Connect with us

Hi, what are you looking for?

သတင်း

အိန္ဒ်ိယရောက် မြန်မာစစ်ရှောင်များ ရေဘေးကြုံ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင်အတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များရှိသော ကျေးရွာနှစ်ရွာ၌ မိုးသည်းထန်စွာရွာသွန်း၍ စစ်ရှောင်နေအိမ် ၁၄၀ နီးပါး ရေနစ်မြုပ်နေပြီး အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု ပလက်၀လူသားချင်းစာနာကူညီရေးဌာနက သတင်းထုတ်ပြန်သည်။

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း မိုးများရေကြီး၍ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Paletwa IDPs

ဇွန် ၁၊၂၀၂၅။အိမ်သွင်/People’s Spring

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင်အတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များရှိသော ကျေးရွာနှစ်ရွာ၌ မိုးသည်းထန်စွာရွာသွန်း၍ စစ်ရှောင်နေအိမ် ၁၄၀ နီးပါး ရေနစ်မြုပ်နေပြီး အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု ပလက်၀လူသားချင်းစာနာကူညီရေးဌာနက သတင်းထုတ်ပြန်သည်။

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ပလက်ဝမြို့နယ်မှစစ်ဘေးရှောင်များရှိသော ကျေးရွာနှစ်ရွာ၌ မိုးသည်းထန်စွာရွာခဲ့၍ စစ်ရှောင်နေအိမ်၁၄၀ နီးပါး ရေနစ်မြုပ်နေပြီး အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု ပလက်၀ လူသားချင်းစာနာကူညီရေးဌာနက ထုတ်ပြန်သည်။

လောင်တလိုင်ခရိုင်ရှိ တွီဒင်းရွာနှင့် ကာကီကျေးရွာတွင် ရေကြီးနေခြင်းဖြစ်ပြီး နေအိမ် ၁၃၆လုံး ရေနစ်မြုပ်နေသည်ဟု ပလက်၀လူသားချင်းစာနာကူညီရေးဌာန- Paletwa IDPs and Humanitarian Supporting အဖွဲ့က မေလ ၃၁ရက်တွင် ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

” ယခင်ကတည်းက စားနပ်ရိက္ခာအခက်အခဲရှိနေတာပါ။အခုက တစ်နယ်လုံးအတိုင်းအတာနဲ့ ရေကြီးနေတာဖြစ်ပြီး စစ်ရှောင်စခန်းတွေလည်းပျက်စီးသွားပါတယ်” ဟု လောင်တလိုင်ခရိုင်မှ ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

တွီဒင်းကျေးရွာနှင့် ကာကီကျေးရွာတွင် မေလ ၃၁ရက် ၁နာရီခန့်ကစ၍ ရေဘေးစတင်ကြုံတွေ့ပြီး မြစ်ကမ်းဘေးနားတွင်ရှိသည့် စစ်ဘေးရှောင်များ၏ နေအိမ်များ ရေနစ်မြုပ်ပျက်စီးခြင်းဟု ပြောသည်။

နေအိမ်ပျက်စီးသွားသည့် စစ်ဘေးရှောင်များသည် တွီဒင်းကျေးရွာအတွင်းရှိ နီးစပ်ရာနေအိမ်များနှင့် ကျေးရွာအတွင်းခန်းမနေရာများ အရေးပေါ် ပြောင်းရွှေ့နေထိုင်နေရသည်ဟု ပလက်၀လူသားချင်းစာနာကူညီရေးဌာနက ထုတ်ပြန်ထားသည်။

လောင်တလိုင်ခရိုင်မှ ပလက်ဝဒေသခံစစ်ဘေးရှောင်များသည် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတိုက်ပွဲများအပြင် ယင်းမတိုင်မီက ဒေသတွင်းတိုက်ပွဲများကြောင့် စစ်ရှောင်နေကြရသူများဖြစ်သည်။

မေလ ၂၉ရက်က ဘင်္ဂလားဒေ့ရှ်ကို ဝင်သွားသော မုန်တိုင်းသည် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် မြန်မာ-အိန္ဒိယနယ်စပ်အနီးအထိ ဖြတ်နေပြီး မေလ ၂၄ရက်မှစ၍ မိုးကောင်းနေခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်အပြင် မဏိပူရ်ပြည်နယ်၌လည်း မိုးကောင်းနေသည်။ ထို့အပြင် နာဂဒေသ၌လည်း ရေဘေးကြုံတွေ့နေပြီး ဒေသတွင်းလမ်းများပျက်စီးနေကြောင်း သတင်းရရှိသည်။

ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း ဆက်ရှိနေသေးသည်။ချင်းပြည်နယ်၊ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့တွင် မိုးဆက်ရွာနိုင်ပြီး လျှပ်တပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းများကို အထူးသတိပြုသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတ်ိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်