Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နှင့်PNO ပြည်သူ့စစ်အင်အားအများအပြားဖြင့်စစ်​ကြောင်းထိုး၍ ရွာနှစ်ရွာမှ ​တော်လှန်​ရေးအဖွဲ့များဆုတ်​ပေးရ

ရှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် ၊ဘုရားတောင်‌ နှင့် ရေပူကျေးရွာတို့ကို စစ်ကောင်စီတပ်နှင့် PNO/PNA ပြည်သူ့စစ် အင်အား တစ်ထောင်ခန့်ဖြင့် စစ်ကြောင်းထိုးလာ၍ ကာကွယ်ရေးတပ်များ ဆုတ်ခွာပေးလိုက်ရသည်။

ဇွန်-၃၊People’s Spring ရဲခေါင်/People’s Spring

ရှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် ၊ဘုရားတောင်‌ နှင့် ရေပူကျေးရွာတို့ကို စစ်ကောင်စီတပ်နှင့် PNO/PNA ပြည်သူ့စစ် အင်အား တစ်ထောင်ခန့်ဖြင့် စစ်ကြောင်းထိုးလာ၍ ကာကွယ်ရေးတပ်များ ဆုတ်ခွာပေးလိုက်ရသည်။

ညောင်ရွှေမြို့နယ်၏တောင်ဘက်ခြမ်းတွင်ရှိသည့် ဘုရားတောင် နှင့်ရေပူကျေးရွာတို့ကို ဇွန်လ ၂ ရက် နေ့ နံနက်ပိုင်းက စစ်ကောင်စီနှင့် PNO တို့က စစ်ကြောင်း ထိုးလာခြင်းဖြစ်သည်။

ထိုစစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အင် အားခြင်းမမျှ၍ ရေပူကျေးရွာမှ ညနေပိုင်းတွင်အထိအခိုက်မရှိဆုတ်ခွာခဲ့ကြောင်းအမှတ်(၁၀၀၉)တပ် ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့် PNA တပ်သားများသည်ရေပူနှင့် ဘုရားတောင်ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီးနောက် ရေပူကျေးရွာမြောက်ဘက်ခြမ်း နှင့် ဘုရားတောင်ကျေးရွာရှိ နေအိမ်များကို မီးရှို့ခဲ့ကြောင်းဖော်ပြသည်။

“စစ်ရေးအရသူနိုင်ကိုယ်နိုင်ကသဘာဝကျပါတယ်။ဒါပေမယ့် ပြည်သူ့အိမ်မီးရှို့တာက ကျွန်

တော်တို့ ရှို့တယ်လို့ ပြည်သူတွေကို လိမ်ပြောချင်ရုံသက်သက်ပဲ။သူတို့ထင်သလို ပြည်သူတွေက မအ ပါဘူး” IPDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအင်သွေးနီက ပြောသည်။

စစ်ကောင်စီတပ်နှင့် PNA တပ်တို့ငပြည်သူ့​နေအိမ်မီးရှို့​သောလုပ်ရပ်များကိုပြင်းထန်စွာရှုံ့ချကြောင်းလည်း ၎င်းက ဆိုသည်။

ညောင်ရွှေမြို့နယ်၊ဘုရားတောင်ကျေးရွာမှ နေအိမ်များကို PDF များကမီးရှို့ဖျက်ဆီး၍ ဆုတ်ခွာထွက် ပြေးကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများမှတဆင့် စွပ်စွဲထားသည်။

“မနှစ်က ဒီဇင်ဘာလကတည်းကရေပူဘက်ကို PNO ကတိုက်ပွဲဖော်လာတယ်။အဲဒီကာလကနေ တောက် လျှောက်စစ်ထိုးလိုက်ပြန်ဆုတ်လိုက်လုပ်တာ ငါးကြိမ်ထက်မနည်းဘူး။PNO ဘက်က သေတာတွေ ဖမ်းမိတာတွေလည်း မနည်းဘူး။အခုက အင်အားတော်တော်သုံးပြီးတက်လာလို့ဆုတ်လိုက်ရတာလို့ကြားတယ်” ဟု ရှမ်းတောင် စစ်​ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ရှင်းပြသည်။

တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့်အင်းလေးဒေသ အောက်ဘက်ခြမ်းကို ပြန်လည်ထိန်းချုပ်လို့သည့်စစ်ကောင်စီအတွက် PNO ပြည် သူ့စစ်က အသုံးချခံနေခြင်းဟု၎င်းအမြင်ကို ဆက်ပြောသည်။

ရေပူကျေးရွာအနီးတစ်ဝိုက် ယခင် တိုက်ပွဲမှတ်တမ်းများအရ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF အမှတ် ၁၀၀၉တပ်ရင်း၊ ပျားစစ်ကြောင်း ၊ ဖယ်ခုံမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း-၂ PK- PDF-2 အမှတ် ၁၀၀၆ တပ်ရင်းနှင့်အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ တို့သည် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့ကိုခုခံဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်၊ အင်းလေးဒေသကို စစ်တပ်လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ရယူမယ့်လျှို့ဝှက်စာ ထွက်ပေါ်လာပါတယ်။

သတင်း

ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ် ကဒူးကြီးကျေးရာအုပ်စုက ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဖြစ်တဲ့ PNOက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ထွက်ဆိုတဲ့ ရုပ်သံကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီ လက်အောက်ခံ PNOပြည်သူ့စစ်က နောင်ထော်ကယန်းပိုင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် ရုပ်သံမှတ်တမ်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ယနေ့ ဩဂုတ် ၁၇ရက် ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီနှင့်လက်အောက်ခံ PNOပြည်သူ့စစ်မှ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်တိုက်ခိုက်နေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်သည်။