Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ငလျင်ဒဏ်သင့် အဆောက်အအုံပြိုကျလို့ အလုပ်သမားတစ်ဦး သေဆုံး

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ငလျင်ဒဏ်သင့် အဆောက်အအုံ ပြိုကျလို့ အလုပ်သမားတစ်ဦးသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြိုကျခဲ့သော အဆောက်အအုံအား တွေ့ရစဥ်။ဓာတ်ပုံ-Than Htay Facebook

မေ၃၁၊ ၂၀၂၅။ မေရီ၊ ရှိန်း/People’s Spring

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ငလျင်ဒဏ်သင့် အဆောက်အအုံ ပြိုကျလို့ အလုပ်သမားတစ်ဦးသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မေလ ၃၁ရက် ညနေပိုင်းက မန္တလေးမြို့၊ ၂၆ လမ်း၊ လမ်း ၆၀အနီးက ငလျင်ထိသွားတဲ့တိုက်ဖြိုချခဲ့ရာမှာ အလုပ်သမားတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သွားရောက်ကယ်ဆယ်ခဲ့သူတွေက ပြောပါတယ်။

“လူနဲ့ဖြိုတာ။ ဖြိုတဲ့သူတွေပါ ပိမိတာ။”လို့ ရပ်ကွက်ခံ တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားမြို့ခံတစ်ဦးကလည်း “အဲဒီတိုက်က တော်တော်ထိထားတာ။ဖြတ်သွားရင် အထဲမှာ ပြင်နေတာ တွေနေရတယ်။မိုးကရွာ လေကပြင်းနဲ့ ပြိုကျတာထင်တယ်”လို့ ပြောပါတယ်။

အမျိုးသားနှစ်ဦး ပိမိပြီး တစ်ဦးကို ပွန်းပဲ့ဒဏ်ရာနဲ့ ကယ်ဆယ်နိုင်ခဲ့ပေမယ့် နောက်တစ်ဦးကို သေဆုံးလျှက်သာထုတ်ယူနိုင်ခဲ့တယ်လို့ သီရိမာလာ အရှေ့ရပ်ကွက်မီးသတ်ဌာနကလည်း ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့မှာ ငလျင်ထိ အဆောက်အအုံတွေကို စက်ယန္တရားနဲ့အပြင် ယန္တရားလိုအပ်ချက်အရရော၊ ငွေကြေးအရရော မတက်နိုင်လို့ နေ့စားအလုပ်သမားတွေငှားရမ်းပြီး ဖြိုနေတာတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့က မေလ ၃၀ရက်နေ့ကလည်း မန္တလေးမြို့၊ ၂၆ လမ်း၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြားက ဖြိုလက်စတိုက် ပြိုကျလို့ အလုပ်သမားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

မန္တလေးမြို့မှာ စစ်ကိုင်းငလျင်ကြီးကြောင့် အဆောက်အအုံ အပြိုအပျက် လေးထောင်ဝန်းကျင်ရှိပြီး ကိုယ်ထူကိုယ်ထနဲ့ ရှင်းလင်းနေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။