Connect with us

Hi, what are you looking for?

သတင်း

ကြို့ပင်ကောက်မြို့နယ်တွင်ပေါ်တာဆွဲရန်လာသည့်စစ်​ကြောင်းကို PDF များနှစ်ရက်ဆက်တိုက်ခိုက်

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်တွင် ကျေးရွာများသို့ စစ်မှုထမ်းကိစ္စပေါ်တာဆွဲရန်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်များက နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ကြောင်း Yoma GBK PDF တပ်ခွဲမှူးက ပြောသည်။

Yoma GBK PDF မှ ရဲဘော်အချို့အား ရှေ့တန်းတစ်နေရာတွင်တွေ့ရစဥ်။ဓာတ်ပုံ - Yoma GBK PDF

ဇွန်-၅၊၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်တွင် ကျေးရွာများသို့ စစ်မှုထမ်းကိစ္စပေါ်တာဆွဲရန်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်များက နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ကြောင်း Yoma GBK PDF တပ်ခွဲမှူးက ပြောသည်။

ကြို့ပင်ကောက်နယ်၊ပိတောက်မြိုင်ရွာသို့ဝင်ရောက်ပေါ်တာဆွဲနေသည့် အင်အား ၈၀ ခန့်ပါ စစ်ကောင်စီတပ်ကို ဇွန်လ ၁ ရက်နေ့နံနက် ၈ နာရီခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင်အဆိုပါစစ်ကြောင်းသည် ဇွန်လ ၂ ရက်နေ့နေ့လယ် ၂ နာရီခန့်တွင် ဘော်ပင်ဆည်ဘက်သို့ ထပ်မံစစ်ကြောင်းထိုးရာ ရေလွှတ်မြောင်းဘောင်ပေါ်၌ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်မှ ခြောက်ဦးသေ ဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရသွားကြောင်း Yoma GBK PDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

“ပျူစောထီးနဲ့စကစအင်းအား၈၀ခန့်ကပိတောက်မြိုင်ရွာကို ဝင်ရောက်ပေါ်တာဆွဲ မီးရှို့မယ်ကြားလို့ ကျွန်တော်တို့ကို့ အသင့်ပြင်ဆင်ပြီး စောင့်ကြိုမိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာဗျ”ဟု စစ်ရေးတိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး Yoma GBK PDF တပ်ခွဲမှူးက လူထုနွေဦးသို့ ပြောသည်။

ရေလွှတ်မြောင်းဘေင်ပေါ်၌ မိုင်းဆွဲရာတွင်စစ်ကောင်စီတပ်စစ်ကြောင်း၏ရှေ့ပွိုင့်မှအင်အားရှစ်ဦးဖြင့်လာစဥ် မိုင်းခွဲခဲ့ခြင်းဖြစ်ရာ ခြောက်ဦးနေရာတင်လဲကျသေဆုံး၍ တစ်ဦးပြန်ထန်ဒဏ်ရာရသွားခြင်းဟု၎င်းကဆက်ပြောသည်။

ထို့ကြောင့် စစ်ကောင်စီတပ်စစ်ကြောင်းသည် သေဆုံးနှင့် ဒဏ်ရာရသူများကို အရေးပေါ်သယ်ထုတ်ကာ ဇီးကုန်းမြို့နယ်ဘက်ခြမ်းရှိ ဘော်ဘင်ရွာသို့ တပ်ပြန်ဆုတ်သွားပြီး ယနေ့(ဇွန်လ ၄ ရက်) တပ်အင်အားထပ်မံဖြည့်တင်းကာ ကျေးရွာများသို့ စစ်
ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။

အထက်ပါစစ်ရေးတိုက်ခိုက်မှုကို Yoma GBK PDF ၊ BTZM GBK PDF၊ Dragon Brother တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း ၊ ပုဂံမြို့သစ်တောင်ပိုင်းရှိ စေတနာကြီးဘုရားအနီးမှာ ခရီးသွားကားကိုတားပြီး ပြန်ပေးဆွဲမှုဒီဇင်ဘာလ ၁၉ ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနိုင်ရန် ကင်းပတ်လာသည့် ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ၁ဦးသေဆုံးခဲ့ကြောင်း သာယာ၀တီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄)-မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကောင်စီ ရဲ ၊စစ်သားနဲ့ ပျူစောထီးအဖွဲ့တွေက စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖြတ်သွားတဲ့ကားတွေထံက ဆက်ကြေးကောက်ခံနေတဲ့ ရုပ်သံဖိုင်တစ်ခု ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ပြန့်နှံ့လာပါတယ်။

သတင်း

သေနတ် ၁၀ လက်၊ ဂျန်ဘာ၊ ဒရုန်းဖြတ်စက်နှင့် ခဲယမ်းများ PDF များသိမ်းဆည်းရရှိ