Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်များသက်ဆိုးမရှည်ရန် တော်လှန်ရေးတိုက်ပွဲအောင်မြင်အောင် ဆက်လက်တိုက်ပွဲဝင်ကြရန် KNDFဒုစစ်ဦးစီးချုပ်မာဝီ တိုက်တွန်း

စစ်အာဏာရှင်များ သက်ဆိုးမရှည်ရန် တော်လှန်ရေးတိုက်ပွဲကို အောင်မြင်အောင် ကျားကုပ်ကျားခဲ ဆက်လက်တိုက်ပွဲဝင်ကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဒုစစ်ဦးစီးချုပ်မာဝီက KNDF တည်ထောင်ခြင်း (၄)နှစ်ပြည့်တွင် သတင်းစကားပါး တိုက်တွန်းသည်။

KNDF ဒုစစ်ဦးစီးချုပ်မာဝီအား ရဲဘော်များနှင့် အတူ တွေ့ရစဉ်။ ဓာတ်ပုံ - KNDF

မေ ၃၁၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်အာဏာရှင်များ သက်ဆိုးမရှည်ရန် တော်လှန်ရေးတိုက်ပွဲကို အောင်မြင်အောင် ကျားကုပ်ကျားခဲ ဆက်လက်တိုက်ပွဲဝင်ကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဒုစစ်ဦးစီးချုပ်မာဝီက KNDF တည်ထောင်ခြင်း (၄)နှစ်ပြည့်တွင် သတင်းစကားပါး တိုက်တွန်းသည်။

အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော် လှန်ရန် ၂၀၂၁မေလ ၃၁ ရက်တွင် ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)ကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့မှာ အခက်အခဲပေါင်းများစွာ ဆက်လက်ပြီး ရင်ဆိုင်ကြဖို့လည်းရှိတယ်။သို့သော် စစ်အာဏာရှင်တွေ သက်ဆိုးရှည်နေသ၍ ကျွန်တော်တို့ပြည်သူ လူထုနဲ့ကျွန်တော်တို့ဟာ ဘယ်တော့မှ ကောင်းကောင်းမွန်မွန်ငြိမ်ငြိမ်ချမ်းချမ်း၊ချမ်းချမ်းသာသာ မနေရဘူးဆိုတဲ့အခြေအနေတစ်ခုကိုလည်း ကျွန်တော်တို့ နှလုံး သားထဲမှာ ၊ခေါင်းထဲမှာ အမြဲရှိဖို့လိုပါတယ်”ဟု မာဝီက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် တိုက်ပွဲကို အောင်မြင်အောင် ကျားကုပ်ကျားခဲ ဆက်လက်၍ တိုက်ပွဲဝင်သွားကြရန် ၎င်းက တိုက်တွန်းသည်။

“ကျွန်တော်တို့အားလုံး တက်ညီ၊လက်ညီနဲ့ ကြိုးစားသွားမယ်ဆိုရင်တော့ မကြာခင် အောင်မြင်မှုပန်းတိုင်ကို ကျွန်တော်တို့ရောက်တော့မှာဖြစ်ပါတယ်”ဟု KNDF ဒုစစ်ဦးစီးချုပ်က ၎င်း၏ခံယူချက်ကို ရှင်းပြသည်။

ထို့အပြင် တော်လှန်ရေးခရီးတွင်ကြံ့ကြံ့ခံတောင့်ခံပြီး ဗုံးဒဏ်၊လေယာဥ်ဗုံးဒဏ်များနှင့် လက်နက်ကြီးဒဏ်များမှ ကြံ့ကြံ့ခံပေးကာ ဆင်းရဲဒဏ်အတွင်းမှ ထောက်ပံ့ပေးနေသည့် ပြည်သူလူထုတစ်ရပ်လုံးကို ကျေးဇူးမှတ်တမ်းတင်ပြီးဂုဏ်ပြုကြောင်းလည်း မာဝီက ဆိုသည်။

“လူထုသာမရှိရင် ကျွန်တော်တို့ ဒီနေ့ဒီအချိန်မှာ ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး။အဲဒါကြောင့်မလို့ လူထုကိုလည်း ဒီကနေ့လေးနှစ်ပြည့်မှာ အထူးတလည်ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်”ဟု ၎င်းက ပြောသည်။

အပင်ပန်းခံ၊အနစ်နာခံ၊အဆင်းရဲခံ၊အခက်အခဲမျိုးစုံကို ကြံ့ကြံ့ခံပြီး လေးနှစ်တာခရီး အတူလျှောက်လှမ်းလာသော ရဲဘော်၊ရဲဘက်၊ညီအကို၊ညီအမအားလုံးကိုလည်း အသိအမှတ်ပြုလေးစားကြောင်း ၎င်းက ဆက်ပြောသည်။

“သိပ်မကြာခင်ကာလတွေမှာ ရောက်ရှိလာတော့မယ့်ကာလတွေမှာ ကျွန်တော်တို့ဟာလက်ထဲမှာ Gun တွေကိုင်ထားတာမဟုတ်ဘဲနဲ့ ပန်းတွေကိုင်ထားပြီးတော့ ကျွန်တော်တို့တိုင်းပြည်သစ်တစ်ခု၊လူမှုအသိုင်းဝိုင်းသစ်တစ်ခုမှာကျွန်တော်တို့ပြန်ဆုံကြမယ်”ဟု KNDF ဒုစစ်ဦးစီးချုပ်က သတင်းစကားပါးသည်။

အာဏာသိမ်းစစ်တပ် တော်လှန်ရာတွင် အား ကောင်းသည့် KNDFအပါအဝင် ကရင်နီတပ် ပေါင်းစုကြောင့် ကရင်နီပြည်နယ်တွင် စစ် ကောင်စီ၏ တပ်မ(၆၆) ပြုတ်ခဲ့ရပြီး တပ်မမှူးများ အပြောင်းအလဲရှိခဲ့သည်။

ထို့အပြင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ)မှ တပ်ရင်းများအပါအဝင် တပ်မ (၅၅)၊(၆၆၊ ၇၇၊ ၉၉)နှင့် (၂၂)စသည့် တပ်မများစွာကို ကရင်နီတိုက်ပွဲများသို့ စစ်ကောင်စီက အားဖြည့်ခဲ့ရသည်။

စစ်ကောင်စီ၏ လေယာဥ်သုံးစီးကိုပါ ပစ်ချထားနိုင်ပြီး ​တိုက်လေယာဥ်မှူး ​ဗိုလ်မှူးခိုင်သန့်မိုးကိုပါ လက်ရဖမ်းမိခဲ့သည်။KNDFတွင် ဗျူဟာ ၉ခုနှင့် တပ်ရင်း ၃၅ခုအထိရှိလာပြီး တပ်ဖွဲ့ဝင်အင်အား တစ်သောင်းထက်မနည်းရှိကြောင်း သိရသည်။

လေးနှစ်ပြည့် KNDFအတွက် AA၊TNLAနှင့် MNDAA ညီနောင်မဟာမိတ်သုံးဖွဲ့ အပါအဝင် စစ်အာဏာရှင်ကိုတော်လှန်နေသည့်အဖွဲ့အစည်းများက ဂုဏ်ပြုသဝဏ်လွှာများပေးပို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

Facebook