Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုအတွက် ဗုံး၊ ကျည်၊ခဲယမ်း၊ လက်နက်ထုတ်လုပ်နေသည့် ကပစ စက်ရုံများ၏ စက်ရုံမှူးအမည်စာရင်း သုတေသနအဖွဲ့ ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ၏ မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ရာ၌ အသုံးပြုနေသည့် ဗုံး၊ ကျည်၊ခဲယမ်းများ ၊ လက်နက်များ ထုတ်လုပ်နေသည့်ကာကွယ်ရေးပစ္စည်း စက်ရုံ(ကပစ)များ၏ စက်ရုံမှူး အမည်စာရင်းများကို သုတေသနအဖွဲ့တခုဖြစ်သည့် တမာအင်စတီကျူ့က မေလ ၃၀ရက်တွင် ထုတ်ပြန်ခဲ့သည်။

မေ ၃၁၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီ၏ မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ရာ၌ အသုံးပြုနေသည့် ဗုံး၊ ကျည်၊ခဲယမ်းများ ၊ လက်နက်များ ထုတ်လုပ်နေသည့်ကာကွယ်ရေးပစ္စည်း စက်ရုံ(ကပစ)များ၏ စက်ရုံမှူး အမည်စာရင်းများကို သုတေသနအဖွဲ့တခုဖြစ်သည့် တမာအင်စတီကျူ့က မေလ ၃၀ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းလက်နက်ထုတ်လုပ်မှု၏ နောက်ကွယ်က အဓိကတာဝန်ရှိသူများကို မီးမောင်းထိုးပြထားသည့် “သေနတ်များနောက်ကွယ်မှသွေးစွန်းလက်များ၊ မြန်မာစစ်တပ် ၏ လက်နက်ထုတ်သူများ အားဖော်ထုတ်ခြင်း”အမည်ရှိ အစီရင်ခံစာတွင် မြန်မာစစ်တပ်၏ လက်နက်စက်ရုံများအားကွပ်ကဲသည့် အရာရှိကြီးများ၏ အမည်စာရင်းကို ဖော်ပြခဲ့ရာ စစ်အုပ်စု၏ ကပစစက်ရုံ ၂၅ရုံ၏ စက်ရုံမှူးများ ၏ အမည်ကို ဖော်ပြသည်။

စစ်အုပ်စုအတွက် လက်နက်ထုတ်လုပ်ရာတွင် အဓိက တာဝန်ယူနေသူများမှာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ ဒုတိယကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်များဖြစ်သည့် ဗိုလ်ချုပ်ကိုကိုလွင်နှင့် ဗိုလ်ချုပ် မျိုးအောင် နှင့် ကပစ စက်ရုံ ၂၅ခုမှ စက်ရုံမှူးများ၊ စစ်လက်နက်ထုတ်လုပ်ရေးတွင် ပါဝင်နေကြသည့် စစ်အင်ဂျင်နီယာကြီးများ ဖြစ်ကြပြီး ၎င်းတို့အား ပြည်တွင်း၊ ပြည်ပက ဒဏ်ခတ်ပိတ်ဆို့မှုနှင့် အမည်ပျက်စာရင်း ကြေညာရန် တမာအင်စတီကျု့က တောင်းဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) စက်ရုံမှူးများမှာ အမှတ် (၁)ကာကွယ်ရေးပစ္စည်းစက်ရုံ-ကပစ(၁)စက်ရုံမှူးဗိုလ်မှူးကြီးဇော်မျိုးမင်း၊ ကပစ(၂)စက်ရုံမှူးဗိုလ်မှူးကြီးလှသိန်း၊ ကပစ(၃)စက်ရုံမှူး ဗိုလ်မှူးကြီးမောင်စိုး၊ ကပစ(၄) စက်ရုံမှူး ဒုတိယဗိုလ်မှူးကြီးဇော်မင်းထွန်း၊ ကပစ(၅)စက်ရုံမှူး ဗိုလ်မှူးချုပ်ထွေးလှ၊ ကပစ(၆) စက်ရုံမှူးဗိုလ်မှူးကြီးတိုးလွင်၊ ကပစ(၇)စက်ရုံမှူး ဗိုလ်မှူးကြီးထွန်းထွန်းစိုး၊ ကပစ(၈)စက်ရုံမှူးဗိုလ်မှူးကြီးမင်းစိုး၊ ကပစ(၉)စက်ရုံမှူးဗိုလ်မှူးကြီးတင်မောင်ချို၊ ကပစ(၁၀)စက်ရုံမှူး ဗိုလ်မှူးကြီးရွှေမြတို့ ဖြစ်သည်။

ထို့အပြင် ကပစ(၁၁) စက်ရုံမှူးဗိုလ်မှူးကြီးမင်းမင်းဇော်၊ ကပစ(၁၂) စက်ရုံမှူး ဗိုလ်မှူးကြီးနိုင်အောင်၊ ကပစ(၁၃) စက်ရုံမှူး ဗိုလ်မှူးကြီးထွန်းထွန်းအေး၊ ကပစ(၁၄) စက်ရုံမှူး ဗိုလ်မှူးကြီးရဲဇော်ထွေး၊ ကပစ(၁၅) စက်ရုံမှူး ဗိုလ်မှူးကြီးဝင်းမြင့်မောင်၊ ကပစ(၁၆) စက်ရုံမှူး ဗိုလ်မှူးကြီးဇော်ထွန်းဦး၊ကပစ(၁၇) စက်ရုံမှူးဗိုလ်မှူးကြီးသိန်းလွင်၊ ကပစ(၁၈) စက်ရုံမှူး ဗိုလ်မှူးကြီးဇော်မျိုးနိုင်၊ ကပစ(၁၉) စက်ရုံမှူး ဒုတိယဗိုလ်မှူးကြီးအောင်ထွေး၊ ကပစ(၂၀) စက်ရုံမှူးဗိုလ်မှူးကြီးသက်ဝင်းအောင်၊ ကပစ(၂၁) စက်ရုံမှူး

ဗိုလ်မှူးကြီးညီညီလတ်၊ကပစ(၂၂) စက်ရုံမှူး ဒုတိယဗိုလ်မှူးမြတ်သူ၊ ကပစ(၂၃) စက်ရုံမှူးဗိုလ်မှူးကြီးတိုးလွင် ၊ ကပစ(၂၄) စက်ရုံမှူး ဗိုလ်မှူးကြီးအောင်ကိုကို နှင့် ကပစ(၂၅) စက်ရုံမှူး ဗိုလ်မှူးကြီးရန်အေး တို့၏ အမည်စာရင်းများ ကိုလည်း ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ယခု အစီရင်ခံစာတွင် ဖော်ထုတ်ထားသည့် ကကထုတ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် စက်ရုံမှူးများအား အမည် ပျက်စာရင်းသွင်းကြေညာရန် တမာအင်စတီကျူ့က တောင်းဆိုထားသည်။

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်)၏ အရာရှိချုပ်၊ ဒုတိယအရာရှိချုပ်နှစ်ဦးနှင့် ကာ ကွယ်ရေးပစ္စည်းထုတ်စက်ရုံ ၂၅ ရုံမှစက်ရုံမှူးများသည် မြန်မာစစ်တပ်က ၂၀၁၇ ခုနှစ်တွင် ကျူးလွန်ခဲ့သော ရိုဟင်ဂျာများအပေါ်လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ၂၀၂၁ခုနှစ် အာဏာသိမ်းကြိုးပမ်းမှုနောက် ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် မှုကြီးများ အပါအဝင် စစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများကို အားပေးကူညီနေဟု အစီရင်ခံစာ၌ ပါရှိသည်။

ယခင်က ထုံးစံအားဖြင့် စစ်လက်နက်ထုတ်လုပ်ရေးအတွက် အဓိကတာဝန်ယူခဲ့သော ကပစ စက်ရုံ များသည် ၂၀၂၁အာဏာသိမ်းကြိုးပမ်းမှု နောက်တွင် အခန်းကဏ္ဍများ ထပ်တိုး တာဝန်ယူခဲ့ကြကြောင်း၊ ခုခံတော်လှန်မှုများကို မြန်မာနိုင်ငံ နေရာအနှံ ရင်ဆိုင်လာရချိန် စစ်အုပ်စုသည် ကပစမှ စစ်သည်များကို ရှေ့တန်းစစ်မြေပြင်နှင့် နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးတိုတွင် အသုံးပြုလာပြီး၊ ၎င်းတို သည် အရပ်သားပြည်သူများအား ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် ကျေးရွာများအပေါ် လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းအပါအဝင် ဆိုးရွားသော ရာဇဝတ်မှုများကို ကျူးလွန်မှုများတွင် ပါဝင်ကြကြောင်း ဖော်ပြသည်။

ကပစစက်ရုံမှူးအချိုသည် စစ်တပ်၏ တပ်နယ်မှူးများအဖြစ် တာဝန်ယူကြပြီး သက်ဆိုင်ရာတပ်နယ် အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အပြည့်အဝ ထိန်းချုပ်ခွင့်အာဏာရရှိကြသည်ဟု ဆိုသည်။ထိုအပြင် စက်ရုံမှူးများလက်အောက်ရှိ ကပစအရာရှိကြီးအချိုသည် စစ်အုပ်စုဖိနှိပ်ရေးယန္တရား၏ အခြေခံအကျဆုံး ယူနစ်များဖြစ်ကြသည့် ခရိုင်နှင့် မြိုနယ်အုပ်ချုပ်ရေးကောင်စီ များတွင် အဖွဲဝင် (၁)အဖြစ်လည်း တာဝန်ယူကြသည်။

ထို့ကြောင့် ကပစစက်ရုံမှူးများနှင့် အရာရှိ ကြီးများသည် စစ်အုပ်စု၏ ရာဇဝတ်မှုများကို အထောက်အကူပြုသူများသာမက ရာဇဝတ်မှုများကို တိုက်ရိုက်ကျူးလွန်သူများလည်းဖြစ်ပြီး နှိပ်စက်ညှင်းပန်းမှုများ၊ သတ်ဖြတ်မှုများ၊ တရားမဲ့ဖမ်းဆီးမှုများနှင့် အတင်းအကျပ်စစ်သားစုဆောင်းများစသည့် ရာဇဝတ်မှုများအတွက် တာဝန်ယူရှိသူများလည်းဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုအတွက် လက်နက်ပံ့ပိုးပေးသူများအပြင် ရက်စက်ကြမ်းကြုတ်မှုများလည်း အားပေးကူညီသူများဖြစ်ဟု ဖော်ပြ

နိုင်ငံတကာ

အာဏာသိမ်း မြန်မာစစ်ကောင်စီ ဦးစားပေးသင့်တာဟာ ရွေးကောက်ပွဲ ကျင်းပဖို့ မဟုတ်ဘဲ ငြိမ်းချမ်းရေး ပြန်လည် ဖော်ဆောင်ဖို့ ဖြစ်တယ်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှား နိုင်ငံက သဘောထား မှတ်ချက် ပေးခဲ့ပါတယ်။