပြီဖြစ်၍ ရန်သူများ၏ သွေးခွဲစကားများနှင့် အမျိုးသားညီ ညွတ်မှုကို ထိခိုက်စေမည့် ပုဂ္ဂိုလ်များအား သတိပြုကြရန် ကရင်နီပြည်တပ်မတော်(KA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က သတိပေးပြောကြားသည်။

ကရင်နီပြည်တပ်မတော်(KA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်အား တွေ့ရစဉ်။ ဓာတ်ပုံ - KNC

မေ ၃၁၊၂၀၂၅။ရဲခေါင်/People’s Spring

တော်လှန်ရေးတိုက်ပွဲမှာ ခရီးရောက်နေပြီဖြစ်၍ ရန်သူများ၏ သွေးခွဲစကားများနှင့် အမျိုးသားညီ ညွတ်မှုကို ထိခိုက်စေမည့် ပုဂ္ဂိုလ်များအား သတိပြုကြရန် ကရင်နီပြည်တပ်မတော်(KA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က သတိပေးပြောကြားသည်။

ယနေ့(မေလ ၃၁ ရက်)တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တည်ထောင်သည့်(၄)နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော ဗိုလ်မှူးချုပ်အောင်မြတ်၏ မိန့်ခွန်းတွင် အထက်ပါ ပြောစကားများကို ထည့်သွင်းဖော်ပြထားသည်။

၂၀၂၁ မေလ ၃၁ရက်မှ ၂၀၂၅ မေလ ၃၁ရက် လေးနှစ်တာခရီးအတွင်း အခက်အခဲများစွာစိန်ခေါ်မှုများနှင့် ရဲဘော်လူငယ်များ၏ အသက်သွေးချွေးများ၊ပြည်သူလူထု​၏ အိုးအိမ် မြေယာများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးမည်သည် ဆုံးရှုံးနစ်နာမှုများ၊ပေးဆပ်ရမှုများရှိသည်မှာ ဓမ္မတာပင်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်အောင်မြတ်က ဆိုသည်။

“မိမိတို့ ကရင်နီအမျိုးသားများနှင့်တကွ မြန်မာနိုင်ငံသူ၊ နိုင်ငံသား၊ တိုင်းရင်းသားများအားလုံးလွတ်မြောက်ရေးအတွက် ယနေ့တော်လှန်ရေးတိုက်ပွဲသည် ခရီးရောင်နေပြီဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်သည် လက်နက်ကိုင်တပ်ဖြစ်ပြီး ပြည်သူလူထု၏ အိုးအိမ်များ ကာကွယ်စောင့်ရှောက်ရေး၊ဥပ​နှေင့်အညီပြုမှုနေထိုင်ရေး၊ တပ်တွင်းစည်းလုံးညီညွတ်မှုနှင့် ပြည်သူ လူထုအားကိုးရသည့် တပ်တော်အဖွဲ့ဖြစ်ရေးအထူးလိုအပ်ကြောင်းလည်း ရဲဘော်များအား သတိပေးသည်။

ထို့အပြင် ရာထူးကို အလွဲသုံးစားမလုပ်ဘဲ လူထုနှင့်တစ်သားတည်းရပ်ကာ ပြည်တွင်းပြည်ပမှအထောက်အပံ့များကို အလွဲသုံးစားမလုပ်ရန်နှင့် တော်လှန်ရေး မလုပ်စားရန်လည်း ဗိုလ်ချုပ်အောင်မြတ်က ပြောသည်။

လက်ရှိ နိုင်ငံရေးအရွှေ့နှင့် တော်လှန်ရေးသမိုင်းအစဥ်အလာကိုလည်း သတိမမေ့ဘဲ ရန်သူများ၏ သွေးခွဲစကားများနှင့် အမျိုးသားညီညွတ်မှုကို ထိခိုက်စေမည့်ပုဂ္ဂိုလ်များကို သတိပြုရေး ၎င်းက တိုက်တွန်းသည်။

ရာထူးနှင့်တာဝန်ကိုခွဲခြားသိမြင်ပြီး ယုံကြည်ချက်၊ခံယူချက်၊ရည်မှန်းချက်များမပျောက်ပျက် သွားရေးနှင့် သမိုင်းအစဥ်အလာကြီးသည့် ကရင်နီအမျိုးသားများဂုဏ်ကို ဆက်လက်ထိန်းသိမ်းကာ အောင်မြင်မှုလမ်းဆီဆက်လက်ချီတက်ရန် မိန့်ခွန်းနိဂုံးချုပ်တွင် ဖော်ပြအသိပေးသည်။

မကြာသေးမီက ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၏ စစ်နည်းဗျူဟာအမှတ်စဥ် (၉) ထပ်မံတိုးချဲ့ထားသည်။တစ်ဗျူဟာလျှင် အနည်းဆုံးတပ်ရင်း သုံးခုမှ အများဆုံး ငါးခုအထိရှိသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလ ၃၁ရက်က စတင်ဖွဲ့စည်းခဲ့သော KNDF သည်လက်ရှိတွင် တပ်ရင်း ၃၅ရင်းအထိ ရှိနေသည်။

ယမန်နှစ်ကတည်းက KNDFထံတွင် တပ်ဖွဲ့ဝင် အင်အား ၁၀,၀၀၀ နှင့်အထက်ရှိကြောင်းလည်း KNDF စစ်ရေးချုပ် ခူးရီးဒူက ပြောထားသည်။

KNDF သည် ကရင်နီပူးပေါင်းတပ်များနှင့်အတူ ၂၀၂၃ ခုနှစ် နိုဝင်ဘာတွင် ၁၁၁၁ စစ်ဆင်ရေးဖြင့် မြို့သိမ်းတိုက်ပွဲများလုပ်ဆောင်ခဲ့ပြီး မြို့တော် လွိုင်ကော်ကိုသိမ်းနိုင်ရန် လက်တကမ်းအလိုထိ ရောက်ခဲ့ဖူးသည်။

ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ရှားတောမြို့နှင့် မော်ချီးဒေသတို့ကို အလုံးစုံသိမ်းပိုက်ထားပြီး ဒီးမော့ဆို၊ဖားဆောင်း၊ ဘောလခဲ ၊ဖရူဆိုနှင့် မိုးဗြဲ မြို့တို့ကို ထိန်းချုပ်ထားသည်။

လက်ရှိ မိုးဗြဲမြို့ကို စစ်ကောင်စီက ထိုးစစ်ဆင်နေ သည်မှာ ငါးလကျော်ကြာရှိနေပြီး တော်လှန်ရေး တပ်များနှင့်အတူ KNDFက ခုခံကာကွယ်နေဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။