Connect with us

Hi, what are you looking for?

သတင်း

သေဘောဘိုး တပ်စခန်းကို ၃ နှစ်အကြာမှာ KNU ထပ်မံသိမ်းယူ

စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ခုခံတိုက်ခိုက်ပေ မယ့် ဒီနေ့ (ဇွန်လ ၃ရက် )ညနေပိုင်း ၃ နာရီ မှာ ထိုင်း- မြန်မာ နယ်စပ်မျဉ်းအနီးရှိ သေဘောဘိုး တပ်စခန်းကို သိမ်းယူလိုက်ပြီလို့ KNU ရဲ့ ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌ ပဒိုစောဖားတရာ က အတည်ပြုပါတယ်။

ဓာတ်ပုံ - Google Earth

ဇွန် – ၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ခုခံတိုက်ခိုက်ပေ မယ့် ဒီနေ့ (ဇွန်လ ၃ရက် )ညနေပိုင်း ၃ နာရီ မှာ ထိုင်း- မြန်မာ နယ်စပ်မျဉ်းအနီးရှိ သေဘောဘိုး တပ်စခန်းကို သိမ်းယူလိုက်ပြီလို့ KNU ရဲ့ ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌ ပဒိုစောဖားတရာ က အတည်ပြုပါတယ်။

“(​သေ​ဘောဘိုးစခန်း) ရပြီ” လို့ ပဒို​စောဖားတရာ​ က ပြောပါတယ်။

စခန်းသိမ်းပြီးနောက် စစ်သုံ့ပန်း ၊ လက်နက်ခဲယမ်းရရှိမှု အခြေအနေကိုအသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

KNU ရဲ့ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ပုံအရ သေဘောဘိုး တပ်စခန်းတည်ရှိတဲ့ ဝေါ်လေမြို့ဟာ ဒူပလာယာခရိုင် ၊ ကော့ကရိတ်မြို့နယ်ထဲမှာ ပါဝင်တယ်လို့သိရပါတယ်။

မြဝတီ – ဝေါ်လေလမ်းပိုင်းမှာအရေးပါတဲ့ သေဘောဘိုး တပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်က ဒရုန်းတွေ​၊ လက်နက်ကြီးတွေသုံးပြီး ပြီးခဲ့တဲ့ မေလ တတိယပတ်ကစတင်တိုက်ခိုက်ခဲ့တာပါ။

သေဘောဘိုး တပ်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလမှာ KNU နဲ့ ပူးပေါင်းတပ်က တိုက်ယူဖူးပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်က နယ်စပ်ခြေကုပ်စခန်းကိုလက်လွှတ်မခံလိုတာကြောင့်အလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်ရာမှာ KNU က ပြန်လည်လက်လွှတ်ပေးခဲ့ရတာပါ။

အခုတော့ ၃ နှစ်အကြာမှာ KNU က ထပ်မံတိုက်ယူတာလည်းဖြစ်ပါတယ်။

KNU ဟာ ထိုင်း – မြန်မာ နယ်စပ်တလျှာက်မှာရှိတဲ့ တပ်မဟာ (၇) စစ်ရေးလှုပ်ရှားရာ နယ်မြေထဲက စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကိုတိုက် ခိုက် သိမ်းယူပြီးနောက် တပ်မဟာ ( ၆) ဘက်က နယ်စပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်လာတာတွေ့ရပါတယ်။

KNU တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာနယ်မြေ မြဝတီမြို့ တောင်ဘက်ခြမ်း ၊ဝေါ်လေဒေသမှာ ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေထဲက ဘလက်ဒို ၊ ကနဲလေး ၊ ဝါးမီထ၊ ဘုရင့်နောင် ၊ မော်ခီးတပ်စခန်းနဲ့ သေဘောဘိုး တပ်စခန်းတွေကို KNU က ဆက်တိုက်ဆိုသလို သိမ်းယူခဲ့တာပါ။

ဝေါ်လေမှာ လက်ရှိတော့အရေးကြီးတဲ့ တပ်စခန်းတွေအဖြစ် ဝေါ်လေဗျုဟာ နဲ့ ဥကရစ်ထ တို့သာ ကျန်တော့တယ်လို့သိရပါတယ်။

ဥကရစ်ထ ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ကရင့်တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပေမယ့် စခန်းမရခဲ့ပါဘူး။

စစ်ကောင်စီတပ်ဘက်ကတော့ ထိုင်းနယ်စပ်တလျှောက်မှာ တပ်စွဲထားတဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး သတင်းအမှောင်ချထားပါတယ်။

မြန်မာဘက်က တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ကလည်းနယ်စပ်တလျောက် တပ်ဖြန့်ထားပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေရတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားကြပါတယ်။

ဒီနေ့ သေဘောဘိုးတိုက်ပွဲ ဖြစ်ပွားနေချိန် ထိုင်းနယ်စပ်နားဆီ ချဉ်းကပ်လာတဲ့ မြန်မာစစ်လေယာဉ်ကို ဟန့်တားဖို့ ထိုင်းလေတပ်က အမေရိကန် လုပ် F -16 ဂျက်တိုက်လေယာဉ်ကို စေလွှတ်ခဲ့ရတယ်လို့ Thai PBS သတင်းဌာနက ရေးသားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။