Connect with us

Hi, what are you looking for?

သတင်း

ဖူးခက်မှာမြန်မာစက်လှေနစ်မြုပ်အပြီး သန္တာကျောက်တန်းတွေ ထိခိုက်နိုင်ခြေကို စစ်ဆေးနေ

မြန်မာနိုင်ငံက စက်လှေတစ်စီးနစ်မြုပ်ခဲ့မှု ဖြစ်စဉ်အပြီး ထိုင်းနိုင်ငံ၊ ဖူးခက် ကမ်းလွန်ပင်လယ်ပြင်မှာ သန္တာကျောက်တန်းတွေ ထိခိုက်မှုအခြေအနေကို တာဝန်ရှိသူတွေကစစ်ဆေးနေတယ်လို့သိပါတယ်။

MV Ayar Linn စက်​လှေ မနစ်မြှပ်မီ​တွေ့ရစဥ်။ ဓါတ်ပုံ-Thai Maritime Enforcement Commander Centre Region 3

ဇွန်-၃၊၂၀၂၅။People’s Spring

မြန်မာနိုင်ငံက စက်လှေတစ်စီးနစ်မြုပ်ခဲ့မှု ဖြစ်စဉ်အပြီး ထိုင်းနိုင်ငံ၊ ဖူးခက် ကမ်းလွန်ပင်လယ်ပြင်မှာ သန္တာကျောက်တန်းတွေ ထိခိုက်မှုအခြေအနေကို တာဝန်ရှိသူတွေကစစ်ဆေးနေတယ်လို့သိပါတယ်။

ဖူးခက်ဟာ သာယာလှပတဲ့ ကမ်းခြေတွေကြောင့် ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ အထူးထင်ရှားတဲ့ အပန်းဖြေကျွန်း တစ်ခုဖြစ်ပါတယ်။ ဖူးခက်မှာ မူကိုဆူရင် သဘာဝ ဥယျာဉ်ဇုန်အဖြစ် သတ်မှတ်ထားတဲ့ရေပြင်မှာမြန်မာနိုင်ငံကကုန်တင်စက်လှေတစ်စီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နစ်မြုပ်ခဲ့ပါတယ်။စက်​လှေနစ်မြှပ်ပြီးတဲ့နောက် သန္တာကျောက်တန်းတွေနဲ့ ဂေဟစနစ် ထိခိုက်နိုင်ခြေကို သဘာဝ ဥယျာဉ်ဇုန်နဲ့ ရေတပ်က စေလွှတ်တဲ့ ရေငုပ်သမားတွေ ပူးပေါင်းပြီး စစ်ဆေးနေတာလို့ ဆိုပါတယ်။

အဲဒီ စုံစမ်းစစ်ဆေးမှုတွေကိုထိုင်းရေကြောင်း ကွပ်ကဲရေးစင်တာက ကြီးမှူးနေတာ ဖြစ်ပါတယ်။ MV Ayar Linn စက်လှေဟာ လူသုံးကုန် ပစ္စည်းတွေကို တင်ဆောင်ပြီး မြန်မာနိုင်ငံဖက် ဦးတည် ထွက်ခွာလာချိန် ဇွန်လ ၁ ရက်နေ့က နစ်မြုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရနောင်း ဆိပ်ကမ်းကနေ စတင်ထွက်ခွာလာခဲ့တဲ့ စက်လှေပေါ်မှာ လူသုံးကုန်ပစ္စည်းတွေ အပြည့်တင်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဝန်ထမ်း၇ဦးလိုက်ပါလာပြီးတန်ချိန် ၁၀၀ အလေးချိန်ရှိတဲ့ ရေယာဉ်ဟာ ကိုယ်ထည်မှ ရေစိမ့်ဝင်နေကြောင်း သတိပြုမိတဲ့နောက် ရေယာဉ်မှူး အောင်ငွေစိုးဟာအနီးဆုံးကမ်းရိုးတန်း တစ်ခုဆီမဖြစ်မနေ လမ်းကြောင်းပြောင်း ဦးတည် ခုတ်မောင်းခဲ့ရပါတယ်။

နောက်တော့ စက်လှေဟာ မူကိုဆူရင်မှာရှိတဲ့ဂျက်ခ်ဘေးဧရိယာနားမှာသောင်တင်သွားပြီး အဲဒီကနေတဆင့်ပင်လယ်ထဲနစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။ စက်လှေ နစ်မြုပ်တဲ့ နေရာတဝိုက်မှာတော့ တင်ဆောင်လာတဲ့ ကုန်စည်တွေ ပေါလော မျောပါနေခဲ့တယ်လို့ ဆိုပါတယ်။

စက်လှေပေါ် ပါလာတဲ့ကုန်ပစ္စည်းတွေထဲမှာ ဒီဇယ်ဆီ ၇၇၀၀ လီတာလည်းပါဝင်ပေမယ့်အခုထိတော့ ပင်လယ်ထဲ ယိုစိမ့်တဲ့ လက္ခဏာ မတွေ့ရသေးဘူးလို့ ရေငုပ်သမားတွေက ပြောပါတယ်။

ဒါပေမဲ့စက်လှေကပင်လယ်ကြမ်းပြင်မှာနစ်မြုပ်နေရာကနေ ပတ်ဝန်းကျင် သန္တာကျောက်တန်းတွေကို သက်ရောက် ထိခိုက်လာနိုင်တာကို သဘာဝ ဥယျာဉ်ဇုန် တာဝန်ရှိသူတွေက အထူးတလည် စိတ်ပူနေကြောင်း သိရပါတယ်။

ကိုးကား- Bangkok Post

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံကနေ သယ်ဆောင်လာတယ်ဆိုတဲ့ စိတ်ကြွဆေး တန်တစ်ဝက်လောက်ကို ထိုင်းနိုင်ငံရဲ့ ဖူးခက်ကျွန်း ကမ်းလွန်ရေပြင်မှာ ကျောက်ချထားတဲ့ စက်လှေတစ်စီးပေါ်မှာ ဖမ်းဆီး ရမိခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့က ယာယီ ထိန်းသိမ်းရေး အကျဉ်းခန်း တစ်ခုမှာ မြန်မာ အမျိုးသမီးတစ်ဦးက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း သိရပါတယ်။

သတင်း

ဖူးခက်ကျွန်းမှာ သောင်တင်ရာက နောက်ဆက်တွဲ နစ်မြုပ်သွားတဲ့ မြန်မာ စက်လှေကြောင့် ရေအောက် သန္တာကျောက်တန်းတွေနဲ့ ဂေဟစနစ် ထိခိုက်ခဲ့မှုအတွက် ဘတ် ၁၂ သန်းထက်မနည်း နစ်နာကြေး တောင်းဆိုဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာနစ်မြုပ်ခဲ့တဲ့မြန်မာကုန်တင်စက်လှေကြောင့် သန္တာကျောက်တန်းတွေ ထိခိုက်ပျက်စီးမှုအတွက် နစ်နာကြေး တောင်းခံဖို့ စီစဉ်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။