Connect with us

Hi, what are you looking for?

သတင်း

အဖမ်းခံရတဲ့ မူးယစ်သမားလွတ်အောင် ဗိုလ်ကြီးကို ပြောပေးမယ်ဆိုပြီး သိန်း ၆၀ ကျော်​လိမ်ယူသွားတဲ့အုပ်ကြီး အဖမ်းခံရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ အဖမ်းခံရတဲ့ မူးယစ်သမား ပြန်လွှတ်ဖို့ ဗိုလ်ကြီးကို ပြောပေးမယ်ဆိုပြီး သိန်း ၆၀ ကျော်ယူသွားတဲ့ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးတဦးကို စစ်တပ်က ပြန်ဖမ်းကြောင်း မြို့ခံတွေက ပြောပါတယ်။

ဇွန်-၄၊၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ အဖမ်းခံရတဲ့ မူးယစ်သမား ပြန်လွှတ်ဖို့ ဗိုလ်ကြီးကို ပြောပေးမယ်ဆိုပြီး သိန်း ၆၀ ကျော်ယူသွားတဲ့ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးတဦးကို စစ်တပ်က ပြန်ဖမ်းကြောင်း မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းက ဝမ်းတွင်းမြို့နယ်၊ သဲတောရပ်မှာ မူးယစ်ဆေးသမားတဦး အဖမ်းဆီးခံခဲ့ရပါတယ်။အဲဒီမူးယစ်​ဆေးသမား ပြန်လွတ်ဖို့အတွက် ဗိုလ်ကြီးကိုပြောပေးမယ်ဆိုပြီး သဲတောအမှတ်၁၊ ကံဦးရပ်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်ညွှန့်ဆိုသူက မူးယစ်သမား မိသားစုဆီကနေ ၆၅ သိန်း တောင်းယူသွားတယ်လို့ Voice Of Wundwin အဖွဲ့က ပြောပါတယ်။

ပိုက်ဆံယူသွားပေမဲ့ လူလွတ်မလာလို့ ကာယကံရှင်တွေက ဝမ်းတွင်း​အထွေအထွေအုပ်ချုပ်ရေးမှူးကို သွားတိုင်ခဲ့တာကြောင့် ပိုက်ဆံယူသွားတဲ့ အုပ်ချုပ်ရေးမှူး ကျော်ညွှန့်ကို စစ်တပ်က မေလ နောက်ဆုံးပတ်က လာဖမ်းသွားတယ်လို့ အထက်ပါအဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကျော်ညွှန့်ကတော်တော်ဆိုးတာ။ ညဆိုသူတို့ရပ်ကွပ်ထဲကလမ်းမမှာ စခတွေနဲ့ အတူတူလမ်းသွားလမ်းလာလူငယ်တွေကိုချောဆွဲတာ။”လို့ Voice Of Wundwin အဖွဲ့က ဆိုပါတယ်။

အုပ်ကြီး ကျော်ညွှန့်ကို ဝမ်းတွင်းထွေအုပ်ရုံးထဲမှာ ထိပ်တုံးခတ်ထားတယ်လို့လည်း မြင်တွေ့ခဲ့တဲ့မြို့ခံအချို့က ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ(၁၅)ရက်နေ့ကလည်း မိတ္ထီလာမြို့အဝင် တိုးဂိတ်မှာ ပျူခေါင်းဆောင် ဇော်ယုထွန်းကို စစ်တပ်က လာရောက်ဖမ်းဆီးသွားခဲ့ပါသေးတယ်။

ဝမ်းတွင်းမြို့နယ်ဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူငယ်အများအပြား မကြာခဏ ဖမ်းဆီးခံနေရပြီး ငလျင်ဘေးဒဏ်ကြောင့်လည်း ထိခိုက်သေဆုံးမှုနဲ့ နေအိမ် ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ဘုန်းကြီးကျောင်းအပါအဝင် တရက်တည်း ၂နေရာဓားပြတိုက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးမြို့က မြို့နယ်အချို့မှာ စစ်ကောင်စီရဲ့အောက်ခြေ ရပ်ကျေး အုပ်ချုပ်ရေးမှုး တွေက ပျုစောထီးတွေနဲ့ ပေါင်းပြီး ငွေညှစ်တာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို သွားရောက်ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ Black Tiger အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်မှုထမ်းဖို့ လူစုပေးနေတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook