Connect with us

Hi, what are you looking for?

သတင်း

လုံးခင်းတွင်ကျောက်စိမ်းကုမ္ပဏီတခု၏ကားနှင့် ဘတ်ဟိုး​ပေါင်း ၃ စီးအား စစ်ကောင်စီ မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊လုံးခင်းဒေသ ကျောက်စိမ်းလုပ်ကွက်ရှိ ကုမ္ပဏီ တခုအတွင်းရှိ ကား ၂ စီးနှင့် ဘတ်ဟိုး ၁စီးတို့အား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ဟု ကချင်သတင်းရင်းမြစ်တဦးက ပြောပြသည်။

ဓါတ်ပုံ- ငရဲ

ဇွန်-၃၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊လုံးခင်းဒေသ ကျောက်စိမ်းလုပ်ကွက်ရှိ ကုမ္ပဏီ တခုအတွင်းရှိ ကား ၂ စီးနှင့် ဘတ်ဟိုး ၁စီးတို့အား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ဟု ကချင်သတင်းရင်းမြစ်တဦးက ပြောပြသည်။

ဇွန်လ ၃ရက်မနက်ပိုင်းတွင်လုံးခင်း မှော်စာ လုပ်ကွက် တနေရာအား စစ်ကောင်စီ က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ယခုကဲ့သို့ မီးရှို့နေခြင်းဖြစ်ကြောင်း ပြောသည်။မီးရှိုဖျက်ဆီးရသည့်အ​ကြောင်းအရင်းနှင့် အ​ခြေအ​နေအ​သေးစိပ်ကို ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။

“လုံးခင်းအောင်ရာဘက်ထပ်ရှို့နေတယ်၊ ၁၁ ခွဲကျော်။အောင်ရာမှော်ပေါ့ “ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/607773441695584

စစ်ကောင်စီနှင့်ပြည်သူ့စစ်များသည်မေလ၃၁ရက်ကလည်း ဖားကန့် မှော်စီစာရှိ တစ်သုံးလုံး ကုမ္ပဏီ ဝန်းအတွင်း ဝင်ရောက်ပြီး အဆောက်အဦးများကို မီးရှို့ဖျက်ဆီးခဲ့သည်။

“အဓိက ငွေညစ်ချင်ကြတာပေါ့။ကုမ္ပဏီတွေမှာလည်း ကားလိုင်စင်မဲ့တွေ့ အများကြီးသုံးနေကြတာလေ ။မှော်တိုင်းနီးပါးပါပဲ။ကုမ္ပဏီပေါင်း ရာချီရှိတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

ဖားကန့်ဒေသကိုပြန်လည်ထိန်းချုပ်နိုင်ရေးကြိုးပမ်းနေသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်း စစ်ကြောင်းသည် မေလ ၂၇ရက်ညပိုင်းတွင် လုံးခင်းဒေသ သို့ ဝင်ရောက်ခဲ့ရာ မေလ ၂၈ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်က ပြည်သူလူထုကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်း ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ရာ ဒေသခံ ပြည်သူ ၅ဦးထက်မနည်း သေဆုံးခဲ့သည်ဟု စစ်ရေး သတင်းရင်းမြစ်တို့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။