Connect with us

Hi, what are you looking for?

သတင်း

အိန္ဒ်ိယရောက် မြန်မာစစ်ရှောင်များ ရေဘေးကြုံ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင်အတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များရှိသော ကျေးရွာနှစ်ရွာ၌ မိုးသည်းထန်စွာရွာသွန်း၍ စစ်ရှောင်နေအိမ် ၁၄၀ နီးပါး ရေနစ်မြုပ်နေပြီး အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု ပလက်၀လူသားချင်းစာနာကူညီရေးဌာနက သတင်းထုတ်ပြန်သည်။

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း မိုးများရေကြီး၍ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Paletwa IDPs

ဇွန် ၁၊၂၀၂၅။အိမ်သွင်/People’s Spring

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင်အတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များရှိသော ကျေးရွာနှစ်ရွာ၌ မိုးသည်းထန်စွာရွာသွန်း၍ စစ်ရှောင်နေအိမ် ၁၄၀ နီးပါး ရေနစ်မြုပ်နေပြီး အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု ပလက်၀လူသားချင်းစာနာကူညီရေးဌာနက သတင်းထုတ်ပြန်သည်။

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ပလက်ဝမြို့နယ်မှစစ်ဘေးရှောင်များရှိသော ကျေးရွာနှစ်ရွာ၌ မိုးသည်းထန်စွာရွာခဲ့၍ စစ်ရှောင်နေအိမ်၁၄၀ နီးပါး ရေနစ်မြုပ်နေပြီး အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု ပလက်၀ လူသားချင်းစာနာကူညီရေးဌာနက ထုတ်ပြန်သည်။

လောင်တလိုင်ခရိုင်ရှိ တွီဒင်းရွာနှင့် ကာကီကျေးရွာတွင် ရေကြီးနေခြင်းဖြစ်ပြီး နေအိမ် ၁၃၆လုံး ရေနစ်မြုပ်နေသည်ဟု ပလက်၀လူသားချင်းစာနာကူညီရေးဌာန- Paletwa IDPs and Humanitarian Supporting အဖွဲ့က မေလ ၃၁ရက်တွင် ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

” ယခင်ကတည်းက စားနပ်ရိက္ခာအခက်အခဲရှိနေတာပါ။အခုက တစ်နယ်လုံးအတိုင်းအတာနဲ့ ရေကြီးနေတာဖြစ်ပြီး စစ်ရှောင်စခန်းတွေလည်းပျက်စီးသွားပါတယ်” ဟု လောင်တလိုင်ခရိုင်မှ ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

တွီဒင်းကျေးရွာနှင့် ကာကီကျေးရွာတွင် မေလ ၃၁ရက် ၁နာရီခန့်ကစ၍ ရေဘေးစတင်ကြုံတွေ့ပြီး မြစ်ကမ်းဘေးနားတွင်ရှိသည့် စစ်ဘေးရှောင်များ၏ နေအိမ်များ ရေနစ်မြုပ်ပျက်စီးခြင်းဟု ပြောသည်။

နေအိမ်ပျက်စီးသွားသည့် စစ်ဘေးရှောင်များသည် တွီဒင်းကျေးရွာအတွင်းရှိ နီးစပ်ရာနေအိမ်များနှင့် ကျေးရွာအတွင်းခန်းမနေရာများ အရေးပေါ် ပြောင်းရွှေ့နေထိုင်နေရသည်ဟု ပလက်၀လူသားချင်းစာနာကူညီရေးဌာနက ထုတ်ပြန်ထားသည်။

လောင်တလိုင်ခရိုင်မှ ပလက်ဝဒေသခံစစ်ဘေးရှောင်များသည် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတိုက်ပွဲများအပြင် ယင်းမတိုင်မီက ဒေသတွင်းတိုက်ပွဲများကြောင့် စစ်ရှောင်နေကြရသူများဖြစ်သည်။

မေလ ၂၉ရက်က ဘင်္ဂလားဒေ့ရှ်ကို ဝင်သွားသော မုန်တိုင်းသည် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် မြန်မာ-အိန္ဒိယနယ်စပ်အနီးအထိ ဖြတ်နေပြီး မေလ ၂၄ရက်မှစ၍ မိုးကောင်းနေခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်အပြင် မဏိပူရ်ပြည်နယ်၌လည်း မိုးကောင်းနေသည်။ ထို့အပြင် နာဂဒေသ၌လည်း ရေဘေးကြုံတွေ့နေပြီး ဒေသတွင်းလမ်းများပျက်စီးနေကြောင်း သတင်းရရှိသည်။

ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း ဆက်ရှိနေသေးသည်။ချင်းပြည်နယ်၊ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့တွင် မိုးဆက်ရွာနိုင်ပြီး လျှပ်တပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းများကို အထူးသတိပြုသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတ်ိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ စစ်ရှောင် စခန်းတခုပေါ် တောင်ပြိုကျလို့ ကလေးငယ်တွေအပါအဝင် စစ်ရှောင်ပြည်သူ ၁၀ဦးသေဆုံးခဲ့ရတယ်လို့ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)က ဒီကနေ့(စက်တင်ဘာ ၂၆ရက်) ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့၍စစ်ဘေးရှောင်မိသားစုဝင်ငါးဦး ဒဏ်ရာရခဲ့ပြီး အသက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှလောက်ကိုင်မြို့အပါအဝင်ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ဒေသအချို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှတာချီလိတ်မြို့တွင် မိုးကြီးပြီးနောက် ရေးဘေးတကျော့ပြန်ရင်ဆိုင်နေရသည်။

သတင်း

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်အတွင်း မြို့နယ် ၈မြို့နယ်ရေဘေးကြုံတွေ့ခဲ့ပြီး လူဦးရေလေးသောင်းကျော် ဘေးသင့်ကာ ၂၁ဦးခန့် သေဆုံးခဲ့သည်ဟု အာရက္ခတပ်တော် (AA)၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး (HDCO)က သတင်းထုတ်ပြန်သည်။